Friday, June 27, 2014

ကျဆုံးတပ်မတော်သားတစ်ဦးလျှင် အရာရှိ ကျပ်ဆယ်သိန်း၊ အခြားအဆင့် ကျပ်ရှစ်သိန်းနှုန်းဖြင့် ထောက်ပံ့ဟုဆို

တပ်မတော်သား များ ရှေ့တန်းတွင် တာဝန်ထမ်း ဆောင်စဉ်ကျဆုံးပါက အရာရှိ တစ်ဦးလျှင် ၁၀ သိန်းကျပ်နှုန်းဖြင့် လည်းကောင်း၊ အခြားအဆင့်တစ်ဦးလျှင် ရှစ်သိန်းနှုန်းဖြင့် လည်း ကောင်း ထောက်ပံ့ပေးနေပြီး လေးနှစ်အတွင်း သိန်းပေါင်းနှစ်သောင်းသုံးထောင်ကျော်ထောက် ပံ့ပြီးဖြစ် ကြောင်း သတင်းရရှိသည်။
 အဆိုပါထောက်ပံ့မှုများကိုတပ်မတော်အထွေထွေသက်သာ ချောင်ချိရေးရန်ပုံငွေမှ ထောက်ပံ့ ပေးခြင်းဖြစ်ကြောင်း ယခုလ ၂၆ ရက်တွင်ပြုလုပ်သည့် အမျိုးသား  လွှတ်တော်အစည်းအဝေး၌ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောသည်။
အလားတူရှေ့တန်းတွင် မ ဟုတ်ဘဲ စစ်မှုထမ်းဆောင်နေချိန် သေဆုံးသော အရာရှိအား ကျပ်၁၃ သိန်း၊ အခြားအဆင့်အား ကျပ်နှစ်သိန်းနှုန်းဖြင့်လည်းကောင်း၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသူ များအား အရာရှိတစ်ဦးလျှင် ကျပ် ငါးသိန်း၊ အခြားအဆင့်တစ်ဦးလျှင် ကျပ်သုံးသိန်းနှုန်းဖြင့် ၂၀၁၀ ပြည့်နှစ် ဧပြီလမှစတင်ထောက်ပံ့ပေးလျက်ရှိကြောင်း ဒုတိယ၀န် ကြီးကပြောသည်။
ထို့အပြင်တပ်မတော်မှ အ ကြောင်းအမျိုးမျိုးကြောင့် အငြိမ်း စားယူ၊ နုတ်ထွက်ခဲ့ရသော တပ် မတော်သားများအား မြန်မာ့စီး ပွားရေးကော်ပိုရေးရှင်း(MEC) တွင် နေရာလစ်လပ်မှုများအ ရရာထူးခန့်ထားပေးမှု ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း   ဗိုလ်ချုပ်ကျော်ညွန့်ကပြောသည်။
တပ်မတော်တွင် တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့သူများ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသူ များနှင့်ကျဆုံးသူများ၏ ကျန်ရစ်သူမိသားစုများအတွက် ထောက် ပံ့မှုပြုလုပ်ထားခြင်းနှင့် ပတ်သက် ၍ အမျိုးသားလွှတ်တော်ကိုယ် စားလှယ်ဦးဖုန်းမြင့်အောင်၏ မေးမြန်းမှုအပေါ် ဒုတိယ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ် သည်။
‘‘တပ်မတော်အနေနဲ့က ဒီ ထောက်ပံ့မှုတွေကို ဦးပိုင်၊ မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်းစတဲ့ နေရာတွေက ရတဲ့ ရန်ပုံငွေနဲ့ ပေး အပ်ရတာဖြစ်မယ်။ ဒီထောက်ပံ့မှု က ဘတ်ဂျက်နဲ့ မဆိုင်ဘူး။ ဒါတွေကို ဘတ်ဂျက်နဲ့သွားရင် ဒီလောက်ဘယ်ထောက်ပံ့နိုင်မလဲ။ ဘတ် ဂျက်ကလည်း ဒီလောက်ဘယ်ရမလဲ’’ဟု လွှတ်တော်ကိုယ်စား လှယ်တစ်ဦးက ပြောသည်။
 ကိုယ်လက်အင်္ဂါများစွန့် လွှတ်ခဲ့ရသဖြင့် တပ်မတော်မှ  အငြိမ်းစားယူခဲ့ရသူများအတွက် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် MEC တို့တွင် အလုပ်အကိုင် များနေရာပေးခြင်း၊ အစုရှယ်ယာ ထည့်သွင်းပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိပြီး  အိမ်ရာများ ဆောက်လုပ်ပေးရန် စီစဉ်ပေး လျက်ရှိကြောင်း ဒုတိယ၀န်ကြီးက ပြောသည်။

7 Day Daily

No comments:

Post a Comment