Thursday, June 19, 2014

ရွေးကောက်ပွဲနည်းဥပဒေ(မူကြမ်း)တွင် ကြိုတင်မဲစာရင်းကြေညာရန် အချက် ထည့်သွင်းပြင်ဆင်ထား

လွှတ်တော်သုံးရပ်၏ရွေးကောက်ပွဲ နည်းဥပဒေ(မူကြမ်း) ပြင်ဆင်ချက်တွင် ကြို တင်မဲစာရင်း ကြေညာပေး ရန် အချက်ကို ထည့်သွင်းပြင်ဆင်ပေးထားသည်ဟု ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလွင်က မဇ္ဈိမကို ပြောသည်။

လွှတ်တော်သုံးရပ်လုံး၏ ရွေးကောက်ပွဲ နည်းဥပဒေ (မူကြမ်း)များတွင် ကြိုတင်မဲနှင့် သက်ဆိုင်သည့်အချက် ကို တိကျစွာ ထည့် သွင်းရေးဆွဲပေးရန် နိုင်ငံရေးပါတီများထံမှ အကြံပြုချက်များ အရ ပြင်ဆင်ဖြည့် စွက်ပေး ခြင်းဖြစ်သည်ဟု ဦးသောင်းလွင်က ပြောသည်။

ညွှန်ကြားရေးမှူးဦးသောင်းလွင်က“၅၁ (က)မှာ ကြိုတင်မဲစာရင်းကို လေးစောင်ပြုစု ရမယ်၊ မဲရုံမှူးနှင့်မဲ ရုံတွေမှာ ကပ်ထားမယ့် အပြင် ကျန်တဲ့ ကြိုတင်မဲစာရင်းနှစ်စောင်ကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နဲ့ ရပ်ကျေး ရုံးမှာ အများပြည်သူကိုကြေညာပေးထားမယ်ဆို တဲ့ ပြင်ဆင်ချက်ကို ဖြည့်စွက်ထားတယ်။တစ်ချိန်တုန်းက ကြိုတင်မဲဘယ်နှစ်ယောက် ပေးလဲ မသိနိုင်ဘူး။ ရောချထားတာပဲဆိုတဲ့ ကောလဟလတွေ ပျက်ပြယ် သွားမယ်” ဟု ပြောသည်။

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်း ဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ၊ တိုင်းဒေ သကြီးလွှတ်တော်ရွေး ကောက်ပွဲနည်းဥပဒေတို့ကို ဇွန်လအတွင်း အပြီးသတ်အတည်ပြုပြဋ္ဌာန်းမည်ဖြစ်ရာ နိုင်ငံရေးပါတီများထံမှ ပေးပို့လာသည့် အကြံပြုချက်များကို စိစစ်ကာပြင်ဆင်ဖြည့် စွက်နေခြင်း ဖြစ်သည်။

ကိုယ်စားလှယ်များ၏ရွေးကောက်ပွဲ ၀င်ခွင့်အာမခံငွေကို ပြင်ဆင်ပေးရန်၊ ကိုယ် စားလှယ်များ ၏ ရွေး ကောက်ပွဲဝင်ခွင့် အာမခံငွေကို မဲဆွယ်စည်းရုံးစဉ် မဲအရေ အတွက် ရှစ်ရာခိုင်နှုန်းခန့် ရရှိပါက ယင်း ပါတီ ထံ ကိုယ်စားလှယ်များ၏ ရွေးကောက် ပွဲဝင်ခွင့် အာမခံငွေ သုံးသိန်းပြန်ပေးရန် အစရှိသည့် နိုင်ငံရေး ပါတီများ၏ အကြံပြု ချက်များကို နည်းဥပဒေတွင် အချက် ၂၀ ခန့်ပြင်ဆင်ပေးခဲ့သည်။

လွှတ်တော်သုံးရပ်၏ ရွေးကောက်ပွဲ နည်းဥပဒေပြင်ဆင်ချက်ကို နိုင်ငံရေးပါတီ များနှင့် အများပြည်သူသိ ရှိနိုင်ရန် ထုတ်ပြန် ပေးသွားမည်ဖြစ်ပြီး ကော်မရှင်က လက် မှတ်ထိုးကာ ထုတ်ပြန်သွားမည် ဖြစ်သည်။

ရွေးကောက်ပွဲ နည်းဥပဒေမူကြမ်းများ နှင့်ပတ်သက်သည့် ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ဝင်များသီးသန့် အစည်းအဝေးကို ဇွန်တတိယပတ်တွင် ပြုလုပ်မည်ဖြစ်သည်။

ချင်းအမျိုးသားပါတီဥက်္ကဋ္ဌ ဦးဇိုဇမ်က “ကြိုတင်မဲကိစ်္စအဖြေမရှာဘဲ ရွေးကောက်ပွဲ ၀င်ရင် ငွေကြေးလူအင် အားဆုံးရှုံးရတယ်။ ယှဉ်ပြိုင်တဲ့ပါတီတွေကို ရထားသမျှကြိုတင် မဲစာရင်းတွေ ပေးရမယ်လို့ အကြံပြုထား တယ်”ဟု ပြောသည်။

Mizzima

No comments:

Post a Comment