Saturday, June 28, 2014

ချီလီနီကို ကိုက်ခဲ့ခြင်းမရှိဟု ဖီဖာထံပေးပို့သည့် ထုချေလွှာတွင် ဆွာရက်ဇ်ဖော်ပြ


ဥရုဂွေးတိုက်စစ်မှူးဆွာရက်ဇ်သည် ဖီဖာထံပေးပို့သည့် ထုချေလွှာတွင် အီတလီနောက်ခံလူ ချီလီနီကို ကိုက်ခဲ့ခြင်းမရှိဟု ဖော်ပြရေးသား ခဲ့ကြောင်းသိရ သည်။
ဆွာရက်ဇ်နှင့် ဥရုဂွေးပရိသတ်များအပြန်အလှန်နှုတ်ဆက်နေကြစဉ်(Photos: AFP)
ဆွာရက်ဇ်သည် ပြီးခဲ့သည့်တစ်ပတ်က အီတလီအသင်းနှင့်ကစားခဲ့သောပွဲတွင် ပြိုင်ဘက်နောက်ခံလူ ချီလီနီ၏ ပခုံးအားကိုက်ခဲ့သဖြင့် ဖီဖာက ၎င်းကို နိုင်ငံတကာပွဲကစား ခွင့်(၉)ပွဲပိတ်ပင်ခဲ့ပြီး၊ ဘောလုံးလော ကနှင့်ပတ်သက်ဆက်နွယ်ခွင့် (၄) လပိတ်ပင်ခဲ့သည့်အပြင် ဒဏ်ငွေအ ဖြစ် အမေရိကန်ဒေါ်လာ (၁)သိန်း ကျော်ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။
ထုချေလွှာတွင် ဆွာရက်ဇ်က ကွင်းအတွင်းဟန်ချက်ပျက်ခဲ့ပြီး ပြန်လည်တည့်မတ် ရန်မတတ်နိုင်သောကြောင့် ပြိုင်ဘက်ကစားသမားပေါ်သို့ ကျခဲ့ကြောင်း၊ မိမိ၏ မျက်နှာနှင့် ပြိုင်ဘက်ကစားသမားပေါ်ကျခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် မိမိ၏ပါးတွင်အတွင်းကျေဒဏ်ရာငယ်တစ်ခုရခဲ့ပြီး သွားတွင် နာကျင်မှုဝေဒနာပြင်းထန်စွာခံစားခဲ့ရကြောင်း၊ ထိုဖြစ်စဉ်ကို မိမိကပြိုင်ဘက်ကို ကိုက်ခဲ့သည်ဟု ဖော်ပြလျက်ရှိကြောင်းရေးသား ခဲ့သည်။

ဆွာရက်ဇ်သည် ပြီးခဲ့သည့်ရက်ပိုင်းက ဥရုဂွေးနိုင်ငံ၊ မွန်တီဗီဒီယိုမြို့အနီးရှိ သူ၏ နေအိမ်သို့ပြန်ခဲ့ပြီး ဥရုဂွေးပရိသတ်များက ၎င်းအား လှိုက်လှိုက် လှဲလှဲကြိုဆိုခဲ့ကြကာ ဆွာရက်ဇ်မှာလည်း ပရိသတ်များကို တရင်းတနှီးလက်ပြ နှုတ်ဆက်ခဲ့ကြောင်းသိရသည်။

Eleven Media Group

No comments:

Post a Comment