Monday, June 9, 2014

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ တိုင်းရင်းသားဖြစ်မလာနိုင် . . . ဒါပေမဲ့


Photo: မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ တိုင်းရင်းသားဖြစ်မလာနိုင် . . . ဒါပေမဲ့
Monday, June 9, 2014

“မြန်မာအစိုးရက ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုရုံသာမက တရားဝင် ထုတ်ပြန်ချက်တွေမှာလည်း ဘင်္ဂါလီလို့ပဲ သုံးနှုန်းဖော်ပြခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင် အဲဒီ ဒုက္ခရောက်နေတဲ့ လူနည်းစုအတွက် ကရုဏာစိတ် အနည်းငယ်သာ ပြသခဲ့တယ်”

ဖော်ပြပါ စကားရပ်ဟာ မေ ၂၉ ရက် နေ့စွဲနဲ့ Foreign Policy မဂ္ဂဇင်း ဘလော့ဂ်စာမျက်နှာမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်မှာ ပါဝင်ခဲ့ပါတယ်။ ဆောင်းပါးနာမည်က The Self-Censorship Shuffle: Why One Australian Media Mogul Chose to Kowtow to Myanmar's Generals ဖြစ်ပြီး ရေးသူတွေက Catherine A. Traywick နဲ့ Jake Scobey-Thal တို့ ဖြစ်ကြပါတယ်။

(၂)
ဆောင်းပါးရဲ့ အသွားအလာက မြန်မာတိုင်း (မ်) ကို ပူးတွဲတည်ထောင်ခဲ့သူ ဩစတြေးလျနိုင်ငံသား ရော့စ်ဒန်ကလေကို အမွှမ်းတင်ဖို့ ကြိုးစားတဲ့ ပုံစံမျိုးပါ။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ မီဒီယာလောက အခြေအနေကို ထည့်ရေးပြီး ဘင်္ဂါလီအရေးမှာ မြန်မာမီဒီယာရဲ့ ဖော်ပြမှုဟာ ဓမ္မဓိဋ္ဌာန်ကျမှု အားနည်းတယ်ဆိုပြီး ဝေဖန်ပြစ်တင်ပါတယ်။

ဘင်္ဂါလီ(ရိုဟင်ဂျာ) လူနည်းစုရဲ့ ဒုက္ခတွေကို ဖော်ပြသင့်ပေမဲ့ ဒီကိစ္စဟာ အကဲဆတ်လွယ်ပြီး အစိုးရကလည်း ဖော်ပြလိုခြင်း မရှိဘူးလို့ ဆောင်းပါးမှာ ဖော်ပြပါတယ်။ သမိုင်းကြောင်းအရ ဘင်္ဂါလီလူနည်းစုဟာ ဘင်္ဂလားဒေ့ရှ်က ဆင်းသက်လာတာဖြစ်ပြီး ရခိုင်ပြည်နယ်ထဲမှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ဆောင်းပါးရှင်က ထည့်ရေးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့တွေရဲ့ အစ္စလာမ်အယူဝါဒက ဗုဒ္ဓဘာသာ နေထိုင်မှုပုံစံကို ခြိမ်းခြောက်တယ်ဆိုပြီး နှိမ်ချဆက်ဆံ ခံနေရတယ်။ သူတို့တွေဟာ အကြမ်းဖက်မှုရဲ့ ဓားစာခံတွေ ဖြစ်ခဲ့ရပြီး အကြမ်းဖက်မှုတွေကလည်း လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်တဲ့အကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းများနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး ဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာအစိုးရက ဘင်္ဂါလီတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီလူနည်းစုကို ကရုဏာစိတ် အနည်းငယ်ပဲ ဖြစ်ခဲ့တယ်လို့ ဆောင်းပါးမှာ ဆက်ပြောခဲ့တာ ဖြစ်ပါတယ်။

(၃)
နောက်တစ်ချက်က မြန်မာနိုင်ငံက မီဒီယာသမားတွေကို ဝေဖန်ပြစ်တင်ခဲ့တာပါ။ ရန်ကုန်မှာရှိတဲ့ ဝါရင့်သတင်းသမားတစ်ဦးရဲ့ ပြောကြားချက်ဆိုပြီး “သတင်းစာတိုက်တွေဟာ မွတ်စလင် သို့မဟုတ် ဘင်္ဂါလီတွေပါဝင်တဲ့ ပဋိပက္ခတွေကို သတင်းယူတဲ့အခါ ဓမ္မဓိဋ္ဌာန်ကျကျ ဖော်ပြနိုင်မှု အားနည်းတယ်။ ဒါဟာ သတင်းထောက်တွေ ကိုယ်တိုင်က ပြည်သူလူထုနဲ့အတူ သူတို့တွေ (ဘင်္ဂါလီများ) အပေါ် မလိုမုန်းထားစိတ်တွေ ရှိနေလို့ဖြစ်တယ်” လို့ ဆောင်းပါးမှာ ဖော်ပြပါတယ်။ ဘင်္ဂါလီတွေဟာ ဘင်္ဂလားဒေ့ရှ်က တရားမဝင် ခိုးဝင်လာသူတွေ ဖြစ်ကြတယ်ဆိုတဲ့ တပ်မတော်အစိုးရရဲ့ ဝါဒဖြန့်မှုကို သတင်းထောက်တွေက လုံးဝလက်ခံထားတယ်ဆိုပြီး ရန်ကုန်သတင်းထောက်ရဲ့ ပြောဆိုချက် ဆိုတာကို ကိုးကားပြီး ဆောင်းပါးမှာ ဆိုပါတယ်။

ဒီအချက်ကို ထပ်ပြီး အတည်ပြုဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ထုတ်ပြန်ခဲ့တဲ့ United States Institute of Peace ရဲ့ အစီရင်ခံစာပါ မှတ်ချက်ကို ဆောင်းပါးမှာ ထည့်သွင်းဖော်ပြပါတယ်။

“ယခင်တပ်မတော် အစိုးရနဲ့ ၎င်းရဲ့ သတင်းရေးစီကြောင်းအပေါ် ထိန်းချုပ်မှုအမွေက အရည်အသွေးပြည့်ဝပြီး ကျင့်ဝတ်ညီတဲ့ သတင်းတင်ဆက်မှုတွေကို လုပ်ဆောင်နိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေ မရှိတာပါပဲ” လို့ USIP ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒီမိုကရေစီ ဖြစ်ထွန်းတိုးတက်ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရေးအတွက် မဟုတ်ဘဲ တခြားကိစ္စတွေမှာ လိုအပ်တာထက်ပိုပြီး တွန်းအားပေး လုပ်ဆောင်ခဲ့မယ် ဆိုရင်တော့ မြန်မာနိုင်ငံဟာ အာရှရဲ့ကျားတစ်ကောင် ဖြစ်လာမှာမဟုတ်ဘဲ ကျားစာဖြစ်သွားပါလိမ့်မယ် . . . . . 
“Weekly Eleven လို မီဒီယာကြီး တစ်ခုတောင်မှ ပြည်သူ့သဘောဆန္ဒနဲ့ လွန်ဆန်ပြီး အမှန်တရားကို ဖော်ထုတ်မပြနိုင်ဘူး” လို့ USIP အစီရင်ခံစာမှာ ဖော်ပြထားတဲ့အကြောင်း Foreign Policy ဆောင်းပါးမှာ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ Weekly Eleven ဟာ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ကပေးတဲ့ Press Freedom ဆုကို ၂ဝ၁၁ ခုနှစ်မှာ ရရှိထားတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။

