Tuesday, June 10, 2014

အပူချိန်မြင့်မားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်း များ ကျောင်းချိန်ပြောင်းလဲဖွင့်လှစ်

ရာသီဥတု ပူပြင်းမှုကြောင့် စစ်ကိုင်းခရိုင်အတွင်းတည်ရှိသည့် အခြေခံပညာ ကျောင်းများ၏ ကျောင်း ဖွင့်ချိန်ကို ဇွန် ၉ ရက်မှစတင်၍ နံနက်ပိုင်းတွင် အချိန်ပြောင်းလဲ ဖွင့်လှစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ၏ ညွှန်ကြား ချက်အရ ကျောင်းသား ကျောင်းသူများအားပြင်း ထန်သည့် အပူဒဏ် ခံစားနေရခြင်းမှ လွတ်ကင်းမှုရှိစေရန် အခြေခံပညာ ကျောင်းများ၏ကျောင်းဖွင့် ချိန်ကို ဇွန် ၉ ရက်မှစတင်၍ နံနက် ၆ နာရီမှ ၁၁ နာရီခွဲသို့ အချိန်ပြောင်းလဲ ဖွင့်လှစ်ကြောင်း၊ စာပေသင်ကြားချိန်လျော့နည်းမှုမရှိ စေရန်အတွက် အချိန်ပြောင်းလဲသော်လည်း သင်ကြားချိန်ကို မူလ အချိန်ဇယားအတိုင်း သင်ကြားပေး လျက်ရှိနေကြောင်း၊ နံနက် ၆ နာရီမှ ၉ နာရီ အထိ စာသင်ချိန် လေးချိန်၊ ၉ နာရီမှ ၁၁ နာရီခွဲအထိ စာသင်ချိန် သုံးချိန် သင်ကြားပေးလျက် ရှိနေကြောင်း၊ ရာသီဥတု ကောင်းမွန်လာ ချိန်တွင် မူလပုံမှန်အချိန်အတိုင်း ပြန် လည်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူး ဦးမင်းဦးက ပြောပြသည်။
" ဒီလိုအချိန်ပြောင်းရွှေ့ဖွင့်ပေးတာ ကလေးတွေအတွက်ရော ကျောင်းကြိုကျောင်းပို့ လုပ်ပေးရတဲ့ မိဘတွေ အတွက်ပါ ကောင်းပါတယ်။ ဒီရက်ပိုင်းမှာ နေအပူချိန်က တော်တော်ပြင်းတယ်။ အခုရက်ပိုင်း မိုးလေးရွာလို့ နည်းနည်း သက်သာသွားတာ။ ကျောင်းတက်ချိန် နံနက် ၇ နာရီက နေ မွန်းတည့် ၁၂ နာရီအထိပြောင်းလဲ ဖွင့်ပေးရင် ပိုပြီးကောင်းမယ်ထင်တယ်။ ၆ နာရီ ကျောင်းတက်ရတော့ ကလေးတွေကို စောစောအိပ်ခိုင်း၊ နံနက် ၅ နာရီ ထခိုင်းရတယ်။

ညဥ့်နက်မသွားအောင် လူကြီးတွေပါ တီဗွီမကြည့်ဘဲ ကလေးတွေနဲ့စောစော အိပ်ပေးနေရတာပေါ့။ ၇ နာရီ လောက်မှ ကျောင်းတက်ရရင်တော့ ပြင်ဆင်ချိန် နည်းနည်းပိုရတာပေါ့" ဟု စစ်ကိုင်း အထက(၁)မှ ပဉ္စမတန်း ကျောင်းသားမိဘတစ်ဦးက ပြောပြသည်။
ယခုရက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီး တို့တွင် နေ့အပူ ချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထက် ကျော်လွန်ကာ ပူပြင်းလျက်ရှိနေသည်။ 

ပညာသင်ကြားလျက် ရှိနေသည့် အခြေခံပညာ ကျောင်းများမှ ကျောင်းသား ကျောင်းသူများအား ကျန်းမာရေး ထိခိုက်မှုမရှိစေရန် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရ၏ စီစဉ်ညွှန်ကြားမှုဖြင့် စစ်ကိုင်း တိုင်း ဒေသကြီး တွင် ကျောင်းချိန်များကို နံနက်ပိုင်းတွင် ပြောင်းရွှေ့ဖွင့်လှစ်သော်လည်း အခြားတိုင်းဒေသကြီး များတွင် ကျောင်း ချိန်ပြောင်းလဲဖွင့်လှစ် မှုမရှိကြောင်းသိရ သည။်


MOI

No comments:

Post a Comment