Monday, June 23, 2014

မှတ်ပုံတင်ကိုင် ဘင်္ဂါလီနဲ့ ကမန်တွေကို ပြန်စစ်မယ်

Photo: မှတ်ပုံတင်ကိုင် ဘင်္ဂါလီနဲ့ ကမန်တွေကို ပြန်စစ်မယ်
Monday, June 23, 2014

ရခိုင်ပြည်နယ်မှာ နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားတဲ့ ဘင်္ဂါလီတွေနဲ့ ကမန် တိုင်းရင်းသားတွေကိုပါ ပြန်လည် စိစစ်မယ်လို့ အစိုးရက ပြောဆိုလိုက် ပါတယ်။

စမ်းသပ် ဧရိယာအဖြစ် နိုင်ငံသားစိစစ်မှု ပြုလုပ်နေတဲ့ မြေပုံမြို့က မြို့မိမြို့ဖတွေက နိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်ထားတဲ့ ဘင်္ဂါလီတွေနဲ့ ကမန်တွေကို ပြန်စစ်ဆေးပေးဖို့ တောင်းဆိုတဲ့အပေါ် လူဝင်မှုကြီးကြပ်ရေး နှင့် မှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြန်လည် တုံ့ပြန်တာဖြစ်ပါတယ်။ ဒေသခံတွေက စစ်ဆေးပေးဖို့ တောင်းဆိုရင် စိစစ်ပေးမယ်လို့ သူက ဆိုပါတယ်။

သိပ်မကြာသေးခင်က အခြေချ နေထိုင်လာတဲ့ ဘင်္ဂါလီတချို့ နိုင်ငံသားစိစစ်ရေး ကတ်ရထားတာ။ မြေပုံမှာ ကမန်က မရှိသလောက် နည်းတယ်လို့ ဒေသခံတွေ သိထားပေမယ့် နိုင်ငံသားစိစစ်တဲ့ အချိန်မှာ ကမန်ဆိုပြီး ၅၇ လာလျှောက်တဲ့ အတွက် စစ်ဆေးပေးဖို့ တောင်းဆိုရတာလို့ မြေပုံမြို့ မြို့မိမြို့ဖ ဦးမောင်ရေ ချမ်းက ဆိုပါတယ်။

“မရိုးသားမှုတွေရှိတယ် ထင်လို့ ပြန်စိစစ်ဖို့ တောင်းဆိုတာပါ” ဟု သူက ရှင်းပြပါတယ်။

နိုင်ငံသား စိစစ်ရေးကတ်ကိုင်ထားတဲ့ ဘင်္ဂါလီနဲ့ ကမန်တွေကို စစ်ဆေးပေးဖို့ မြေပုံမြို့ မြို့မိမြို့ဖတွေက ဦးမောင်မောင်သန်းဆီကို ဇွန်လ ၂၁ ရက်နေ့မှာ တယ်လီဖုန်း ဆက်သွယ် တောင်းဆိုခဲ့ကြပါတယ်။ ၂၃ ရက်နေ့မှာလည်း စာနဲ့တကွ တောင်းဆိုမယ်လို့ ဦးမောင်ရေချမ်းက ဆိုပါတယ်။

The Voice Weekly
ရခိုင်ပြည်နယ်မှာ နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားတဲ့ ဘင်္ဂါလီတွေနဲ့ ကမန် တိုင်းရင်းသားတွေကို ပါ ပြန်လည် စိစစ်မယ်လို့ အစိုးရက ပြောဆိုလိုက် ပါတယ်။
စမ်းသပ် ဧရိယာအဖြစ် နိုင်ငံသားစိစစ်မှု ပြုလုပ်နေတဲ့ မြေပုံမြို့က မြို့မိမြို့ဖတွေက နိုင်ငံသား စိစစ်ရေးကတ် ကိုင်ဆောင်ထားတဲ့ ဘင်္ဂါလီတွေနဲ့ ကမန်တွေကို ပြန်စစ်ဆေးပေးဖို့ တောင်းဆိုတဲ့အပေါ် လူဝင်မှုကြီး ကြပ်ရေး နှင့် မှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြန်လည် တုံ့ပြန်တာဖြစ် ပါတယ်။ ဒေသခံတွေက စစ်ဆေးပေးဖို့ တောင်းဆိုရင် စိစစ်ပေးမယ်လို့ သူက ဆိုပါတယ်။

သိပ်မကြာသေးခင်က အခြေချ နေထိုင်လာတဲ့ ဘင်္ဂါလီတချို့ နိုင်ငံသားစိစစ်ရေး ကတ်ရထားတာ။ မြေပုံမှာ ကမန်က မရှိသလောက် နည်းတယ်လို့ ဒေသခံတွေ သိထားပေမယ့် နိုင်ငံသားစိစစ်တဲ့ အချိန်မှာ ကမန်ဆိုပြီး ၅၇ လာလျှောက်တဲ့ အတွက် စစ်ဆေးပေးဖို့ တောင်းဆိုရတာလို့ မြေပုံမြို့ မြို့မိမြို့ဖ ဦးမောင်ရေ ချမ်းက ဆိုပါတယ်။

“မရိုးသားမှုတွေရှိတယ် ထင်လို့ ပြန်စိစစ်ဖို့ တောင်းဆိုတာပါ” ဟု သူက ရှင်းပြပါတယ်။

နိုင်ငံသား စိစစ်ရေးကတ်ကိုင်ထားတဲ့ ဘင်္ဂါလီနဲ့ ကမန်တွေကို စစ်ဆေးပေးဖို့ မြေပုံမြို့ မြို့မိမြို့ဖတွေက ဦးမောင်မောင်သန်းဆီကို ဇွန်လ ၂၁ ရက်နေ့မှာ တယ်လီဖုန်း ဆက်သွယ် တောင်းဆိုခဲ့ကြပါတယ်။ ၂၃ ရက်နေ့မှာလည်း စာနဲ့တကွ တောင်းဆိုမယ်လို့ ဦးမောင်ရေချမ်းက ဆိုပါတယ်။

The Voice Weekly

No comments:

Post a Comment