Saturday, June 7, 2014

မြန်မာ-တရုတ် နယ်နိမိတ်မှတ်တိုင်များ ပြန်တိုင်း၍ တိုးချဲ့စိုက်ထူမည်

 မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နယ်နိမိတ်ပိုင် ဆိုင်မှုမထင်မရှားဖြစ်နေသည့် နေရာများရှိ နယ်စပ်မျဉ်းအမှတ် အသားများကို နှစ်ဖက်ပူးတွဲ ကွင်းဆင်းအဖွဲ့က ပြန်လည်တိုင်း တာခဲ့ပြီး နယ်စပ်မှတ်တိုင်များ တပ်တိုးစိုက်ထူရန် နှစ်ဖက် ညှိ နှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ  သ တင်းရရှိသည်။
ထို့အပြင်ပိုင်ဆိုင်မှုမရှင်း လင်းသည့် နယ်နိမိတ်ကို ကျော် လွန်စိုက်ပျိုးထားသော နှစ်ဖက် ဒေသခံ များကို နှစ်ဖက်အစိုးရ အာဏာပိုင်များက ပြေလည်မှု ရရှိသည်အထိ အသိပညာပေး ညှိ နှိုင်းဖြေရှင်း သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံ ရေးရာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်ဇေယျက ပြောကြားသည်။
‘‘နယ်စပ်မှာ တိုင်တစ်တိုင် ကို ကျိုးပဲ့လို့ ပြင်တာကအစ တစ် ဖက်တည်းသဘောနဲ့ လုပ်လို့မရ ဘူး။ လယ်သမားတစ်ယောက် ထွန်စက်နဲ့ နယ်စပ်တိုင်ကို ထိမိလို့ကျိုးပဲ့သွားရင်တောင် ဓာတ်ပုံ ရိုက်၊ မူလအနေအထားနဲ့ နှိုင်း ယှဉ်ပြီး   နှစ်ဖက်တာဝန်ရှိသူနဲ့ သက်သေတွေပါမှ လုပ်လို့ ရတယ်။နယ်နိမိတ်ဆိုတာ မြေပုံပေါ်မှာ ကြည့်ရင်သာ ဖြောင့်တန်းနေ တာ။ တကယ့်မြေပြင်မှာကျတော့ ဘယ်နားကောက်ကွေ့နေတယ် ဆိုတာ ဒေသခံတွေလည်း မသိ ဘူး။ ဒီတော့ တစ်ဖက်နဲ့ တစ်ဖက် ကျော်လွန်ပြီး စိုက်ပျိုးမိတာရှိ တယ်။ အခုပြဿနာကလည်း နယ်နိမိတ်မရှင်းလင်းတဲ့ နေရာ မှာဖြစ်တာပါ။ အမြန်ဆုံးညှိနှိုင်း ပြေလည်အောင် လုပ်ပါမယ်’’ဟု ၎င်းကပြောသည်။
ထို့အပြင်နယ်နိမိတ်မှတ် တိုင်များ  တစ်တိုင်နှင့် တစ်တိုင် ဝေးကွာလွန်းသည့်အတွက် တိုင် များအကြားနေရာလွတ်များတွင် မည်သူက ပိုင်ဆိုင်သည်ဆိုခြင်း မှာ အငြင်းပွားစရာဖြစ်နေသဖြင့် ထပ်တိုးမှတ်တိုင်များ စိုက်ထူသွား မည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူ ဆယ်မြို့ရှိ နယ်နိမိတ်မိုင်တိုင် S 78-1 နှင့် S 79အကြား၊ နမ့်ခမ်း မြို့ရှိ S 62-1 နှင့် S 63 ကြား နယ်နိမိတ်သွယ်တန်းမှုမရှင်း လင်းသည့်နေရာများတွင် အငြင်း ပွားမှုများဖြစ်ပေါ်ခဲ့ပြီးနောက် နှစ် ဖက်ပူးတွဲကွင်းဆင်းအဖွဲ့က မေ လ ၂၇ ရက်မှ ၃၁ ရက်အထိ တိုင်းတာစစ်ဆေးခဲ့သည်။
၁၉၆၀ပြည့်နှစ်ကတည်းက နယ်နိမိတ်စာချုပ်နှင့် မြေပုံများ ချုပ်ဆိုပြုလုပ်ခဲ့ပြီး ၁၉၉၃ ခုနှစ် တွင် နောက်ဆုံးတိုင်းတာခဲ့ရာ ရွှေလီမြစ်အတွင်း နယ်နိမိတ် မျဉ်းမှာ ယခုကုန်းမြေဖြစ်သွားသ ဖြင့် ယင်းနေရာကို နှစ်ဖက်ဒေသ ခံတို့က ကျော်လွန်စိုက်ပျိုးမှုပြုခဲ့ ခြင်းဖြစ်ကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
နယ်မြေတိုင်းတာမှုနှင့် ပတ် သက်၍ အဆင့်ဆင့်တင်ပြစိစစ် နေသည့် ကာလအတွင်း မြန်မာ တောင်သူ လယ်သမားများအနေ ဖြင့် ယခုလက်ရှိအနေအထားအ တိုင်းသာ ပုံမှန်ဆက်လက်စိုက် ပျိုးသွားနိုင်ကြောင်း နမ့်ခမ်းမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း က သျှမ်းသံတော်ဆင့်သတင်းစာ တွင် ဖြေကြားထားသည်။
မြန်မာပိုင်နက်အတွင်းဟု နမ့်ခမ်းဒေသခံများက ပြောကြား ထားသည့်လယ်ကွင်းအတွင်း တရုတ်နိုင်ငံဘက်မှ  မှတ်တိုင် လာရောက်စိုက်ထူခြင်း၊ ညောင် ပင်များ စိုက်ပျိုးခြင်း တို့ကြောင့်  မြန်မာဒေသခံ များက မှတ်တိုင် များကို နုတ်ပစ်ခြင်း၊ မီးရှို့ခြင်း၊  အပင်များကို နုတ် ပစ်ခြင်းတို့ ပြုလုပ်ခဲ့သည်။
ယခုနှစ်ဖက်ညှိနှိုင်းဆွေး နွေးနေသည့်ကာလအတွင်း မီးရှို့ ခြင်း၊ မိုင်တိုင်များနုတ်ပစ်ခြင်း တို့ကို မပြုလုပ်ရန် နမ့်ခမ်းဒေသခံ များကို မြို့နယ်မှူးက ခေါ်ယူဆွေးနွေးထားကြောင်း   သတင်းရရှိ သည်။

7 Day Daily

No comments:

Post a Comment