Saturday, May 24, 2014

ယူနီဆက်ဖ် (Unicef) က တစ်လလျှင် ဒေါ်လာ ၈၇,၀၀၀ နှင့် ငှားရမ်း ထားသည့် ၎င်း၏ ရုံးခန်းကိစ္စနှင့် စပ်လျဉ်း၍ ငွေကြေးအရ အကျိုးအရှိဆုံး နေရာကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ကြေညာချက် ထပ်မံထုတ်ပြန်

ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (Unicef) က တစ်လလျှင် ဒေါ်လာ ၈၇,၀၀၀ နှင့် ငှားရမ်း ထား သည့် ၎င်း၏ရုံးခန်းကိစ္စနှင့် စပ်လျဉ်း၍ ကြာသပတေးနေ့က ယူနီဆက်ဖ် ၀က်ဘ်ဆိုက်တွင် ကြေညာချက် ထပ်မံထုတ်ပြန်ခဲ့ရာတွင် ငွေကြေးအရ အကျိုးအရှိဆုံး နေရာကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ပြော ဆိုခဲ့သည်။
ယူနီဆက်ဖ်က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် လူဦးရေတိုးတက်လာမှု၏ စိန်ခေါ်ချက်အဖြစ် လူနေမှု စရိတ် များလည်း မြင့်တက်လာခဲ့ပြီး ကုလသမဂ္ဂအဖွဲ့အစည်းများ အပါအ၀င် အကူအညီပေးရေး အဖွဲ့များ အနေဖြင့် လုပ်ငန်းလုပ်ဆောင်ရန်အတွက် မြင့်မားသော ကုန်ကျစရိတ်များနှင့် ရင်ဆိုင်လာခဲ့ရကြောင်း ထုတ်ပြန် ခဲ့သည်။ ထိုအထဲ တွင် ယူနီဆက်ဖ်၏ ငှားရမ်းနှုန်းထားသည်လည်း နှစ်ဆနီးပါးထိ တက်လာခဲ့ပြီး လူဦးရေ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိအောင် လုပ်ဆောင်ရန် ခက်ခဲလာခဲ့ကြောင်း ရေးသားခဲ့သည်။

"ပွင့်ငံပွင့်လင်းလာပြီးနောက် နိုင်ငံခြား စီးပွားရေးလုပ်ငန်းတွေဟာ အခွင့်အရေးသစ် တွေကို ရယူနိုင်ဖို့ အတွက် နိုင် ငံ တွင်း ၀င် ရောက်လာခဲ့ကြပြီး နေထိုင်မှုလိုအပ်ချက်ကို ရုတ်တရက်မြင့်တက်လာစေခဲ့ ပါတယ်။ ယူနီ ဆက်ဖ်အနေနဲ့ ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းမှာ ထရိတ်ဒါးဟိုတယ် ရုံးခန်းနေရာကနေ ဖယ် ရှားဖို့အတွက် ခရီးသွားဝန်ကြီးဌာနနဲ့ ထရိတ်ဒါးဟိုတယ်ပိုင်ရှင်ထံမှ သတိပေးစာကို ၂၀၁၂ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ ထရိတ်ဒါး ဟိုတယ်မှာ ငှားရမ်းခစရိတ်က တစ်စတုရန်း ပေကို တစ်ဒေါ်လာနှုန်းနဲ့ စုစုပေါင်း ၀န် ထမ်း ၁၃၀ အတွက် တစ်လကို ဒေါ်လာ ၄၅၀၀၀ လောက်ကျပါတယ်" ဟု ယူနီဆက်ဖ်က ၎င်း၏ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ရုံးခန်းငှားရမ်းရန်အတွက် ယူနီဆက်ဖ် အဖွဲ့အနေဖြင့် ရန်ကုန်မြို့ရှိ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းပဲတန်း၊ ရန်ကင်း၊ က မာရွတ်၊ လှိုင်၊ မြေနီကုန်း၊ ဗဟန်းမြို့နယ် များအပါအ၀င် နေရာပေါင်း ၄၀ ကို ရှာဖွေခဲ့ ပြီး ကုန်ကျမည့်ငွေကြေးအရ အကျိုးရှိဆုံး နေရာကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ကြေ ညာချက်တွင် ရုံးခန်းငှားရမ်းဈေးကြီးမြင့်ရ ခြင်းနှင့်ပတ်သက်၍ ကာကွယ်ပြောဆိုခဲ့သည်။

