Saturday, June 28, 2014

အာဂျင်တီးနား လူငယ် ကစားသမားလေး ဇူကူလီနီကို အပြီးသတ် ခေါ်ယူနိုင်ဖွယ် ရှိနေသည့် မန်စီးတီး

Photo: အာဂျင်တီးနား လူငယ် ကစားသမားလေး ဇူကူလီနီကို အပြီးသတ် ခေါ်ယူနိုင်ဖွယ် ရှိနေသည့် မန်စီးတီး
Saturday, June 28, 2014

မန်ချက်စတာ စီးတီး အသင်းသည် အာဂျင်တီးနား လူငယ် ကစားသမားလေး ဘရူနို ဇူကူလီနီကို အပြီးသတ် ခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု သိရှိရသည်။
 
ဇူကူလီနီသည် ဆေးစစ်မှု ခံယူရန်အတွက် မန်ချက်စတာမြို့သို့ လေယာဉ်ဖြင့် ပျံသန်းထွက်ခွာလာနေကြောင်း သိရသည်။ ပေါင်စတာလင် (၃)သန်းတန် အပြောင်းအရွှေ့အတွက် မန်စီးတီးနှင့် အာဂျင်တီးနားကလပ် ရေးဆင်းတို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ကစားသမားက အင်္ဂလန်တွင် ဆေးစစ်မှု ခံယူရန် ခရီးထွက်လာခြင်း ဖြစ်သည်။ အသက်(၂၁)နှစ်ရှိ ဇူကူလီနီသည် အရည်အသွေး ပြည့်ဝသည့် ကွင်းလယ်ကစားသမားလေး တစ်ဦးအဖြစ် အသိအမှတ် ပြုခံရသူဖြစ်ပြီး ၎င်းအသက် (၁၇)နှစ် ကတည်းက ရေးဆင်းတွင် ကစားခဲ့သူ ဖြစ်သည်။
 
ဇူကူလီနီသည် ရေးဆင်းတွင် ဘောလုံးရာသီ (၅)ခု ဖြတ်သန်းပြီး (၉၈)ပွဲထိ ကစားခဲ့ပြီးနောက် မန်စီးတီးက ၎င်းကို ကမ်းလှမ်းလာခြင်း ဖြစ်သည်။ မန်စီးတီးသည် ယခုနွေရာသီတွင် ဘာကလေဆက်ဂ်ညာနှင့် ဖာနန်ဒိုတို့ နှစ်ဦးကို ခေါ်ယူထားပြီး ဇူကူလီနီသည် အသင်းက တတိယမြောက် စာချုပ်မည့် ကစားသမားသစ် ဖြစ်လာဖွယ် ရှိနေသည်။ မန်စီးတီးသည် အသက်(၁၈)နှစ်သာ ရှိသေးသည့် ဘရာဇီးလ် ကွင်းလယ်တိုက်စစ် ကစားသမားလေး မားကို့စ် လိုပက်ဇ်ကိုမူ ပြင်သစ်ကလပ် လိုင်လီထံ အငှားစေလွှတ်ပေးခဲ့သည်။
 
မန်စီးတီးသည် ဗဟိုနောက်ခံ နေရာအတွက် လူသစ်ခေါ်ယူရန် ဆက်လက် ကြိုးပမ်းနေပြီး ပေါ်တိုမှ အီလိုင်ကွင်မ် မန်ဂါလာနှင့် ရိုးမားမှ မာဒီဘီနာရှားတို့ကို အဓိက ချိတ်ဆက်နေကြောင်းလည်း သိရှိရသည်။

SOCCER MYANMAR
မန်ချက်စတာ စီးတီးအသင်းသည် အာဂျင်တီးနား လူငယ်ကစားသမားလေး ဘရူနိုဇူကူလီနီကို အပြီးသတ် ခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု သိရှိရ သည်။
ဇူကူလီနီသည် ဆေးစစ်မှု ခံယူရန်အတွက် မန်ချက်စတာမြို့သို့ လေယာဉ်ဖြင့် ပျံသန်းထွက်ခွာလာနေကြောင်း သိရသည်။ ပေါင်စတာလင် (၃)သန်းတန် အပြောင်းအရွှေ့အတွက် မန်စီးတီးနှင့် အာဂျင်တီးနားကလပ် ရေးဆင်းတို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ကစားသမားက အင်္ဂလန်တွင် ဆေးစစ်မှု ခံယူရန် ခရီးထွက်လာခြင်း ဖြစ်သည်။ အသက်(၂၁)နှစ်ရှိ ဇူကူလီနီသည် အရည်အသွေး ပြည့်ဝသည့် ကွင်းလယ် ကစားသမားလေး တစ်ဦးအဖြစ် အသိအမှတ် ပြုခံရသူဖြစ်ပြီး ၎င်းအသက် (၁၇)နှစ် ကတည်းက ရေးဆင်းတွင် ကစားခဲ့သူ ဖြစ်သည်။

ဇူကူလီနီသည် ရေးဆင်းတွင် ဘောလုံးရာသီ (၅)ခု ဖြတ်သန်းပြီး (၉၈)ပွဲထိ ကစားခဲ့ပြီးနောက် မန်စီးတီးက ၎င်းကို ကမ်းလှမ်း လာခြင်း ဖြစ်သည်။ မန်စီးတီးသည် ယခုနွေရာသီတွင် ဘာကလေဆက်ဂ်ညာနှင့် ဖာနန်ဒိုတို့ နှစ်ဦးကို ခေါ်ယူထားပြီး ဇူကူလီနီသည် အသင်းက တတိယမြောက် စာချုပ်မည့် ကစားသမားသစ် ဖြစ်လာဖွယ် ရှိနေသည်။ မန်စီးတီးသည် အသက်(၁၈)နှစ်သာ ရှိသေးသည့် ဘရာဇီးလ် ကွင်းလယ်တိုက်စစ် ကစားသမားလေး မားကို့စ် လိုပက်ဇ်ကိုမူ ပြင်သစ်ကလပ် လိုင်လီထံ အငှားစေလွှတ်ပေးခဲ့သည်။

မန်စီးတီးသည် ဗဟိုနောက်ခံ နေရာအတွက် လူသစ်ခေါ်ယူရန် ဆက်လက် ကြိုးပမ်းနေပြီး ပေါ်တိုမှ အီလိုင်ကွင်မ် မန်ဂါလာနှင့် ရိုးမားမှ မာဒီဘီနာရှားတို့ကို အဓိက ချိတ်ဆက်နေကြောင်းလည်း သိရှိရသည်။

SOCCER MYANMAR

No comments:

Post a Comment