(၄)
Foreign Policy မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးရဲ့ အနှစ်ချုပ်က ရော့စ်ဒန်ကလေကို အမွှန်းတင်ပြီး ဘင်္ဂါလီကိစ္စကို အကြောင်းပြုလို့ မြန်မာနိုင်ငံသားပိုင် မီဒီယာတွေ၊ မြန်မာသတင်းထောက်တွေကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ သင်တန်းပေး လေ့ကျင့်မှုနဲ့ အတွေ့အကြုံ မရှိတာကြောင့် အရည်အချင်း နိမ့်ပါးရတယ်လို့ ပြောချင်ပုံရပါတယ်။

အမေရိကန်သမ္မတ၊ အမေရိကန်အစိုးရနဲ့ လူ့အခွင့်အရေး အဖွဲ့တွေအပြင် အမေရိကန်ရဲ့ အထင်ကရ မီဒီယာတွေ၊ သတင်းစာတွေဟာ ဘင်္ဂါလီအရေးနဲ့ ပတ်သက်လာရင် လိုတာထက်ပိုပြီး တွန်းအားဖော်ပြ ပြောဆိုလေ့ ရှိပါတယ်။ အဲဒီလို ဖော်ပြသူတွေထဲမှာ The New York Times သတင်းစာနဲ့ Foreign Policy မဂ္ဂဇင်းတွေလည်း ပါဝင်ကြပါတယ်။

မြန်မာနိုင်ငံမှာ ဘင်္ဂါလီတွေ အလွန်အမင်း ဖိနှိပ်ခံနေရတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်။ ဘင်္ဂါလီတွေ လူမျိုးသုဉ်း သတ်ဖြတ်ခံနေရတယ် ဆိုတာအထိ သူတို့တွေက ဖော်ပြပြောဆို နေခဲ့ကြပါတယ်။

(၅)
ဘင်္ဂါလီအရေးနဲ့ ပတ်သက်လာရင် မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးစု၊ ပြည်သူတွေ၊ အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် အားလုံးရဲ့ သဘောထားက ရှင်းလင်းပြတ်သားပါတယ်။

တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို လက်ခံဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သမ္မတဦးသိန်းစိန်က ၂ဝ၁၂ ခုနှစ်မှာ ပြောခဲ့ပါတယ်။ ဖြေရှင်းနိုင်တဲ့ နည်းလမ်းက ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို UNHCR ကိုအပ်ပြီး ဒုက္ခသည်စခန်းမှာ ထားမယ်။ သူတို့တွေကို UNHCR က ကျွေးမွေးရမယ်။ တတိယနိုင်ငံတွေက လက်ခံမယ်ဆိုရင် ပို့ပေးမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

၂ဝ၁၂ ခုနှစ်မှာပဲ ဂျီနီဗာမှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ရဲ့ နှစ်ပတ်လည် ညီလာခံမိန့်ခွန်းမှာ ဘင်္ဂါလီနဲ့ ပတ်သက်ပြီး ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအပေါ် သဘောထားကို ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ဖြစ်ပွားခဲ့တဲ့ ပြဿနာဟာ နယ်ခြားမလုံခြုံမှုကြောင့် ဖြစ်ရတာလို့ ဆိုပါတယ်။ ၂ဝ၁၃ ခုနှစ် ဗြိတိန်ကို ရောက်ရှိစဉ် ဘီဘီစီနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ မြန်မာနိုင်ငံမှာ လူမျိုးသုဉ်းသတ်ဖြတ်မှု မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

“ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေက လူမျိုးသုဉ်းသတ်ဖြတ်မှု မဟုတ်ဘူး။ နိုင်ငံတကာအနေနဲ့ နားလည်ပေးဖို့ လိုတဲ့အချက်က ကြောက်ရွံ့ထိတ်လန့်မှုတွေဟာ မွတ်စလင် အသိုင်းအဝိုင်းကြားမှာပဲ ရှိနေတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေမှာလည်း စိုးရိမ်မှုတွေ၊ ကြောက်ရွံ့မှုတွေ ရှိနေပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီကို ပြောခဲ့ပါတယ်။

သမိုင်းကြောင်းအရ ကြည့်မယ်ဆိုရင်လည်း ဘင်္ဂါလီတွေဟာ မြန်မာနိုင်ငံထဲကို ခိုးဝင်လာသူတွေပဲ ဖြစ်ပါတယ်။ ကိုလိုနီခေတ်က အင်္ဂလိပ်တွေ ခေါ်သွင်းလာရာက မြန်မာနိုင်ငံထဲကို ရောက်လာပါတယ်။ နောက်ပိုင်း မပြန်တော့ဘဲ မြန်မာနိုင်ငံမှာပဲ အခြေချ နေထိုင်ခဲ့သူတွေ ရှိပါတယ်။ သူတို့တွေဟာ တိုင်းရင်းသား ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ လျော်ညီလို့ နိုင်ငံသားဖြစ်ခွင့် ရှိတယ်ဆိုဦးတော့ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ပြည်သူတွေနဲ့ တိုင်းရင်းသားလူမျိုးစုတိုင်းက ဒီအချက်ကို ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ဝါဒဖြန့် မှိုင်းတိုက်မှု မပါဘဲ ယုံကြည်စွာ လက်ခံထားပါတယ်။

(၆)
လူ့အခွင့်အရေးရှုထောင့်က ဘယ်လိုပဲကြည့်ကြည့် မြန်မာနိုင်ငံသားဖြစ်ခွင့်ကို ၁၉၈၂ ခုနှစ် ဥပဒေနဲ့ပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အခုချိန်မှာတင် ရခိုင်ပြည်နယ်ထဲမှာ နေထိုင်နေတဲ့ ဘင်္ဂါလီ အရေအတွက်ဟာ ရှစ်သိန်းခန့် ရှိနေပါတယ်။

တကယ်လို့သာ ဘင်္ဂါလီကို တိုင်းရင်းသားအဖြစ် လက်ခံလိုက်မယ်ဆိုရင် မြန်မာနိုင်ငံပြင်ပမှာ ရောက်ရှိနေတဲ့ ၄ ဒသမ ၂ သန်းခန့်ရှိတဲ့ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံက လက်ခံရတော့မှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ လာမယ့် နှစ် ၂ဝ ကာလအတွင်း ခိုးဝင်လာသူတွေ ထပ်များလာရင် မွတ်စလင်ဦးရေ သန်း ၂ဝ အထိ ရောက်လာနိုင်ပါတယ်။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့သာ ချုပ်ကိုင်မထားဘူးဆိုရင် အခုချိန် ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီအရေအတွက် လွန်လွန်ကြူးကြူး တိုးပွားနေမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ အခုချိန် ရခိုင်ပြည်နယ် လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ ဘင်္ဂါလီတွေ ဖြစ်နေပါတယ်။ ကျန်တဲ့ သုံးပုံနှစ်ပုံက ရခိုင်နဲ့ အခြားတိုင်းရင်းသားတွေ ဖြစ်ပါတယ်။ ဘင်္ဂါလီတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ် ပြုလိုက်မယ်ဆိုရင် လာမယ့် နှစ် ၂ဝ အတွင်း ရခိုင်ပြည်နယ် လူဦးရေရဲ့ သုံးပုံနှစ်ပုံဟာ ဘင်္ဂါလီတွေ ဖြစ်သွားမှာပါ။ ဒါဟာ ယူဂိုဆလားဗီးယား ပြိုကွဲတဲ့ပုံစံမျိုး မြန်မာနိုင်ငံမှာ ဖြစ်လာနိုင်တဲ့ အခြေအနေပါ။

ဘင်္ဂါလီအရေးမှာ ကိုယ်လိုချင်တဲ့ပုံစံဖြစ်အောင် အမေရိကန်အစိုးရနဲ့ အမေရိကန်မီဒီယာတွေက ပုံသွင်းလို့ မရပါဘူး။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုတွေ အများကြီးရှိတယ်။ တိုင်းရင်းသားတွေထဲမှာ ဗမာမုန်းတီးရေးဝါဒကို လက်ကိုင်ပြုပြီး အစွန်းရောက်တဲ့ လူမျိုးစုတွေ ရှိနေတယ်။ ဘင်္ဂါလီကို တိုင်းရင်းသားခွင့်ပြုဖို့ တောင်းဆိုနေသူတွေထဲမှာလည်း အစွန်းရောက်သူတွေ ရှိတယ်။

