Saturday, June 28, 2014

ဘရာဇီးလ်ကမ်းခြေတွင်အနားယူနေသည့် အာစင်ဝင်းဂါးကို ဆောက်သမ်တန် ပရိသတ်တစ်ဦးမှ ရှနိုက်ဒါလင်ကို ခေါ်ယူခြင်းမပြုရန်တောင်းဆို


အာဆင်နယ်နည်းပြအာစင်ဝင်းဂါးကို ဘရာဇီးလ်ကမ်းခြေတွင် တွေ့ရစဉ်(Photos: Splash News)
ကမ္ဘာ့ဖလားအိမ်ရှင် ဘရာဇီးလ်နိုင်ငံ၏ကမ်းခြေတစ်ခုတွင် အနားယူလျက်ရှိသည့် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကို ဆောက်သမ်တန် ပရိသတ်တစ်ဦးမှ တွေ့ရှိ ခဲ့ပြီး ရှနိုက်ဒါလင်ကိုခေါ်ယူခြင်း မပြုရန်တောင်းဆိုခဲ့ကြောင်းသိရသည်။


ဆောက်သမ်တန်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့တွင် လုခ်ရှော၊ ရစ်ကီလမ်းဘတ်တို့ကို မန်ယူ၊ လီဗာပူးလ်အသင်းများထံသို့ လက်လွှတ်ခဲ့ရပြီး လယ်လာနာ၊ ရှနိုက်ဒါလင်တို့ကိုလည်း အသင်းကြီးများမှခေါ်ယူရန်စိတ်ဝင်စား လျက်ရှိရာ အသင်းမှနာမည်ကျော် ကစား သမား များစွာကို ဆုံးရှုံးရဖွယ်ရှိနေသည်။

ထို့ကြောင့် အသင်းမှနာမည်ကျော်များ နောက်ထပ်ဆုံးရှုံးရမည်ကို စိုးရိမ်နေ သည့် ဆောက်သမ်တန်ပရိသတ်က ရှနိုက်ဒါလင်ကိုခေါ်ယူရန် စိတ်ဝင်စားနေ သည်ဟု သတင်းထွက်နေသည့် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကို ဘရာဇီးလ် ကမ်းခြေတွင်ဆုံတွေ့ရမှ ယခုကဲ့သို့ တောင်း ဆို ခဲ့ခြင်းဖြစ်သည်။

ယင်းအချိန်တွင် အာစင်ဝင်းဂါးသည် ကမ်းခြေတွင် ဘောလီဘော ကစားခြင်း၊ ဘော လုံးကန်ခြင်း၊ ရေကူးခြင်းများပြုလုပ် အပန်းဖြေနေလျက် ရှိပြီး ဆောက်သမ်တန် ပရိသတ်၏တောင်းဆိုမှုကို အပြုံးဖြင့်သာတုံ့ပြန် ခဲ့ကြောင်းသိရသည်။

Eleven Media Group

No comments:

Post a Comment