Friday, June 27, 2014

မန္တလေးမြို့ အဓိကလမ်းမကြီး ကိုးခုတွင် အချိန်ပိုင်းယာဉ်ရပ်နားမှု ကန့်သတ်မည်

မန္တလေးမြို့တွင် ယာဉ် ကြောပိတ်ဆို့မှုများ ကင်းဝေးစေ ရေးအတွက် အဓိကလမ်းမကြီးကိုးခုတွင် ယာဉ်ရပ်နားမှုကို အ ချိန်ပိုင်းအလိုက် စတင်ကန့်သတ် တော့မည်ဖြစ်ကြောင်းသတင်းရရှိ သည်။

ကျောင်းသွားကျောင်းပြန်၊ ဈေးသွားဈေးလာနှင့် ရုံးတက်ရုံး ဆင်းချိန်များဖြစ်သည့်နံနက် ၇နာရီမှ ၉နာရီအထိ၊ ညနေ ၄နာရီမှ ၆ နာရီအချိန်များအတွင်း ၆၂လမ်း၊ ၇၃လမ်း၊ ၇၈လမ်း၊ လမ်း ၈၀၊ ၈၄ လမ်း၊ ၂၆လမ်း၊ လမ်း
၃၀၊ ၃၅လမ်း၊ သိပ္ပံလမ်းအစရှိသည့် အဓိ ကလမ်းမကြီး၏ ၀ဲယာတို့တွင် ကိုယ်ပိုင်ယာဉ်များ၊ အငှားယာဉ် များ၊ ကုန်တင် ခေါက်တိုယာဉ်များ၊ ရပ်နားခြင်းမပြုရန်စတင်ကန့် သတ်တော့မည်ဖြစ်ကြောင်း မန္တ လေးမြို့ယာဉ်စည်းကမ်းထိန်း သိမ်းရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက ပြောကြားသည်။

‘‘ဘယ်တော့စလုပ်မယ်ဆို တာတော့ မပြောနိုင်သေးဘူး။အ ခုအစီအမံတွေရေးဆွဲနေပါတယ် ’’ဟု မန္တလေးတိုင်းဒေသကြီးယာဉ် ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူးသိန်း ကိုကိုကပြောသည်။

ပထမဦးဆုံးအနေဖြင့် ယာဉ် ကြောရှုပ်ထွေးမှုအများဆုံးဖြစ် သည့် ဈေးချိုတော်နှင့် မန္တလေး နန်းမြို့ ကျုံးထောင့်ကြား ၂၆လမ်း တစ်လျှောက် လမ်း ၈၀မှ ၈၄လမ်း အတွင်း ယာဉ်ရပ်နားခွင့်ကန့် သတ်သည့် လမ်းညွှန်ဗီနိုင်းဆိုင်း ဘုတ်များစိုက်ထူကာ စတင်ကန့် သတ်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတား ဌာနမှူး ဒေါ်ခင်မေဌေးကပြောသည်။

၂၆လမ်းတွင် ယာဉ်ရပ်နားချိန် ကန့်သတ်မှုကိုယာဉ်မောင်းနှင်သူများနှင့် အများပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိလာပါက ကျန်လမ်းပိုင်းများတွင် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မတီတာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ယာဉ်ရပ်နားခွင့် ကန့်သတ်မှုကို မီဒီယာများ၊ လမ်းဆုံ လမ်းခွမီးပွိုင့်များရှိအသံ ချဲ့စက်များ၊ လက်ကမ်းစာစောင် များမှတစ်ဆင့် သီတင်းတစ်ပတ် ကြိုတင် အသိပေးသွားမည်ဖြစ်ကြောင်း၊ ပူးပေါင်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့များကို နေ့ စဉ်လမ်းပိုင်းတစ်ပိုင်းစီတွင် အချိုး ကျအင်အားဖြင့် တာဝန်ချထား မည်ဖြစ်ပြီး ယာဉ်မရပ်ရသတ်မှတ် ချိန်တွင် ရပ်တန့်မှုမရှိစေရေးရက် သတ္တပတ်ကြာရှင်းလင်းပညာပေး မည်ဖြစ်သည်။

ပညာပေးကာလ ကုန်ဆုံး ပါက Tow Truckယာဉ်တစ်စီးဖြင့် စည်းကမ်းလိုက်နာမှုမရှိဘဲ ရပ် တန့်နေသော ယာဉ်များကို စည် ပင်သာယာဥပဒေဖြင့် အရေးယူ ကာ စည်ပင်သာယာတရားရုံးသို့ တရားစွဲဆို တင်ပို့သွားမည်ဖြစ် ကြောင်း ယာဉ်စည်းကမ်းထိန်း သိမ်းရေးကြီးကြပ်မှုကော်မတီမှ သတင်းရရှိသည်။

7 Day Daily

No comments:

Post a Comment