သူတို့အားလုံးက စစ်အာဏာရှင် ဆန့်ကျင်ရေးကို ဗန်းပြပြီး ဗမာမုန်းတီးရေးဝါဒနဲ့ ပြည်ထောင်စုပြိုကွဲရေးကို ဝါဒဖြန့် လုပ်နေကြပါတယ်။ 

ရခိုင်အရေးပဲဖြစ်ဖြစ်၊ မွတ်စလင်ပြဿနာမှာပဲဖြစ်ဖြစ် မြန်မာမီဒီယာတွေဟာ ဓမ္မဓိဋ္ဌာန်ကျကျ တွေးခေါ်တတ်ပါတယ်။ စစ်အစိုးရအဆက်ဆက် ဝါဒဖြန့်ချိရေးကိုလည်း ငုံ့မခံတတ်ဘူး။ ပညာဉာဏ် နည်းနေတာလည်း မဟုတ်ဘူး။ ကျွန်တော်တို့မှာ တိကျတဲ့ ရပ်တည်ချက် ရှိပါတယ် . . . . . 
သူတို့ရဲ့ အစွန်းရောက်မှုတွေက ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖြစ်ထွန်းမှုဟာ ရပ်တန့်သွားမှာဖြစ်ပြီး အီဂျစ်လိုမျိုး၊ ထိုင်းလိုမျိုး စစ်အာဏာသိမ်းမှုအောက် ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ Agenda အတိုင်း ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသားအဖြစ် အတင်းသွတ်သွင်းမယ်ဆိုရင် မြန်မာနိုင်ငံဟာ အီဂျစ်လို၊ ထိုင်းလို ဖြစ်လာမှာ အမှန်ပါပဲ။ အီဂျစ်တို့၊ ထိုင်းတို့ဆိုတာ အမေရိကန်က ထောက်ခံထားတဲ့ နိုင်ငံတွေပါ။ မြန်မာနိုင်ငံဟာ အမေရိကန် မကန့်ကွက်တဲ့ ကမ္ဘောဒီးယားနိုင်ငံလိုလည်း မဖြစ်သင့်ပါဘူး။

(၇)
ကျွန်တော်တို့ Eleven Media Group က ဒီအချက်ကို ကောင်းကောင်းသိပါတယ်။ ဘင်္ဂါလီအရေးကို လူ့အခွင့်အရေး တစ်ခုတည်းက မကြည့်ပါဘူး။ မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား ရှုထောင့်က ကြည့်ပါတယ်။ ကျွန်တော်တို့ ရပ်တည်ချက်က ရှင်းပါတယ်။ ပြည်သူရဲ့ သဘောဆန္ဒကို မလွန်ဆန်နိုင်တာ မဟုတ်ဘူး။ အမှန်တရားထက်မှန်တဲ့ အမှန်တရား မရှိဘူးဆိုတဲ့ ယုံကြည်ချက်နဲ့အတူ အမှန်တရားဘက်ကပဲ ရပ်တည်ပါတယ်။

ကျွန်တော်တို့ဘက်က မျက်စိမှိတ်၊ နားပိတ်ပြီး ကျင့်ဝတ်ကို သွေဖည်ပြောဆိုနေတာ မဟုတ်ဘူး။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အမျိုးသား အကျိုးစီးပွားအတွက် အမှန်တရားကိုသာ ထုတ်ဖော်ပြောဆိုနေတာ ဖြစ်ပါတယ်။ ဒီအချက်ကို အမေရိကန်သမ္မတ၊ အမေရိကန်အစိုးရ၊ အမေရိကန်မီဒီယာတွေနဲ့ အခြားလူ့အခွင့်အရေး အဖွဲ့တွေ သိထားဖို့ လိုပါလိမ့်မယ်။

ဒီနေရာမှာ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးရဲ့ သဘောထားကို ထည့်သွင်းပြောရပါလိမ့်မယ်။ အမေရိကန်သံရုံးက အရာရှိတချို့၊ ဝန်ထမ်းတချို့ဟာ သကာလောင်းတဲ့ စကားလုံးတွေနဲ့ မြန်မာမီဒီယာတွေကို အမေရိကန်ပုံစံဖြစ်အောင် သွတ်သွင်းနေတာ ကြာပါပြီ။ အရင်ကလို မီဒီယာသင်တန်း စပွန်ဆာပေးတာတွေကို ပေါ်ပေါ်ထင်ထင် မလုပ်တော့ပေမဲ့ သူတို့နဲ့ရင်းနှီးတဲ့ သတင်းထောက်တွေကိုခေါ်၊ သတင်းထောက်တွေ ပြောတာကို နားထောင်သလိုနဲ့ ကိုယ်ပုံဖော်ချင်တဲ့ အယူအဆတွေကို ရိုက်သွင်းဖို့ ကြိုးစားခဲ့ပါတယ်။

သူတို့ရဲ့ ကြိုးစားမှုဟာ အရာမထင်ဘူးလို့ သတ်မှတ်ရပါလိမ့်မယ်။ အထူးသဖြင့် ဘင်္ဂါလီအရေးမှာ အမေရိကန်အလိုကျ ဖြစ်မလာပါဘူး။ တချို့ လုပ်ဖြစ်ခဲ့ပေမဲ့ အများစု အလုပ်မဖြစ်ခဲ့ပါဘူး။

နောက်တစ်ချက်က အမေရိကန် သံရုံးကတစ်ဆင့် သွားနေတဲ့ အစီရင်ခံစာတွေ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာတွေဟာ မြန်မာပြည်သူလူထုရဲ့ လက်တွေ့ဘဝနဲ့ ကင်းကွာနေပါတယ်။ ဧပြီလက ထွက်ရှိခဲ့တဲ့ (International Republican Institute-IRI) စစ်တမ်းမှာလည်း ဒီအချက်တွေကို တွေ့ရှိရပါတယ်။

(၈)
အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒက ရှင်းပါတယ်။ မုန့်တစ်ဖက်၊ တုတ်တစ်ဖက်လို့ ဆိုရမယ့် Carrot and Stick သီအိုရီအတိုင်း လုပ်ပါတယ်။ ဒီလို လုပ်ဆောင်မှုဟာ မြန်မာပြည်သူတွေအတွက် မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လအတွင်းမှာ ပြောကြားခဲ့တဲ့ အမေရိကန်သမ္မတ အိုဘားမားရဲ့ ဝက်စ်ပွိုင့်မိန့်ခွန်းမှာလည်း ဒီအချက်ကို တွေ့ရှိရပါတယ်။ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒ အောင်မြင်မှုကို ပြောတဲ့အခါ မြန်မာ့အပြောင်းအလဲ ဖြစ်ထွန်းမှုကို ဥပမာပြုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ထွန်းနေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ မြန်မာပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းမှု ရှိ၊ မရှိ ရလဒ်ကိုတော့ အိုဘားမားက ပြောကြားခြင်း မရှိပါဘူး။ မြန်မာပြည်သူတွေက အခုချိန်ထိ ‘ထူးမခြားနား’ အခြေအနေနဲ့ ဇာတ်မျောနေရတုန်း ဖြစ်ပါတယ်။

မြန်မာ့ပြုပြင်ပြောင်းလဲရေးဟာ အမေရိကန်ရဲ့ အောင်မြင်တဲ့ နိုင်ငံခြားရေး မူဝါဒလို့ အိုဘားမားက ပြောခဲ့တာဟာ မြန်မာပြည်သူတွေရဲ့ လက်ရှိအခြေအနေကို အမေရိကန်အစိုးရ မသိဘူးဆိုတာကို ပြဆိုခြင်းပါပဲ။

(၉)
အမေရိကန်သမ္မတ၊ အမေရိကန်အစိုးရတွေရဲ့ သူတို့အကျိုးစီးပွား တစ်ခုတည်းကိုကြည့်တဲ့ အမြင်တွေဟာ မြန်မာပြည်သူတွေအတွက် လက်တွေ့မကျဘူး ဆိုတာကို ကြိမ်ဖန်တလဲ ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ လက်တွေ့မကျတာတွေအပြင် လွဲချော်မှုတွေကလည်း ရှိနေပါတယ်။ IRI စစ်တမ်း လွဲချော်မှုက အကောင်းဆုံးသက်သေ ဖြစ်ပါတယ်။ အမေရိကန်အစိုးရက လွဲချော်မှုတွေ ရှိသလို အမေရိကန် မီဒီယာတွေမှာလည်း လွဲချော်မှုတွေ ရှိနေပါတယ်။

ဥပမာအားဖြင့် Foreign Policy မဂ္ဂဇင်းက ၂ဝ၁၃ ခုနှစ်အတွက် ကမ္ဘာ့ထိပ်တန်း တွေးခေါ်သူများစာရင်းကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီစာရင်းမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံး ဦးသန့်ရဲ့မြေး ဒေါက်တာသန့်မြင့်ဦးကို ရွေးချယ်ခဲ့ပါတယ်။ ဒေါက်တာသန့်မြင့်ဦးဟာ စာအုပ်အောင်မြင်မှုရရုံ၊ ဦးသန့်မြေးဖြစ်ရုံနဲ့ ကမ္ဘာ့ထိပ်တန်း တွေးခေါ်ပညာရှင်စာရင်းမှာ မပါသင့်ပါဘူး။ နောက်ပြီး သူ့ကိုသိတဲ့သူတွေက မြန်မာနိုင်ငံမှာ လက်ချိုးရေလို့ ရပါတယ်။ သိပ်မရှိပါဘူး။ ဒေသတွင်း နိုင်ငံတွေမှာ သူရဲ့ ဩဇာလွှမ်းမိုးမှုကလည်း သိပ်မရှိပါဘူး။ သူ့ရဲ့ လုပ်ဆောင်မှုတွေက မြန်မာပြည်သူတွေအပေါ် အကျိုးဖြစ်ထွန်းမှု အားနည်းခဲ့ပါတယ်။

(၁ဝ)
ဒေါက်တာသန့်မြင့်ဦးဟာ ရန်ကုန်မြို့ပြစီမံကိန်း ရေးဆွဲခြင်း၊ မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းများကို အများပြည်သူသိအောင် လုပ်ခဲ့တာကြောင့် အခုလို ရွေးခဲ့တာဖြစ်တယ်လို့ Foreign Policy မဂ္ဂဇင်းက ဆိုပါတယ်။ လက်တွေ့မှာ ဘယ်လိုအခြေအနေ ရှိနေသလဲ။ ရန်ကုန်မြို့မှာ ရှိနေတဲ့ ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံ အများစုဟာ ခရိုနီတွေလက်ထဲကို ရောက်နေပါပြီ။ ခရိုနီတွေလက်ထဲ ရောက်သွားတဲ့ ရှေးဟောင်း အဆောက်အအုံတွေကို ပြန်ယူပြီး ကာကွယ်စောင့်ရှောက်ဖို့ ဒေါက်တာသန့်မြင့်ဦးက စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။

နောက်ပြီး ဒေါက်တာသန့်မြင့်ဦးဟာ မြန်မာ့ငြိမ်းချမ်းရေး ဗဟိုစင်တာ (MPC) တို့လို့ မြန်မာ့နိုင်ငံရေးမှာ တတိယအုပ်စုဆိုပြီး ပြည်သူတွေရဲ့ လက်တွေ့အခြေအနေကို မျက်ကွယ်ပြု၊ နိုင်ငံရေးပရောဟိတ် လုပ်နေသူတွေနဲ့ နီးစပ်သူ ဖြစ်ပါတယ်။ ရန်ကုန် အမေရိကန် သံရုံးကလည်း တတိယအုပ်စုတွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိနေတာကြောင့် တတိယအုပ်စုက ဝါဒဖြန့်ပြောဆိုနေတဲ့ အောင်မြင်မှုတွေဟာ အမေရိကန် သံရုံးကတစ်ဆင့် အမေရိကန်အစိုးရဆီကို စဉ်ဆက်မပြတ် ရောက်ရှိနေပါတယ်။ ပြည်သူတွေရဲ့ ‘ရွှေပြည်တော် မျှော်တိုင်းဝေး’ ဟစ်ကြွေးမှုတွေက တတိယအုပ်စုတွေရဲ့ ဝါဒဖြန့် လှိုင်းလုံးအောက်မှာ နစ်မြုပ်နေခဲ့ပါတယ်။

(၁၁)
အမေရိကန်နိုင်ငံမှာ အမေရိကန် အကျိုးစီးပွား ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘင်္ဂလားဒေ့ရှ် အကျိုးစီးပွား ရှိပါတယ်။ တရုတ်နိုင်ငံမှာ တရုတ်အကျိုးစီးပွား ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း မြန်မာနိုင်ငံရဲ့ အကျိုးစီးပွား ရှိနေပါတယ်။

အမေရိကန်အစိုးရ၊ အမေရိကန် မီဒီယာတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖြစ်ထွန်းတိုးတက်မှုနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရေးကိုပဲ အားပေးကူညီ ဆောင်ရွက်သင့်ပါတယ်။ ဒါမှသာလျှင် မြန်မာပြည်သူတွေရဲ့ မိတ်ဆွေကောင်း ဖြစ်လာမှာပါ။

ရခိုင်အရေးပဲဖြစ်ဖြစ်၊ မွတ်စလင်ပြဿနာမှာပဲဖြစ်ဖြစ် မြန်မာမီဒီယာတွေဟာ ဓမ္မဓိဋ္ဌာန်ကျကျ တွေးခေါ်တတ်ပါတယ်။ စစ်အစိုးရအဆက်ဆက် ဝါဒဖြန့်ချိရေးကိုလည်း ငုံ့မခံတတ်ဘူး။ ပညာဉာဏ် နည်းနေတာလည်း မဟုတ်ဘူး။ ကျွန်တော်တို့မှာ တိကျတဲ့ ရပ်တည်ချက် ရှိပါတယ်။ ဘင်္ဂါလီဆိုတာ တိုင်းရင်းသား မဟုတ်ဘူး။ ဒါပေမဲ့ ဘင်္ဂါလီပဲဖြစ်ဖြစ်၊ မွတ်စလင်ပဲဖြစ်ဖြစ် ဘယ်လူနည်းစုတွေ အပေါ်မှာမှ ခွဲခြားဆက်ဆံတာ၊ ဖိနှိပ်တာတော့ လက်မခံပါဘူး။

ဒီမိုကရေစီ ဖြစ်ထွန်းတိုးတက်ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရေးအတွက် မဟုတ်ဘဲ တခြားကိစ္စတွေမှာ လိုအပ်တာထက်ပိုပြီး တွန်းအားပေး လုပ်ဆောင်ခဲ့မယ် ဆိုရင်တော့ မြန်မာနိုင်ငံဟာ အာရှရဲ့ကျားတစ်ကောင် ဖြစ်လာမှာမဟုတ်ဘဲ ကျားစာဖြစ်သွားပါလိမ့်မယ်။

