Monday, June 9, 2014

သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် မည်သူ့ကို လူကြိုက်များကြောင်းသိရန် စစ်တမ်းကောက်မည်

နိုင်ငံတော်သမ္မတ ဦး သိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့တွင် မည်သူအား လူ ကြိုက်ပိုများသည်ကို နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ လူထုစစ်တမ်းကောက်ယူ မည်ဖြစ် ကြောင်း ယင်းအဖွဲ့မှ သတင်းရရှိ သည်။
စစ်တမ်းကို လူဦးရေ ခြောက်ထောင်ခန့်အား မေးမြန်းပြီး ကောက်ယူမည်ဖြစ်၍ ယင်း ပမာဏတွင် လူတန်းစားအလွှာမျိုးစုံ၊ ပညာအရည်အချင်း၊ အသက်မွေးဝမ်းကျောင်းပြုသည့် လုပ်ငန်းများကို မူတည်ကာ ကောက်ယူသွားမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဘဏ္ဍာရေးမှူးဦးမြင့်အောင်ကပြောသည်။

စစ်တမ်း မကောက်ယူမီ ‘‘ဒေါ်အောင်ဆန်းစုကြည်ထက် ဦးသိန်းစိန်ကို လူကြိုက်ပိုများပါ သည်’’ ဆိုသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ တော် ၀င်နှင်းဆီခန်းမတွင် ဇွန်လ ၁၅ ရက် နေ့လယ်က နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ပြုလုပ်သွားမည်ဖြစ်သည်။

ဆွေးနွေးပွဲတွင် စာရေးဆရာ ဦးဖေမြင့်၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ် သော ကယန်းပြည်သစ်ပါတီမှ ဗိုလ်မှူးကြီးစောလွင်၊ စီးပွားရေးပညာရှင် ဆရာ မောင်သံဒိုင်(ဘောဂဗေဒ) တို့မှ ဆွေးနွေးကြမည်ဖြစ်သည်။

‘‘ကျွန်တော်တို့က ပုဂ္ဂိုလ်ရေးအရလုပ်တာ မဟုတ်ပါဘူး။ စစ် တမ်းကို ဘယ်တော့ စလုပ်မယ်၊ ဘယ်လိုမေးခွန်းတွေ မေးမယ်ဆို တာကိုလည်း အဲဒီမှာ ဆွေးနွေး ကြမှာပါ။ ကျွန်တော်တို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ လည်း အစည်းအဝေးထိုင်ဖို့ရှိ တယ်’’ဟု နိုင်/ကျဉ်းဟောင်းများ အဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးမြင့် အောင်ကဆိုသည်။

တိကျသေချာသော စစ်တမ်းတစ်စောင်ရရှိရေးအတွက် နည်း ပညာပိုင်းနှင့် ကျွမ်းကျင်ပညာရှင်များ၏ အကူအညီများကိုလည်း တောင်းခံသွားမည်ဟု ဦးမြင့်အောင်ကပြောသည်။

ဧပြီလဆန်းက ထုတ်ပြန်ခဲ့သည့် အမေရိကန်အခြေစိုက် In-ternational Republican Instit-ute(IRI) ၏ မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် လူထုစစ်တမ်းမှ အချက်အလက် အချို့အပေါ် ပြန်လည်ထောက်ပြ လိုသည့်အတွက် စစ်တမ်းကောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ သတင်းရရှိသည်။

IRI ၏ စစ်တမ်းသည် ပြည် နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုရှိ မြို့ပြနေရာ ၉၂ နေရာ၊ ကျေး လက်ဒေသ ၂၀၈ နေရာတွင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၃၀၀၀ ကိုမေးမြန်းကောက်ယူခဲ့ ခြင်းဖြစ်ပြီး သမ္မတဦးသိန်းစိန်၏ လုပ်ဆောင်ချက်များအပေါ် အ ကောင်းမြင်သူ အများအပြားရှိ သည်ဟု စစ်တမ်းကဆိုသည်။

7 Day Daily

1 comment: