Monday, June 16, 2014

နာဆာဂြိုဟ်တုမှ တိုင်းတာချက်အရ မြန်မာနိုင်ငံအတွင်း ရေကြီးနိုင်မည့် အလားအလာများရှိနေ

နာဆာအဖွဲ့ကြီး၏ TRMM အစီအစဉ်ဖြစ်သည့် နာဆာဂြိုဟ်တု တိုင်းတာချက်များအရ မြန်မာနိုင်ငံ အတွင်း ရေကြီးမှုအလားအလာ များရှိနေကြောင်း မိုးလေဝသပညာ ရှင်ဒေါက်တာထွန်းလွင်ကပြောသည်။
ယင်းသို့ဖြစ်ရခြင်းမှာ အာရေဗျ ပင်လယ်ဘက်တွင် ယခုလ ၁၁ ရက်ကဖြစ်ပေါ်နေသော နွားနောက် မုန်တိုင်းကြောင့်ဖြစ်ပြီး ထိုနွား နောက်မုန်တိုင်းဖြစ်ပေါ်ခြင်းနှင့်အတူ မုတ်သုံလေဦးသည်လည်း အိန္ဒိယနိုင်ငံ ထဲသို့ ဝင်ရောက်နေသောကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် မုတ်သုံလေများအားကောင်း၍ မိုး များရွာသွန်းနေခဲ့ကြောင်း၊ အထူး သဖြင့်ကမ်းရိုးတန်းတစ်လျှောက်နှင့် မုတ္တမကွေ့တစ်လျှောက် ဒေသများ တွင် မိုးရွာသွန်းမှု ပိုမိုအားကောင်း ခဲ့ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။

''မြန်မာနိုင်ငံမှာ ရေကြီးမှု အလားအလာ မြင့်မားလာတဲ့နေရာ တွေကို မနှစ်ကအတိုင်း ရန်ကုန် တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နဲ့ မွန်ပြည်နယ်တွေမှာ စတင်တွေ့ လာရပြီဖြစ်ပါတယ်။ စုစုပေါင်း ၁၁နေရာရှိနေပါတယ်။ မြေနိမ့်ပိုင်း နေရာတွေနဲ့ လယ်စိုက်ကွင်းတွေ အပေါ် ရေဖုံးလွှမ်းဖို့ အလားအလာ တွေကို စတင်တွေ့လာနေပြီဖြစ်ပါ တယ်။ ဒါကြောင့်ပြောတာပါ။ သဘာဝဘေးဆိုတာ ပယ်တရား မဟုတ်ပါဘူး။ အနိုင်ယူရမယ့် တရားပါ''ဟု ဒေါက်တာထွန်း လွင်ကဆိုသည်။
ထိုသို့ မိုးများဆက်တိုက် ရွာ သွန်းနေခြင်းများ ကြာလာသည် နှင့်အမျှ ရေဖုံးလွှမ်းနိုင်မှု အလား အလာနှင့် မြေပြိုခြင်းများ ဖြစ်ပေါ် လာနိုင်ပြီး အဓိကအားဖြင့် ပဲခူး တိုင်းဒေသကြီး(တောင်ပိုင်း)၊ရန်ကုန် တိုင်းဒေသကြီး (အရှေ့ပိုင်း)နှင့် မွန်ပြည်နယ်(မြောက်ပိုင်း)တို့တွင်
ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

The Union Daily

No comments:

Post a Comment