Eleven Media Group 
“မြန်မာအစိုးရက ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုရုံသာမက တရားဝင် ထုတ်ပြန်ချက်တွေမှာလည်း ဘင်္ဂါလီလို့ပဲ သုံးနှုန်းဖော်ပြခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင် အဲဒီ ဒုက္ခရောက်နေတဲ့ လူနည်းစုအတွက် ကရုဏာစိတ် အနည်းငယ်သာ ပြသခဲ့တယ်”

ဖော်ပြပါ စကားရပ်ဟာ မေ ၂၉ ရက် နေ့စွဲနဲ့ Foreign Policy မဂ္ဂဇင်း ဘလော့ဂ် စာမျက်နှာမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်မှာ ပါဝင်ခဲ့ပါတယ်။ ဆောင်းပါးနာမည်က The Self-Censorship Shuffle: Why One Australian Media Mogul Chose to Kowtow to Myanmar's Generals ဖြစ်ပြီး ရေးသူတွေက Catherine A. Traywick နဲ့ Jake Scobey-Thal တို့ ဖြစ်ကြပါတယ်။
(၂)
ဆောင်းပါးရဲ့ အသွားအလာက မြန်မာတိုင်း (မ်) ကို ပူးတွဲတည်ထောင်ခဲ့သူ ဩစတြေးလျနိုင်ငံ သား ရော့စ်ဒန်ကလေကို အမွှမ်းတင်ဖို့ ကြိုးစားတဲ့ ပုံစံမျိုးပါ။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ မီဒီယာလောက အခြေအနေကို ထည့်ရေးပြီး ဘင်္ဂါလီအရေးမှာ မြန်မာမီဒီယာရဲ့ ဖော်ပြမှုဟာ ဓမ္မဓိဋ္ဌာန်ကျမှု အားနည်းတယ်ဆိုပြီး ဝေဖန်ပြစ်တင်ပါတယ်။

ဘင်္ဂါလီ(ရိုဟင်ဂျာ) လူနည်းစုရဲ့ ဒုက္ခတွေကို ဖော်ပြသင့်ပေမဲ့ ဒီကိစ္စဟာ အကဲဆတ်လွယ်ပြီး အစိုးရ ကလည်း ဖော်ပြလိုခြင်း မရှိဘူးလို့ ဆောင်းပါးမှာ ဖော်ပြပါတယ်။ သမိုင်းကြောင်းအရ ဘင်္ဂါလီလူနည်းစုဟာ ဘင်္ဂလားဒေ့ရှ်က ဆင်းသက်လာတာဖြစ်ပြီး ရခိုင်ပြည်နယ်ထဲမှာ တရားမဝင် ရွှေ့ပြောင်းနေထိုင် သူတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ဆောင်းပါးရှင်က ထည့်ရေးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့တွေရဲ့ အစ္စလာမ်အယူဝါဒက ဗုဒ္ဓဘာသာ နေထိုင်မှုပုံစံကို ခြိမ်းခြောက်တယ်ဆိုပြီး နှိမ်ချဆက်ဆံ ခံနေရတယ်။ သူတို့တွေဟာ အကြမ်းဖက်မှုရဲ့ ဓားစာခံတွေ ဖြစ်ခဲ့ရပြီး အကြမ်းဖက်မှုတွေကလည်း လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်တဲ့အကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းများနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး ဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာအစိုးရက ဘင်္ဂါလီတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုဘူး။ ဒေါ်အောင်ဆန်း စုကြည်ကလည်း ဒီလူနည်းစုကို ကရုဏာစိတ် အနည်းငယ်ပဲ ဖြစ်ခဲ့တယ်လို့ ဆောင်းပါးမှာ ဆက်ပြောခဲ့တာ ဖြစ်ပါတယ်။

(၃)
နောက်တစ်ချက်က မြန်မာနိုင်ငံက မီဒီယာသမားတွေကို ဝေဖန်ပြစ်တင်ခဲ့တာပါ။ ရန်ကုန်မှာရှိတဲ့ ဝါရင့်သတင်းသမားတစ်ဦးရဲ့ ပြောကြားချက်ဆိုပြီး “သတင်းစာတိုက်တွေဟာ မွတ်စလင် သို့မဟုတ် ဘင်္ဂါလီတွေပါဝင်တဲ့ ပဋိပက္ခတွေကို သတင်းယူတဲ့အခါ ဓမ္မဓိဋ္ဌာန်ကျကျ ဖော်ပြနိုင်မှု အားနည်းတယ်။ ဒါဟာ သတင်းထောက်တွေ ကိုယ်တိုင်က ပြည်သူလူထုနဲ့အတူ သူတို့တွေ (ဘင်္ဂါလီများ) အပေါ် မလိုမုန်းထားစိတ်တွေ ရှိနေလို့ဖြစ်တယ်” လို့ ဆောင်းပါးမှာ ဖော်ပြပါတယ်။ ဘင်္ဂါလီတွေဟာ ဘင်္ဂလားဒေ့ရှ်က တရားမဝင် ခိုးဝင်လာသူတွေ ဖြစ်ကြတယ်ဆိုတဲ့ တပ်မတော်အစိုးရရဲ့ ဝါဒဖြန့်မှုကို သတင်းထောက်တွေက လုံးဝလက်ခံထားတယ်ဆိုပြီး ရန်ကုန်သတင်းထောက်ရဲ့ ပြောဆိုချက် ဆိုတာကို ကိုးကားပြီး ဆောင်းပါးမှာ ဆိုပါတယ်။

ဒီအချက်ကို ထပ်ပြီး အတည်ပြုဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ထုတ်ပြန်ခဲ့တဲ့ United States Institute of Peace ရဲ့ အစီရင်ခံစာပါ မှတ်ချက်ကို ဆောင်းပါးမှာ ထည့်သွင်းဖော်ပြပါတယ်။

“ယခင်တပ်မတော် အစိုးရနဲ့ ၎င်းရဲ့ သတင်းရေးစီကြောင်းအပေါ် ထိန်းချုပ်မှုအမွေက အရည်အသွေးပြည့် ဝပြီး ကျင့်ဝတ်ညီတဲ့ သတင်းတင်ဆက်မှုတွေကို လုပ်ဆောင်နိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေ မရှိတာပါပဲ” လို့ USIP ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒီမိုကရေစီ ဖြစ်ထွန်းတိုးတက်ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရေးအတွက် မဟုတ်ဘဲ တခြားကိစ္စတွေမှာ လိုအပ်တာထက်ပိုပြီး တွန်းအားပေး လုပ်ဆောင်ခဲ့မယ် ဆိုရင်တော့ မြန်မာနိုင်ငံဟာ အာရှရဲ့ကျားတစ်ကောင် ဖြစ်လာမှာမဟုတ်ဘဲ ကျားစာဖြစ်သွားပါလိမ့်မယ် . . . . . 
“Weekly Eleven လို မီဒီယာကြီး တစ်ခုတောင်မှ ပြည်သူ့သဘောဆန္ဒနဲ့ လွန်ဆန်ပြီး အမှန်တရားကို ဖော်ထုတ်မပြနိုင်ဘူး” လို့ USIP အစီရင်ခံစာမှာ ဖော်ပြထားတဲ့အကြောင်း Foreign Policy ဆောင်းပါးမှာ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ Weekly Eleven ဟာ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) ကပေးတဲ့ Press Freedom ဆုကို ၂ဝ၁၁ ခုနှစ်မှာ ရရှိထားတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။

(၄)
Foreign Policy မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးရဲ့ အနှစ်ချုပ်က ရော့စ်ဒန်ကလေကို အမွှန်းတင်ပြီး ဘင်္ဂါလီကိစ္စကို အကြောင်းပြုလို့ မြန်မာနိုင်ငံသားပိုင် မီဒီယာတွေ၊ မြန်မာ သတင်းထောက်တွေကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ သင်တန်းပေး လေ့ကျင့်မှုနဲ့ အတွေ့အကြုံ မရှိတာကြောင့် အရည်အချင်း နိမ့်ပါးရတယ်လို့ ပြောချင်ပုံရပါတယ်။

