Monday, June 9, 2014

ရဲ သေဆုံးမှု တိမ်းရှောင်နေသုများ တရားခံပြေး အဖြစ် ကြေညာ

ဒီနှစ်အစပိုင်း ဇန်န၀ါရီလ ၁၃ ရက်နေ့က ရခိုင်ပြည်နယ် မောင်တော မြို့နယ် ဒုချီးရာတန်းကျေးရွာမှာ ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်း သေ ဆုံးသွားတဲ့ ဖြစ်စဉ်တွေနဲ့ဆက်နွယ်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ၄၆ ဦးကို တရားခံပြေးအဖြစ် ထုတ်ပြန်ကြေငြာထားကြောင်း အမည်မဖေါ်လို တဲ့ မောင်တောခရိုင်ရဲအရာရှိတစ်ဦးက ဒီကနေ့ ပြောကြားပါတယ်။

ရဲတပ်ဖွဲ့က တရားခံပြေးအဖြစ် ထုတ်ပြန်ကြေငြာထားတာနဲ့ ပတ်သက်ပြီး အဲ့ဒီ ရဲအရာရှိကအခုလို ပြော ပါတယ်။

" ထောင် ၇ နှစ်ချလိုက်တာတွေ့တယ်၊ ဆက်နွယ်ပြီးရှောင်နေတာကတော့ တရားခံပြေးတွေပဲ၊ တရားခံပြေး စာရင်းကြေညာထားတယ်၊ ပြီးရင် ဒီမြို့ပေါ်တွေမှာလည်း ဗီနိုင်းတွေနဲ့ တရားခံပြေးဘယ်သူဆိုတာတွေ လွတ်သွားတာရှိတယ်၊ အဲ့လိုတော့ လုပ်ထားတယ် "

ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်း သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဒုချီးရာတန်းနဲ့ အနီး တစ်ဝိုက်ကျေးရွာတွေက မွတ်ဆလင် ၈ ဦးကို လည်း မေလ ၂၈ ရက်နေ့က မောင်တောမြို့နယ် တရားရုံးကနေ အလုပ်နဲ့ထောင်ဒဏ် ၇ နှစ်စီအသီးသီးချမှတ်ခဲ့ပါတယ်။ 

ဦးအောင်ကျော်သိန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က ဒုချီးရား တန်းကျေးရွာမှာ လုံခြုံရေး ကင်းလှည့်စဉ် ကျေးရွာသားတွေနဲ့ တိုက်ခိုက် မှုဖြစ်ကာ သေဆုံးသွားခဲ့ပြီး သူနဲ့ အတူပါတဲ့ သေနတ် တစ်လက် လည်း ပျောက်ဆုံးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese

No comments:

Post a Comment