Friday, May 2, 2014

“ TNLA ပြန်ကြားရေးတာဝန်ခံ ပြောကြားချက်များ မှန်ကန်မှု မရှိဟု တပ်မတော် အရာရှိကြီးတစ်ဦးမှ ငြင်းဆို ”


ယနေ့ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အဖြစ် ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်း ခဲ့သည်မှာ သုံးနှစ်နီးပါး ရောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတော်အဖြစ် အသွင်ပြောင်းလဲ လာသော်လည်း အဓိက အဟန့်အတားဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ပုံဖော်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးကို ရရှိဖို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို မလွဲမသွေ လုပ်ဆောင်ရမှာ ဖြစ်သလို အဲဒီအပစ်အခတ်ရပ်စဲရေးမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံး ပါဝင်ဖို့လည်း လိုအပ်ပါတယ်။ သို့မှသာ ထာဝရငြိမ်းချမ်းရေးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ အခုလို ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေစဉ် ကာလအတွင်းမှာ TNLAအနေဖြင့် တပ်မတော်မှ စတင် ကျူးကျော် တိုက်ခိုက်နေကြောင်း ၊ ပြည်သူလူထုအပေါ် ဆက်ကြေးများ ကောက်ခံနေကြောင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်း နေကြောင်း၊ အပြစ်မဲ့ ဒေသခံ ပြည်သူများ၏ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း၊ တိုက်ပွဲ ဖြစ်ပွားတိုင်း တပ်မတော် ဘက်မှ အကျအရှုံးများကြောင်း လုပ်ကြံသတင်းများ ရေး သားဖော်ပြပြီး တပ်မတော်ကဘဲ တိုင်းရင်းသာ လက်နက်ကိုင်များအပေါ် မတရားပြု လုပ်နေခြင်းဖြစ်ကြောင်း စွပ်စွဲ လုပ်ကြံရေးသားပြီး ငြိမ်းချမ်းရေးကို တကယ် မလိုချင်သယောင် အများအထင်အမြင်လွဲမှားစေရန် လုပ်ကြံ ၀ါဒဖြန့် ရေးသားဖော်ပြနေတယ်လို့ နေပြည်တော်တွင် လက်ရှိတာဝန် ထမ်းဆောင်နေသူ တပ်မတော် အရာရှိကြီးတစ်ဦးမှ ပြော ကြား သွားပါတယ်။သို့သော် TNLA ပြန်ကြားရေး တာဝန်ခံအနေဖြင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနဲ့ တည်ငြိမ် အေးချမ်းရေးကို ထိခိုက်စေတဲ့ အထင်အမြင် လွဲမှားအောင် ရေးသားမှု၊ ပြောဆိုမှုများ ပြုလုပ်လာတာကို စဉ်ဆက် မပြတ် တွေ့မြင် နေရပါတယ်။ TNLAရဲ့ ဒီလုပ်ရပ်ဟာ ထာဝရငြိမ်းချမ်းရေးကို အဟန့်အတားတစ်ခု ဖြစ်စေပါတယ်။ TNLA အနေဖြင့် မိမိ ကိုယ်ကျိုး စီးပွားအတွက် နိုင်ငံတော်ရဲ့ ရှေ့ရေးကို လျစ်လျူရှုတဲ့ လုပ်ရပ်တွေကို လုပ်နေခြင်းသာ ဖြစ်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီရမယ့် အစား အခုလို လုပ်ရပ်တွေ ပြုလုပ်နေခြင်းဟာ ငြိမ်းချမ်းရေး ကို အမှန်တကယ် ရယူလိုစိတ် မရှိဘူးဆိုတာ တွေ့မြင်ရပါတယ်။

“တကယ်တော့ ကျနော်တို့ တပ်မတော်သားတွေအနေနဲ့ ကိုယ့်တိုင်းရင်းသား အချင်းချင်း စစ်တိုက်နေရတဲ့ ကိစ္စမျိုးကို မလိုလားပါဘူး။ ကျနော်တို့ တပ်တွေရောက်ခဲ့ဖူးတဲ့ ဒေသတွေ၊ ရွာတွေက ရွာသားတွေကို မေးကြည့်လို့ ရပါတယ်။ တပ်မတော်အနေနဲ့ ရောက်တဲ့နေရာမှာ ပြည်သူလူထုကို အကူအညီပေးခဲ့တာပဲ ရှိပါတယ်။ လက်တွေ့ဖြစ်နေတာနဲ့ ရေးသားနေ တာတွေဟာ ဆန့်ကျင်ဘက်တွေ ဖြစ်နေပါတယ်။ မီဒီယာ လွတ်လပ်ခွင့်ပေး ထားတိုင်း ရေးချင်သလို ရေးနေကြတာပါ။ သတင်းမှန်တစ်ခုမှ မပါဘဲ လုပ်ကြံသတင်းတွေကို ရေးနေတာ ဟာ ပြည်သူလူထုနဲ့ တပ်မတော် ကို သွေးခွဲနေခြင်း သာဖြစ်ပြီး ငြိမ်းချမ်းရေး အတွက် တစ်ဖက် တစ်လမ်းကနေ ပါဝင်ကူညီရမယ့်အစား အနှောက်အယှက်ပေးရာ ရောက်နေပါတယ် ”လို့ ၄င်းအရာရှိမှ ဆက်လက်ပြောကြားသွားပါသည်။