အမေရိကန်သမ္မတ၊ အမေရိကန်အစိုးရနဲ့ လူ့အခွင့်အရေး အဖွဲ့တွေအပြင် အမေရိကန်ရဲ့ အထင်ကရ မီဒီယာတွေ၊ သတင်းစာတွေဟာ ဘင်္ဂါလီအရေးနဲ့ ပတ်သက်လာရင် လိုတာထက်ပိုပြီး တွန်းအားဖော်ပြ ပြောဆိုလေ့ ရှိပါတယ်။ အဲဒီလို ဖော်ပြသူတွေထဲမှာ The New York Times သတင်းစာနဲ့ Foreign Policy မဂ္ဂဇင်းတွေလည်း ပါဝင်ကြပါတယ်။

မြန်မာနိုင်ငံမှာ ဘင်္ဂါလီတွေ အလွန်အမင်း ဖိနှိပ်ခံနေရတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်။ ဘင်္ဂါလီတွေ လူမျိုးသုဉ်း သတ်ဖြတ်ခံနေရတယ် ဆိုတာအထိ သူတို့တွေက ဖော်ပြပြောဆို နေခဲ့ကြပါတယ်။

(၅)
ဘင်္ဂါလီအရေးနဲ့ ပတ်သက်လာရင် မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးစု၊ ပြည်သူတွေ၊ အစိုးရ၊ ဒေါ်အောင်ဆန်း စုကြည် အားလုံးရဲ့ သဘောထားက ရှင်းလင်းပြတ်သားပါတယ်။

တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို လက်ခံဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သမ္မတဦးသိန်းစိန်က ၂ဝ၁၂ ခုနှစ်မှာ ပြောခဲ့ပါတယ်။ ဖြေရှင်းနိုင်တဲ့ နည်းလမ်းက ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေကို UNHCR ကိုအပ်ပြီး ဒုက္ခသည်စခန်းမှာ ထားမယ်။ သူတို့တွေကို UNHCR က ကျွေးမွေးရမယ်။ တတိယနိုင်ငံတွေက လက်ခံမယ်ဆိုရင် ပို့ပေးမယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

၂ဝ၁၂ ခုနှစ်မှာပဲ ဂျီနီဗာမှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ရဲ့ နှစ်ပတ်လည် ညီလာခံမိန့်ခွန်းမှာ ဘင်္ဂါလီနဲ့ ပတ်သက်ပြီး ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအပေါ် သဘော ထားကို ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ဖြစ်ပွားခဲ့တဲ့ ပြဿနာဟာ နယ်ခြားမလုံခြုံမှုကြောင့် ဖြစ်ရတာလို့ ဆိုပါတယ်။ ၂ဝ၁၃ ခုနှစ် ဗြိတိန်ကို ရောက်ရှိစဉ် ဘီဘီစီနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ မြန်မာနိုင်ငံမှာ လူမျိုးသုဉ်းသတ်ဖြတ်မှု မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြော ခဲ့ပါတယ်။

“ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေက လူမျိုးသုဉ်းသတ်ဖြတ်မှု မဟုတ်ဘူး။ နိုင်ငံတကာအနေနဲ့ နားလည်ပေးဖို့ လိုတဲ့အချက်က ကြောက်ရွံ့ထိတ်လန့်မှုတွေဟာ မွတ်စလင် အသိုင်းအဝိုင်းကြားမှာပဲ ရှိနေတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေမှာလည်း စိုးရိမ်မှုတွေ၊ ကြောက်ရွံ့မှုတွေ ရှိနေပါတယ်” လို့ ဒေါ်အောင်ဆန်း စုကြည်က ဘီဘီစီကို ပြောခဲ့ပါတယ်။

သမိုင်းကြောင်းအရ ကြည့်မယ်ဆိုရင်လည်း ဘင်္ဂါလီတွေဟာ မြန်မာနိုင်ငံထဲကို ခိုးဝင် လာသူတွေပဲ ဖြစ်ပါ တယ်။ ကိုလိုနီခေတ်က အင်္ဂလိပ်တွေ ခေါ်သွင်း လာရာက မြန်မာနိုင်ငံ ထဲကို ရောက်လာပါတယ်။ နောက်ပိုင်း မပြန်တော့ဘဲ မြန်မာနိုင်ငံမှာပဲ အခြေချ နေထိုင်ခဲ့သူတွေ ရှိပါတယ်။ သူတို့တွေဟာ တိုင်းရင်းသား ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ လျော်ညီလို့ နိုင်ငံသားဖြစ်ခွင့် ရှိတယ်ဆိုဦးတော့ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ပြည်သူတွေနဲ့ တိုင်းရင်းသားလူမျိုးစုတိုင်းက ဒီအချက်ကို ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ဝါဒဖြန့် မှိုင်းတိုက်မှု မပါဘဲ ယုံကြည်စွာ လက်ခံထားပါတယ်။

(၆)
လူ့အခွင့်အရေးရှုထောင့်က ဘယ်လိုပဲကြည့်ကြည့် မြန်မာနိုင်ငံသားဖြစ်ခွင့်ကို ၁၉၈၂ ခုနှစ် ဥပဒေနဲ့ပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အခုချိန်မှာတင် ရခိုင်ပြည်နယ်ထဲမှာ နေထိုင်နေတဲ့ ဘင်္ဂါလီ အရေအတွက်ဟာ ရှစ်သိန်းခန့် ရှိနေပါတယ်။

တကယ်လို့သာ ဘင်္ဂါလီကို တိုင်းရင်းသားအဖြစ် လက်ခံလိုက်မယ်ဆိုရင် မြန်မာနိုင်ငံပြင် ပ မှာ ရောက်ရှိနေတဲ့ ၄ ဒသမ ၂ သန်းခန့်ရှိတဲ့ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံက လက်ခံရတော့မှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ လာမယ့် နှစ် ၂ဝ ကာလအတွင်း ခိုးဝင်လာသူတွေ ထပ်များလာရင် မွတ်စလင်ဦးရေ သန်း ၂ဝ အထိ ရောက်လာနိုင်ပါတယ်။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့သာ ချုပ်ကိုင်မထားဘူးဆိုရင် အခုချိန် ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီအရေအတွက် လွန်လွန်ကြူးကြူး တိုးပွားနေမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ အခုချိန် ရခိုင်ပြည်နယ် လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ ဘင်္ဂါလီတွေ ဖြစ်နေပါတယ်။ ကျန်တဲ့ သုံးပုံနှစ်ပုံက ရခိုင်နဲ့ အခြားတိုင်းရင်းသားတွေ ဖြစ်ပါ တယ်။ ဘင်္ဂါလီတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ် ပြုလိုက်မယ်ဆိုရင် လာမယ့် နှစ် ၂ဝ အတွင်း ရခိုင်ပြည်နယ် လူဦးရေရဲ့ သုံးပုံနှစ်ပုံဟာ ဘင်္ဂါလီတွေ ဖြစ်သွားမှာပါ။ ဒါဟာ ယူဂိုဆလားဗီးယား ပြိုကွဲတဲ့ပုံစံမျိုး မြန်မာနိုင်ငံမှာ ဖြစ်လာနိုင်တဲ့ အခြေအနေပါ။

