ကက်သရင်းတီး အမည်ရှိ ဗြိတိန်အမျိုးသမီးတစ်ဦးက ၎င်းရွက်လွှင့်နေစဉ် ပျောက်ဆုံးနေသော မလေးရှားလေယာဉ် MH 370 ဟု ယူဆရသည့် လေယာဉ်တစ်စီးကို တွေ့မြင်ခဲ့သည်ဟုပြောသည်။
၎င်းသည် အဆိုပါလေယာဉ်ကို မတ်လဆန်းတွင် တွေ့မြင်ခဲ့ခြင်းဖြစ်သော်လည်း ၎င်း၏မျက်စိကို မယုံကြည်နိုင်သောကြောင့် ယခုအချိန်မှ ထုတ်ပြောရခြင်းဖြစ်သည်ဟု အကြောင်းပြချက်ပေးသည်။
‘‘ကျွန်မက လိမ္မော်ရောင်အလင်းတွေနဲ့ လေယာဉ်ကို တစ်ခါမှမမြင်ဖူးတော့ ဘာများပါလိမ့်ဆိုပြီး အာရုံစိုက်မိတယ်။ အဲဒီလေယာဉ်နောက်မှာ အမည်းရောင်မီးခိုးလုံးတွေလို့ ယူဆရတဲ့အရာတွေလည်း ပါတယ်။ တွေ့နေကျမဟုတ်တော့ အဲဒါဘာပါလိမ့်ဆိုပြီး မေးခွန်းထုတ်နေမိတယ်။ အဲဒါ ဥက္ကာခဲပဲ ဖြစ်လိမ့်မယ်ဆိုပြီး တွေးလိုက်မိတယ်’’ဟု ကက်သရင်းတီးကပြောသည်။
ထို့နောက် ကက်သရင်းတီးက လေယာဉ်သည်တစ်စီးတည်းမဟုတ်ဟု ပြောကြားသည်။
‘‘အဲဒီအပေါ်မှာ နောက်ထပ်လေယာဉ်နှစ်စီး ရှိနေခဲ့တယ်။ သူတို့က ပုံမှန်လေကြောင်း အချက်ပြမီးတွေ နဲ့ပါ။ ကျွန်မမြင်နေတဲ့ လေယာဉ်မီးလောင်နေတယ်ဆိုရင် ကျန်လေယာဉ်တွေက သတင်းပို့လိမ့်မယ်လို့ ကိုယ့်ဘာသာကိုယ် တွေးလိုက်မိတယ်’’ဟု ၎င်းကပြောသည်။
No comments:
Post a Comment