Photo: “ TNLA ပြန်ကြားရေးတာဝန်ခံ ပြောကြားချက်များ မှန်ကန်မှု မရှိဟု တပ်မတော် အရာရှိကြီးတစ်ဦးမှ ငြင်းဆို ”

2.5.2014

ယနေ့ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အဖြစ် ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်း ခဲ့သည်မှာ သုံးနှစ်နီးပါး ရောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတော်အဖြစ် အသွင်ပြောင်းလဲ လာသော်လည်း အဓိက အဟန့်အတားဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ပုံဖော်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးကို ရရှိဖို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို မလွဲမသွေ လုပ်ဆောင်ရမှာ ဖြစ်သလို အဲဒီအပစ်အခတ်ရပ်စဲရေးမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံး ပါဝင်ဖို့လည်း လိုအပ်ပါတယ်။ သို့မှသာ ထာဝရငြိမ်းချမ်းရေးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

အခုလို ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေစဉ် ကာလအတွင်းမှာ TNLAအနေဖြင့် တပ်မတော်မှ စတင် ကျူးကျော် တိုက်ခိုက်နေကြောင်း ၊ ပြည်သူလူထုအပေါ် ဆက်ကြေးများ ကောက်ခံနေကြောင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်း နေကြောင်း၊ အပြစ်မဲ့ ဒေသခံ ပြည်သူများ၏ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း၊ တိုက်ပွဲ ဖြစ်ပွားတိုင်း တပ်မတော် ဘက်မှ အကျအရှုံးများကြောင်း လုပ်ကြံသတင်းများ ရေး သားဖော်ပြပြီး တပ်မတော်ကဘဲ တိုင်းရင်းသာ လက်နက်ကိုင်များအပေါ် မတရားပြု လုပ်နေခြင်းဖြစ်ကြောင်း စွပ်စွဲ လုပ်ကြံရေးသားပြီး ငြိမ်းချမ်းရေးကို တကယ် မလိုချင်သယောင် အများအထင်အမြင်လွဲမှားစေရန် လုပ်ကြံ ၀ါဒဖြန့် ရေးသားဖော်ပြနေတယ်လို့  နေပြည်တော်တွင် လက်ရှိတာဝန် ထမ်းဆောင်နေသူ တပ်မတော် အရာရှိကြီးတစ်ဦးမှ ပြော ကြား သွားပါတယ်။

သို့သော် TNLA ပြန်ကြားရေး တာဝန်ခံအနေဖြင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနဲ့ တည်ငြိမ် အေးချမ်းရေးကို ထိခိုက်စေတဲ့ အထင်အမြင် လွဲမှားအောင် ရေးသားမှု၊ ပြောဆိုမှုများ ပြုလုပ်လာတာကို စဉ်ဆက် မပြတ် တွေ့မြင် နေရပါတယ်။ TNLAရဲ့ ဒီလုပ်ရပ်ဟာ ထာဝရငြိမ်းချမ်းရေးကို အဟန့်အတားတစ်ခု ဖြစ်စေပါတယ်။ TNLA အနေဖြင့် မိမိ ကိုယ်ကျိုး စီးပွားအတွက် နိုင်ငံတော်ရဲ့ ရှေ့ရေးကို လျစ်လျူရှုတဲ့ လုပ်ရပ်တွေကို လုပ်နေခြင်းသာ ဖြစ်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီရမယ့် အစား အခုလို လုပ်ရပ်တွေ ပြုလုပ်နေခြင်းဟာ ငြိမ်းချမ်းရေး ကို အမှန်တကယ် ရယူလိုစိတ် မရှိဘူးဆိုတာ တွေ့မြင်ရပါတယ်။

“တကယ်တော့ ကျနော်တို့ တပ်မတော်သားတွေအနေနဲ့ ကိုယ့်တိုင်းရင်းသား အချင်းချင်း စစ်တိုက်နေရတဲ့ ကိစ္စမျိုးကို မလိုလားပါဘူး။ ကျနော်တို့ တပ်တွေရောက်ခဲ့ဖူးတဲ့ ဒေသတွေ၊ ရွာတွေက ရွာသားတွေကို မေးကြည့်လို့ ရပါတယ်။ တပ်မတော်အနေနဲ့ ရောက်တဲ့နေရာမှာ ပြည်သူလူထုကို အကူအညီပေးခဲ့တာပဲ ရှိပါတယ်။ လက်တွေ့ဖြစ်နေတာနဲ့ ရေးသားနေ တာတွေဟာ ဆန့်ကျင်ဘက်တွေ ဖြစ်နေပါတယ်။ မီဒီယာ လွတ်လပ်ခွင့်ပေး ထားတိုင်း ရေးချင်သလို ရေးနေကြတာပါ။ သတင်းမှန်တစ်ခုမှ မပါဘဲ လုပ်ကြံသတင်းတွေကို ရေးနေတာ ဟာ ပြည်သူလူထုနဲ့ တပ်မတော် ကို သွေးခွဲနေခြင်း သာဖြစ်ပြီး ငြိမ်းချမ်းရေး အတွက် တစ်ဖက် တစ်လမ်းကနေ ပါဝင်ကူညီရမယ့်အစား အနှောက်အယှက်ပေးရာ ရောက်နေပါတယ် ”လို့ ၄င်းအရာရှိမှ ဆက်လက်ပြောကြားသွားပါသည်။

Credit #ရဲထွန်း Credit #ရဲထွန်း

No comments:

Post a Comment