Saturday, June 21, 2014

လာဘ်ပေးလာဘ်ယူမှုဆိုသည့် စာသားများနေရာတွင် အဂတိလိုက်စားမှု အစားထိုးပြင်ဆင်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် အတည်ပြု

Photo: လာဘ်ပေးလာဘ်ယူမှုဆိုသည့် စာသားများနေရာတွင် အဂတိလိုက်စားမှု အစားထိုးပြင်ဆင်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် အတည်ပြု
Saturday, June 21, 2014

လာဘ်ပေးလာဘ်ယူမှုဆိုသည့် စာသားများနေရာတွင် အဂတိလိုက်စားမှု စာသားများကို အစားထိုးပြင်ဆင်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား နေပြည်တော်တွင် ဇွန် ၂၀ ရက်က ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သည်။

တမူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရွှေ တင်သွင်းသည့် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့် စပ်လျဉ်းပြီး ပြင်ဆင်ချက်အဆို တင်သွင်းထားသော တစ်ပိုဒ်ချင်းစီအလိုက် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးကာ လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

“ပြင်ဆင်တဲ့ ဥပဒေကြမ်းကို လွှတ်တော် အတည်ပြုလိုက်တယ်။ ပြင်ဆင်တဲ့ အချက်က လာဘ်ပေးလာဘ်ယူမှု စာသားနေရာကို အဂတိလိုက်စားမှု စာသားအဖြစ် ပြောင်းလိုက်တာဖြစ်တယ်။ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးစာသားနေရာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုတဲ့ စကားကို အစားထိုးတာ။ အဓိကက အဲဒါပဲ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

ဆက်လက်ပြီး ၎င်းက “ကော်မရှင်ဥက္ကဋ္ဌကို ပြည်ထောင်စုဝန်ကြီးအဖြစ် သတ်မှတ်တယ်။ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေကို ဒုဝန်ကြီးအဖြစ် သတ်မှတ်တယ်။ အဲဒါတွေပါပဲ” ဟု ပြောကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရွှေတင်သွင်းသည့် “အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကို ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် တင်သွင်းခဲ့ပြီး အစီရင်ခံစာများ ရှင်းလင်းဖတ်ကြားသည်။

အဆိုပါ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြင်ဆင်ချက်အဆို တင်သွင်းထားသည့် ဥပဒေကြမ်းကော်မတီနှင့် သံတွဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရဲထွန်းတို့က သက်ဆိုင်ရာ အပိုဒ်အလိုက် ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က လိုအပ်သည်များကို ရှင်းလင်း ဆွေးနွေးခဲ့သည်။ 

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုသည် လူ့အသိုင်းအ၀ိုင်းအတွင်း ယဉ်ကျေးမှုတစ်ခုသဖွယ် ဖြစ်လာခြင်းသည် နိုင်ငံအတွက် ၀မ်းနည်းစရာ၊ ရင်လေးစရာဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက နေပြည်တော်ရှိ MICC ၌ ပြုလုပ်ခဲ့သည့် ပွင့်လင်းမြင်သာရေးနှင့် ဖြောင့်မတ်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားထားသည်။

သမ္မတ ဦးသိန်းစိန်ကလည်း ၂၀၁၁ ခုနှစ် မတ် ၃၁ ရက်တွင် ပြုလုပ်ခဲ့သည့် မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနား၌ အစိုးရဌာနများတွင် ဖြစ်ပေါ်နေသည့် လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များကို တိုက်ဖျက်သွားရန် ထည့်သွင်းပြောကြားသည်။

မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု အဆိုးရွားဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်နေကြောင်း နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (Transparency International) ၏ ၂၀၁၃ ခုနှစ် ကမ္ဘာ့အဂတိလိုက်စားမှု အခြေအနေ အစီရင်ခံစာ စစ်တမ်းအရ သိရပြီး မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၇၇ နိုင်ငံအနက် ၁၅၇ အဆင့်တွင် ရှိနေသည်။

Eleven Media Group 

နေပြည်တော်တွင် ပြုလုပ်နေသော လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်နေသော လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ် 

No comments:

Post a Comment