ဘင်္ဂါလီအရေးမှာ ကိုယ်လိုချင်တဲ့ပုံစံဖြစ်အောင် အမေရိကန်အစိုးရနဲ့ အမေရိကန်မီဒီယာတွေက ပုံသွင်းလို့ မရပါဘူး။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုတွေ အများကြီးရှိတယ်။ တိုင်းရင်းသားတွေထဲမှာ ဗမာမုန်းတီးရေးဝါဒကို လက်ကိုင်ပြုပြီး အစွန်းရောက်တဲ့ လူမျိုးစုတွေ ရှိနေတယ်။ ဘင်္ဂါလီကို တိုင်းရင်းသားခွင့်ပြုဖို့ တောင်းဆိုနေသူတွေထဲမှာလည်း အစွန်းရောက်သူတွေ ရှိတယ်။

သူတို့အားလုံးက စစ်အာဏာရှင် ဆန့်ကျင်ရေးကို ဗန်းပြပြီး ဗမာမုန်းတီးရေးဝါဒနဲ့ ပြည်ထောင်စုပြိုကွဲရေးကို ဝါဒဖြန့် လုပ်နေကြပါတယ်။ 

ရခိုင်အရေးပဲဖြစ်ဖြစ်၊ မွတ်စလင်ပြဿနာမှာပဲဖြစ်ဖြစ် မြန်မာမီဒီယာတွေဟာ ဓမ္မဓိဋ္ဌာန်ကျကျ တွေးခေါ်တတ် ပါတယ်။ စစ်အစိုးရအဆက်ဆက် ဝါဒဖြန့်ချိရေးကိုလည်း ငုံ့မခံတတ်ဘူး။ ပညာဉာဏ် နည်းနေတာလည်း မဟုတ်ဘူး။ ကျွန်တော်တို့မှာ တိကျတဲ့ ရပ်တည်ချက် ရှိပါတယ် . . . . . 
သူတို့ရဲ့ အစွန်းရောက်မှုတွေက ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖြစ်ထွန်းမှုဟာ ရပ်တန့်သွားမှာဖြစ်ပြီး အီဂျစ်လိုမျိုး၊ ထိုင်းလိုမျိုး စစ်အာဏာ သိမ်းမှုအောက် ပြန်ရောက် သွားမှာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ Agenda အတိုင်း ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသားအဖြစ် အတင်းသွတ်သွင်း မယ်ဆိုရင် မြန်မာနိုင်ငံဟာ အီဂျစ်လို၊ ထိုင်းလို ဖြစ်လာမှာ အမှန်ပါပဲ။ အီဂျစ်တို့၊ ထိုင်းတို့ဆိုတာ အမေရိကန်က ထောက်ခံထားတဲ့ နိုင်ငံတွေပါ။ မြန်မာနိုင်ငံဟာ အမေရိကန် မကန့်ကွက်တဲ့ ကမ္ဘောဒီးယားနိုင်ငံလိုလည်း မဖြစ်သင့်ပါဘူး။

(၇)
ကျွန်တော်တို့ Eleven Media Group က ဒီအချက်ကို ကောင်းကောင်းသိပါတယ်။ ဘင်္ဂါလီအရေးကို လူ့အခွင့်အရေး တစ်ခုတည်းက မကြည့်ပါဘူး။ မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွား ရှုထောင့်က ကြည့်ပါတယ်။ ကျွန်တော်တို့ ရပ်တည်ချက်က ရှင်းပါတယ်။ ပြည်သူရဲ့ သဘောဆန္ဒကို မလွန်ဆန်နိုင်တာ မဟုတ်ဘူး။ အမှန်တရားထက်မှန်တဲ့ အမှန်တရား မရှိဘူးဆိုတဲ့ ယုံကြည်ချက်နဲ့အတူ အမှန်တရားဘက်ကပဲ ရပ်တည်ပါတယ်။

ကျွန်တော်တို့ဘက်က မျက်စိမှိတ်၊ နားပိတ်ပြီး ကျင့်ဝတ်ကို သွေဖည်ပြောဆိုနေတာ မဟုတ်ဘူး။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အမျိုးသား အကျိုးစီးပွားအတွက် အမှန်တရားကိုသာ ထုတ်ဖော်ပြော ဆိုနေတာ ဖြစ်ပါတယ်။ ဒီအချက်ကို အမေရိကန်သမ္မတ၊ အမေရိကန်အစိုးရ၊ အမေရိကန်မီဒီယာတွေနဲ့ အခြားလူ့အခွင့်အရေး အဖွဲ့တွေ သိထားဖို့ လိုပါလိမ့်မယ်။

ဒီနေရာမှာ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးရဲ့ သဘောထားကို ထည့်သွင်းပြောရပါလိမ့်မယ်။ အမေရိကန်သံရုံးက အရာရှိတချို့၊ ဝန်ထမ်းတချို့ဟာ သကာလောင်းတဲ့ စကားလုံးတွေနဲ့ မြန်မာမီဒီယာတွေကို အမေရိကန်ပုံစံဖြစ်အောင် သွတ်သွင်းနေတာ ကြာပါပြီ။ အရင်ကလို မီဒီယာသင်တန်း စပွန်ဆာပေးတာတွေကို ပေါ်ပေါ်ထင်ထင် မလုပ်တော့ပေမဲ့ သူတို့နဲ့ရင်းနှီးတဲ့ သတင်းထောက်တွေကိုခေါ်၊ သတင်းထောက်တွေ ပြောတာကို နားထောင်သလိုနဲ့ ကိုယ်ပုံဖော်ချင်တဲ့ အယူအဆတွေကို ရိုက်သွင်းဖို့ ကြိုးစားခဲ့ပါတယ်။

သူတို့ရဲ့ ကြိုးစားမှုဟာ အရာမထင်ဘူးလို့ သတ်မှတ်ရပါလိမ့်မယ်။ အထူးသဖြင့် ဘင်္ဂါလီအရေးမှာ အမေရိကန်အလိုကျ ဖြစ်မလာပါဘူး။ တချို့ လုပ်ဖြစ်ခဲ့ပေမဲ့ အများစု အလုပ်မဖြစ်ခဲ့ပါဘူး။

နောက်တစ်ချက်က အမေရိကန် သံရုံးကတစ်ဆင့် သွားနေတဲ့ အစီရင်ခံစာတွေ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာတွေဟာ မြန်မာပြည်သူလူထုရဲ့ လက်တွေ့ဘဝနဲ့ ကင်းကွာနေပါတယ်။ ဧပြီလက ထွက်ရှိခဲ့တဲ့ (International Republican Institute-IRI) စစ်တမ်းမှာလည်း ဒီအချက်တွေကို တွေ့ရှိရပါတယ်။

(၈)
အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒက ရှင်းပါတယ်။ မုန့်တစ်ဖက်၊ တုတ်တစ်ဖက်လို့ ဆိုရမယ့် Carrot and Stick သီအိုရီအတိုင်း လုပ်ပါတယ်။ ဒီလို လုပ်ဆောင်မှုဟာ မြန်မာပြည်သူတွေအတွက် မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လအတွင်းမှာ ပြောကြားခဲ့တဲ့ အမေရိကန်သမ္မတ အိုဘားမားရဲ့ ဝက်စ်ပွိုင့်မိန့်ခွန်းမှာလည်း ဒီအချက်ကို တွေ့ရှိရပါတယ်။ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒ အောင်မြင်မှုကို ပြောတဲ့အခါ မြန်မာ့အပြောင်းအလဲ ဖြစ်ထွန်းမှုကို ဥပမာပြုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ထွန်းနေတဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ မြန်မာပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းမှု ရှိ၊ မရှိ ရလဒ်ကိုတော့ အိုဘားမားက ပြောကြားခြင်း မရှိပါဘူး။ မြန်မာပြည်သူတွေက အခုချိန်ထိ ‘ထူးမခြားနား’ အခြေအနေနဲ့ ဇာတ်မျောနေရတုန်း ဖြစ်ပါတယ်။

