Tuesday, June 24, 2014

၁၉၈၂နိုင်ငံသားဥပဒေကိုသွေဖည်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြား ရရှိထား သူများနှင့် ကတ်ပြားရရှိရန် အားပေးကူညီခဲ့သူများကို ဥပဒေနှင့်အညီ အရေး ယူပေးရန် ဘူးသီးတောင်ပြည်သူများ က ကြေညာချက်ထုတ်ပြန်

မောင်တော၊ ဇွန် ၂၃- ရခိုင်ပြည် နယ် မြေပုံမြို့နယ်အတွင်း ဘင်္ဂါလီ လူမျိုးများအား ၁၉၈၂ မြန်မာနိုင်ငံ သားဥပဒေဖြင့် စိစစ်မှု အပေါ် ဘူးသီး တောင်မြို့နယ် တိုင်းရင်း သားပြည်သူ များမှ အချက်(၆)ချက်ပါ သဘောထား ကြေညာ ချက် တစ်စောင်ကို ဇွန် ၂၁ ရက်က ထုတ်ပြန်လိုက်ကြောင်း သိရ သည်။အဆိုပါ သဘောထားကြေညာချက်တွင် ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြင့် ဘင်္ဂါလီများအား စိစစ် ခြင်းကို အပြည့် အဝထောက် ခံကြောင်း၊ သို့သော် ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြင့် ဘင်္ဂါလီများအား စိစစ်ရာ တွင် မြန်မာ နိုင်ငံ သားဥပဒေကို ပြည် သူများ သိရှိနားလည် သဘောပေါက် အောင် ဟောပြော ပို့ချခြင်း၊ အပြန် အလှန်ဆွေးနွေး မှုများ ပြုလုပ်ပေး ရန်လိုအပ်ကြောင်းနှင့် ယခင်ဘင်္ဂါလီ လူမျိုးများအား မှားယွင်း စွာထုတ်ပေး ခဲ့သော သက်သေခံကတ်ပြားများအား ၈၂ဥပဒေနှင့် အညီ အရပ်ဖက် အဖွဲ့ အစည်းများနှင့်ပူးပေါင်းပြီး ပြန်လည် စိစစ်ပေးရန်အချက်များ ပါဝင်သည်။ထို့နောက် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိထားသော ကမန်လူမျိုး များအား ကမန်လူမျိုးအမှန်တကယ် ဟုတ်မဟုတ် ပြန်လည် စိစစ်ပေးရန်၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပ ဒေကိုသွေဖည်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြား ရရှိထားသူများ၊ နိုင်ငံသားစိ စစ်ရေး ကတ်ပြားရရှိရန် အားပေးကူ ညီခဲ့သူများကို ဥပဒေနှင့်အညီ အ ရေးယူပေးရန်နှင့် ၁၉၈၂ခုနှစ် မြန်မာ နိုင်ငံသားဥပဒေအရ အမှန် တကယ် မြန်မာနိုင်ငံသားပြုခွင့်ရသူ ဘင်္ဂါလီ များကို နိုင်ငံသားပြု ခွင့် လျှောက် ထား စေပြီး မြန်မာနိုင်ငံသားပြုခွင့် အရည် အချင်း မပြည့် မီ သူ ဘင်္ဂါလီများကို ဥပဒေနှင့်အညီ အရေးယူပေးရန် အ ချက်များ ပါဝင်ကြောင်း ကြေညာချက် တွင် ဖော်ပြထားသည်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း ရှိ မြို့နယ်အသီးသီးနှင့် တခြားပြည် နယ်နှင့် တိုင်းဒေသကြီးအသီးသီး တိုင်းရင်းသားမဟုတ်ဘဲ နိုင်ငံသားစိ စစ်ရေးကတ် များကို တရားမဝင်သော နည်းလမ်းဖြင့် ရရှိထားသူများမှာ များစွာ ရှိနေကြောင်း ဒေသခံ တစ်ဦး က ပြောကြားသည်။
Yangon Media Group

No comments:

Post a Comment