Saturday, May 24, 2014

ထိုင်းနိုင်ငံနှင့် ချိတ်ဆက်ပျံသန်းနေသည့် လေကြောင်းခရီးစဉ်များ ပုံမှန်ပျံသန်းလျက်ရှိ

ထိုင်းနိုင်ငံအာဏာ သိမ်းမှုသည် ထိုင်းနိုင်ငံနှင့် ချိတ်ဆက်ပျံသန်းနေသည့် လေကြောင်းခရီးစဉ်များအပေါ် သက်ရောက်မှုမရှိဘဲ လေကြောင်းခရီးစဉ်များ ပုံမှန်ပျံသန်းလျက် ရှိနေကြောင်း သိရသည်။လက်ရှိတွင် ထိုင်းနိုင်ငံ၏ အဓိကလေဆိပ် ၀င်ထွက်ပေါက်ဖြစ်သော သုဝဏ္ဏဘူမိ လေဆိပ်အား ပုံမှန် အတိုင်း ဖွင့်လှစ်၍ လေဆိပ်လုပ်ငန်းများ လုပ်ကိုင်လျက် ရှိနေသောကြောင့် ထိုင်းနိုင်ငံနှင့် ချိတ်ဆက် ပျံသန်းနေသည့် လေကြောင်းခရီးစဉ်များ အပေါ်သက်ရောက်မှု မရှိခြင်းဖြစ်ကြောင်း သိရသည်။ 

ရန်ကုန်မြို့နှင့် ထိုင်းနိုင်ငံဘန်ကောက် မြို့တို့အကြား တိုက်ရိုက်လေကြောင်း ခရီးစဉ်ပျံသန်းလျက်ရှိသည့် MAI လကြောင်းလိုင်း၊ Thai Airways လေကြောင်းလိုင်းနှင့် Bangkok Airways  လေကြောင်း လိုင်း များသည် ရန်ကုန်-ဘန်ကောက်ခရီးစဉ်အား ပုံမှန်ပျံသန်းလျက်ရှိကြော င်း လေေ ကြာင်း လိုင်း တာဝန်ရှိသူ များ မှ ပြောကြားသည်။  

ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား တစ်နေ့နှစ်ကြိမ် ပုံမှန်ပျံသန်းနေသည့် MAI လေကြောင်းလိုင်းမှ Marketing Manager မအေးမရသာက “ကျွန်မတို့လေကြောင်းလိုင်း အနေနဲ့ မိုးရာသီအထူး အစီအစဉ်လည်း ပြုလုပ်နေချိန် ဖြစ်တာကြောင့် ပြည်တွင်းခရီးသွား အများစုက ထိုင်းနိုင်ငံကို သွားတာများ ပါတယ်။ ထိုင်းနိုင်ငံ အခြေအနေကလည်း အရမ်းကြီး ဆိုးဆိုးရွားရွား မဖြစ်သေးတာကြောင့် ခရီးသည် သွားလာမှုက ပုံမှန်အတိုင်းပါပဲ” ဟု ဆိုသည်။ ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား တစ်နေ့သုံးကြိမ် ပျံ သန်းနေ သည့်  Thai Airways လေကြောင်းလိုင်းမှလည်း လေကြောင်းခရီးစဉ်များကို ပုံမှန်ပျံသန်းနေ ဆဲဖြစ် ပြီး ခရီးသည် စီးနင်းမှုမှာလည်း ပုံမှန်အတိုင်းပင် ဖြစ်ကြောင်းကို လေကြောင်းလိုင်း တာဝန်ရှိ သူ က ပြောပြခဲ့သည်။   

“ကျွန်တော်တို့ လေကြောင်းလိုင်းအနေနဲ့ ရန်ကုန်-ဘန်ကောက် ခရီးစဉ်ကို တစ်နေ့လေးကြိမ် ပုံမှန် ပျံသန်းနေ ပါတယ်။ ဘန်ကောက်လေဆိပ်လည်း ပုံမှန်ဖွင့်ထားတာဖြစ်လို့ ဘန်ကောက်ကနေ အခြားပြည်ပ နိုင်ငံတွေကို ပျံသန်းနေတဲ့ ခရီးစဉ်တွေအကုန်လုံး ပုံမှန်ပျံသန်းနေပါတယ်” ဟု Bangkok Airways လေကြောင်းလိုင်း၏ ရန်ကုန် လေယာဉ်လက်မှတ် အရောင်းဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။ 

မြန်မာနိုင်ငံ၏ လက်ရှိရာသီဥတုမှာ ပြည်ပခရီးသွား ၀င်ရောက်မှုနည်းပါးသည့် ကာလဖြစ်သည့် အလျော က် မြန် မာနိုင်ငံသို့ ခရီးသွားဝင်ရောက်မှုမှာလည်း ပုံမှန်အခြေအနေ အတိုင်းသာ ရှိနေပြီး၊ နှစ် စဉ် မြန် မာနိုင်ငံသို့ ခရီးသွားအများဆုံး ၀င်ရောက်သည့် ထိုင်းလူမျိုးခရီးသွား အခြေနေမှာလည်း ပုံမှန် အတိုင်းသာ ရှိနေကြောင်း သတင်းရရှိသည်။  

Eleven Media Group

No comments:

Post a Comment