မြန်မာ့ပြုပြင်ပြောင်းလဲရေးဟာ အမေရိကန်ရဲ့ အောင်မြင်တဲ့ နိုင်ငံခြားရေး မူဝါဒလို့ အိုဘားမားက ပြောခဲ့တာဟာ မြန်မာပြည်သူတွေရဲ့ လက်ရှိအခြေအနေကို အမေရိကန်အစိုးရ မသိဘူးဆိုတာကို ပြဆိုခြင်းပါပဲ။

(၉)
အမေရိကန်သမ္မတ၊ အမေရိကန်အစိုးရတွေရဲ့ သူတို့အကျိုးစီးပွား တစ်ခုတည်းကိုကြည့်တဲ့ အမြင်တွေဟာ မြန်မာပြည်သူတွေအတွက် လက်တွေ့မကျဘူး ဆိုတာကို ကြိမ်ဖန်တလဲ ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ လက်တွေ့မကျတာတွေအပြင် လွဲချော်မှုတွေကလည်း ရှိနေပါတယ်။ IRI စစ်တမ်း လွဲချော်မှုက အကောင်းဆုံးသက်သေ ဖြစ်ပါတယ်။ အမေရိကန်အစိုးရက လွဲချော်မှုတွေ ရှိသလို အမေရိကန် မီဒီယာတွေမှာလည်း လွဲချော်မှုတွေ ရှိနေပါတယ်။

ဥပမာအားဖြင့် Foreign Policy မဂ္ဂဇင်းက ၂ဝ၁၃ ခုနှစ်အတွက် ကမ္ဘာ့ထိပ်တန်း တွေးခေါ်သူများစာရင်းကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီစာရင်းမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံး ဦးသန့်ရဲ့မြေး ဒေါက်တာသန့်မြင့်ဦးကို ရွေးချယ်ခဲ့ပါတယ်။ ဒေါက်တာသန့်မြင့်ဦးဟာ စာအုပ်အောင်မြင်မှုရရုံ၊ ဦးသန့်မြေးဖြစ်ရုံနဲ့ ကမ္ဘာ့ထိပ်တန်း တွေးခေါ်ပညာရှင်စာရင်းမှာ မပါသင့်ပါဘူး။ နောက်ပြီး သူ့ကိုသိတဲ့သူတွေက မြန်မာနိုင်ငံမှာ လက်ချိုးရေလို့ ရပါတယ်။ သိပ်မရှိပါဘူး။ ဒေသတွင်း နိုင်ငံတွေမှာ သူရဲ့ ဩဇာလွှမ်းမိုးမှုကလည်း သိပ်မရှိပါဘူး။ သူ့ရဲ့ လုပ်ဆောင်မှုတွေက မြန်မာပြည်သူတွေအပေါ် အကျိုးဖြစ်ထွန်းမှု အားနည်းခဲ့ပါတယ်။

(၁ဝ)
ဒေါက်တာသန့်မြင့်ဦးဟာ ရန်ကုန်မြို့ပြစီမံကိန်း ရေးဆွဲခြင်း၊ မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းများကို အများပြည်သူသိအောင် လုပ်ခဲ့တာကြောင့် အခုလို ရွေးခဲ့တာဖြစ်တယ်လို့ Foreign Policy မဂ္ဂဇင်းက ဆိုပါတယ်။ လက်တွေ့မှာ ဘယ်လိုအခြေအနေ ရှိနေသလဲ။ ရန်ကုန်မြို့မှာ ရှိနေတဲ့ ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အအုံ အများစုဟာ ခရိုနီတွေလက်ထဲကို ရောက်နေပါပြီ။ ခရိုနီတွေလက်ထဲ ရောက်သွားတဲ့ ရှေးဟောင်း အဆောက်အအုံတွေကို ပြန်ယူပြီး ကာကွယ်စောင့်ရှောက်ဖို့ ဒေါက်တာသန့်မြင့်ဦးက စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။

နောက်ပြီး ဒေါက်တာသန့်မြင့်ဦးဟာ မြန်မာ့ငြိမ်းချမ်းရေး ဗဟိုစင်တာ (MPC) တို့လို့ မြန်မာ့နိုင်ငံရေးမှာ တတိယအုပ်စုဆိုပြီး ပြည်သူတွေရဲ့ လက်တွေ့အခြေအနေကို မျက်ကွယ်ပြု၊ နိုင်ငံရေးပရောဟိတ် လုပ်နေသူတွေနဲ့ နီးစပ်သူ ဖြစ်ပါတယ်။ ရန်ကုန် အမေရိကန် သံရုံးကလည်း တတိယအုပ်စုတွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိနေတာကြောင့် တတိယအုပ်စုက ဝါဒဖြန့်ပြောဆိုနေတဲ့ အောင်မြင်မှုတွေဟာ အမေရိကန် သံရုံးကတစ်ဆင့် အမေရိကန်အစိုးရဆီကို စဉ်ဆက်မပြတ် ရောက်ရှိနေပါတယ်။ ပြည်သူတွေရဲ့ ‘ရွှေပြည်တော် မျှော်တိုင်းဝေး’ ဟစ်ကြွေးမှုတွေက တတိယအုပ်စုတွေရဲ့ ဝါဒဖြန့် လှိုင်းလုံးအောက်မှာ နစ်မြုပ်နေခဲ့ပါတယ်။

(၁၁)
အမေရိကန်နိုင်ငံမှာ အမေရိကန် အကျိုးစီးပွား ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘင်္ဂလားဒေ့ရှ် အကျိုးစီးပွား ရှိပါတယ်။ တရုတ်နိုင်ငံမှာ တရုတ်အကျိုးစီးပွား ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း မြန်မာနိုင်ငံရဲ့ အကျိုးစီးပွား ရှိနေပါတယ်။

အမေရိကန်အစိုးရ၊ အမေရိကန် မီဒီယာတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖြစ်ထွန်းတိုးတက်မှုနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရေးကိုပဲ အားပေးကူညီ ဆောင်ရွက်သင့်ပါတယ်။ ဒါမှသာလျှင် မြန်မာပြည်သူတွေရဲ့ မိတ်ဆွေကောင်း ဖြစ်လာမှာပါ။

ရခိုင်အရေးပဲဖြစ်ဖြစ်၊ မွတ်စလင်ပြဿနာမှာပဲဖြစ်ဖြစ် မြန်မာမီဒီယာတွေဟာ ဓမ္မဓိဋ္ဌာန်ကျကျ တွေးခေါ်တတ်ပါတယ်။ စစ်အစိုးရအဆက်ဆက် ဝါဒဖြန့်ချိရေးကိုလည်း ငုံ့မခံတတ်ဘူး။ ပညာဉာဏ် နည်းနေတာလည်း မဟုတ်ဘူး။ ကျွန်တော်တို့မှာ တိကျတဲ့ ရပ်တည်ချက် ရှိပါတယ်။ ဘင်္ဂါလီဆိုတာ တိုင်းရင်းသား မဟုတ်ဘူး။ ဒါပေမဲ့ ဘင်္ဂါလီပဲဖြစ်ဖြစ်၊ မွတ်စလင်ပဲဖြစ်ဖြစ် ဘယ်လူနည်းစုတွေ အပေါ်မှာမှ ခွဲခြားဆက်ဆံတာ၊ ဖိနှိပ်တာတော့ လက်မခံပါဘူး။

ဒီမိုကရေစီ ဖြစ်ထွန်းတိုးတက်ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရေးအတွက် မဟုတ်ဘဲ တခြားကိစ္စတွေမှာ လိုအပ်တာထက်ပိုပြီး တွန်းအားပေး လုပ်ဆောင်ခဲ့မယ် ဆိုရင်တော့ မြန်မာနိုင်ငံဟာ အာရှရဲ့ကျားတစ်ကောင် ဖြစ်လာမှာမဟုတ်ဘဲ ကျားစာဖြစ်သွားပါလိမ့်မယ်။

Eleven Media Group

No comments:

Post a Comment