Friday, June 27, 2014

ဖမ်းဆီးခံ မိန်းကလေးများနှင့် အပျိုစင်ဘဝ လဲလှယ်ရန် ကမ်းလှမ်းခဲ့သည့် နိုက်ဂျီးရီးယား အဆိုတော် ဝေဖန်မှုမျိုးစုံ ကြုံနေရ

ဘိုကိုဟာရမ်တို့ ဖမ်းဆီးထားသည့် ကျောင်းသူ မိန်းကလေးငယ်များ လွတ်မြောက်ရေးအတွက် မိမိ၏ အပျိုစင်ဘဝနှင့် လဲလှယ်မည်ဟု ကြေညာခဲ့သည့် နိုက်ဂျီးရီးယား Popဂီတ အဆိုတော်နှင့် ပတ်သက်ပြီး နိုက်ဂျီးရီးယားတွင် ဝေဖန်မှု၊ ထောက်ခံမှု အမျိုးမျိုး ကွဲပြားဖြစ်ပေါ်လျှက် ရှိသည်။

အေဒိုကီရီ အန်းဂိုဇီကိုင်ရီယန်က ဘိုကိုဟာရမ်တို့ အဓမ္မ ပြန်ပေးဆွဲ ခေါ်ယူသွားသည့် ရာနှင့်ချီ များပြားသော ကျောင်းသူလေးများကို ပြန်လွှတ်ပေးပါက ဘိုကိုဟာရမ် စစ်သွေးကြွများထံ မိမိ၏ အပျိုစင်ဂုဏ်ရည်ကို အစတေးခံမည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။

အသက်(၂၃)နှစ်ရှိ အေဒိုကီရီက “ဒါဟာ မမျှတပါဘူး။ မိန်းကလေးတွေက သိပ်ငယ်လွန်းသေးတယ်။ သူတို့အတွက် ကျွန်မကိုယ်ကို အလဲအထပ် လုပ်ချင်ပါတယ်”ဟု ဆိုသည်။ သူမသည် မိမိသည် အပျိုစင်ဘဝကို ထိန်းသိမ်းထားသူ တစ်ဦးဟု ကြေညာထားဖူးပြီး ဖြစ်သည်။

မကြာသေးမီက နိုက်ဂျီးရီးယား ရုပ်ရှင်နှစ်ခုတွင် ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ကာ သရုပ်ဆောင် ဘဝကို အစပြုထားသည့် အဆိုတော်က “ကလေးမလေးတွေ အသက်က (၁၂)နှစ်ကနေ (၁၅)နှစ်လောက်ပဲ ရှိကြဦးမယ်။ ခရစ်တော်ရဲ့ အလိုအရပဲပေါ့။ ကျွန်မက သူတို့လေးတွေထက် အသက်ပိုကြီးတယ်။ အတွေ့အကြုံလည်း ပိုများတယ်။ ကျွန်မကို ညတိုင်း လူ(၁၀)ယောက်ကနေ (၁၂)ယောက်လောက်က အသုံးချမယ် ဆိုရင်တောင် ဂရုမစိုက်ပါဘူး။ မိန်းကလေးတွေ ကိုသာ ပြန်လွှတ်ပေးပါ။ သူတို့ကို မိဘတွေဆီ ပြန်သွားဖို့ ခွင့်ပြုလိုက်ပါ” ဟုလည်း အေဒိုကီရီက ပြောကြား ထားသည်။

အေဒိုကီရီ၏ လုပ်ရပ်အပေါ် အားပေးထောက်ခံပြီး မိန်းကလေးများ လွတ်မြောက်လာပါက သူမကဲ့သို့ ကမ်းလှမ်းမှုမျိုး ပြုလုပ်ရန် အသင့်ရှိကြောင်း နိုက်ဂျီးရီးယား အမျိုးသမီး အချို့က တုပကြေညာခဲ့သည်။ အချို့ကလည်း အေဒိုကီရီသည် နာမည်ကြီးစေရန်အတွက် အစ္စလာမ်မစ် စစ်သွေးကြွ ဘိုကိုဟာရမ်တို့ကို အသုံးချခြင်းဟု ဝေဖန်ခဲ့ကြသည်။ ဧပြီလ (၁၄)ရက်နေ့က ဘိုကိုဟာရမ်တို့သည် နိုက်ဂျီးရီးယား အရှေ့မြောက်ပိုင်းရှိ ချီဘော့ခ်မြို့မှ မိန်းကလေး (၂၇၆)ဦးကို ပြန်ပေးဆွဲသွားခဲ့သည်။

ခရစ်ယာန် ဘာသာဝင် မိန်းကလေးများကို ဘိုကိုဟာရမ်တို့က အဓမ္မ ခေါ်ယူသွားခြင်းဖြစ်ပြီး ယင်းတို့အနက် အနည်းငယ်သာ လွတ်မြောက်လာကာ အများစုမှာ သတင်းအစအန ပျောက်ကွယ်နေဆဲ ဖြစ်သည်။

7 Day Daily

No comments:

Post a Comment