"ဗဟန်းမြို့နယ်၊ အင်းလျားမြိုင်လမ်းမှာ ရှိတဲ့ ယခုလက်ရှိရုံးခန်းသည် ငှားရမ်းခအ ဖြစ် တစ်စတုရန်းပေ ကို ဒေါ်လာ ၂ ဒသမ ၉၀ ပေးရပါတယ်။ ပိုင်ရှင်ထံမှ စတုန်ရန်းပေ ၃၀၀၀ ကျယ်ဝန်းသော အဆောက်အအုံ တစ်ခု ကို ငှားရမ်းခပေးစရာမလိုဘဲ အသုံးပြုခွင့်ရရှိ ပြီး စုစုပေါင်း စတုရန်းပေ ၃၃၀၀၀ အတွက် တစ်လလျှင် ငှားရမ်းခ ဒေါ်လာ ၈၇၀၀၀ ပေးချေရပါတယ်။ ယခုဈေးနှုန်းဖြင့် စာချုပ် ချုပ်ဆိုထားခြင်းသည် ခုနစ်နှစ်စာအတွက် တစ်သမတ်တည်းဖြစ်ပြီး ခက်ခဲသော ဈေးကွက်တွင် ယှဉ်ပြိုင်မှုများသောဈေးနှုန်းဖြစ်ပါ တယ်" ဟု ယူနီဆက်ဖ်က ၎င်းင်း၏ထုတ် ပြန်ချက်တွင် ထည့်သွင်းထုတ်ပြန်ခဲ့သည်။

အခြားနိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့်လည်း ၎င်းင်းတို့၏လုပ်ငန်းများ မရပ် တန့်စေရေးအတွက် တစ်စတုရန်းပေလျှင် ဒေါ်လာ ၂ ဒသမ ၉ ထက်ပိုသည့် ဈေးနှုန်းဖြင့် ငှားရမ်းနေရသည်ဟု ယူနီဆက်ဖ်က ထုတ် ပြန်ချက်တွင် ထည့်သွင်းပြောဆိုခဲ့သော်လည်း မည်သည့် အဖွဲ့အစည်းများက ဈေးနှုန်းကြီး မြင့် စွာပေးချေနေရ သနည်း ဆိုသည့်အချက်ကိုမူ အတိအကျမဖော်ပြခဲ့ပေ။

ယူနီဆက်ဖ်အနေဖြင့် နိုင်ငံတကာမှ ပိတ် ဆို့အရေးယူမှုပြုလုပ်ထားသောသူအား ငှား ရမ်းခပေးချေနေရ သည် ဆိုသည့် သတင်းနှင့် ပတ်သက်၍ ဖြေရှင်းရာတွင် အဆောက်အအုံ ပိုင်ရှင်နှင့် မိသားစုဝင် များအတွင်း နိုင်ငံတ ကာ ပိတ်ဆို့အရေးယူမှုခံထားရသူမရှိကြောင်း  ထုတ်ပြန်ခဲ့သည်။

"သူမရဲ့ မိသားစုဝင်တစ်ဦးဟာ အရင် စစ်အစိုးရခေါင်းဆောင်ပိုင်းတွေထဲက တစ် ယောက်ဖြစ်တယ်လို့ စွပ်စွဲ မှုတွေရှိနေပေမယ့် အဆိုပါအရာရှိဟာ အစိုးရရုံးမှ ထွက်ပြီးဖြစ် တဲ့အပြင် ရာဇ၀တ်မှုကြောင်းအရ တရားစွဲ ဆိုခံရမှုသော်လည်းကောင်း၊ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုသော်လည်းကောင်း မရှိ ပါဘူး" ဟု ယူနီဆက်ဖ်က ထုတ်ပြန်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment