Sunday, June 22, 2014

စစ်ကျန်ဗုံးသီးဟောင်းနှင့်ကျည်ဆန်ဟောင်းများ တူးဖော်တွေ့ရှိ

Photo: စစ်ကျန်ဗုံးသီးဟောင်းနှင့်ကျည်ဆန်ဟောင်းများ တူးဖော်တွေ့ရှိ
Sunday, June 22, 2014 

မန္တလေးတိုင်းဒေသကြီးကျောက် ပန်းတောင်းမြို့နယ် စိတ္ထိန်းကျေးရွာ အုပ်စု စိတ္ထိန်းတောင်ရွာရှိ ကျေးလက် ကျန်းမာရေးဌာနခွဲတွင် ဇွန်၂ဝ ရက် နံနက် ၇ နာရီက ညစောင့်နေအိမ်တဲ ဆောက်လုပ်ရန်အတွက် ပင်မ အဆောက်အအုံ၏ မြောက်ဘက် ၄၆ ပေအကွာတွင် ပန်းရန်ဆရာ ဦးမိုးမြင့် ဇော်နှင့်အဖွဲ့က မြေကျင်းတူးဖော်ရာ အနက် ၁ ဒသမ ၅ ပေအရောက်တွင် ဂျပန်ခေတ် စစ်လက်ကျန်ဟု ယူဆရ သော ဗုံးသီးဟောင်းနှင့် လေယာဉ်ပစ် ကျည်များ၊ မိုင်းဟောင်းများတွေ့ရှိ၍တူးဖော်ထုတ်ယူခဲ့ပြီး ဗုံးသီးနှင့် ကျည် ဟောင်း ၁၇၅ လုံး တူးဖော်အပြီးတွင် မြေကျင်းအတွင်း၌ များစွာကျန်ရှိသေး ကြောင်းသိရသဖြင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်တင့်ထံအကြောင်းကြားခဲ့ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် နယ်မြေခံတပ်နယ်တာဝန်ရှိသူများထံ ဆက်သွယ်အကြောင်းကြားခဲ့သဖြင့် ကျောက်ပန်းတောင်းရဲတပ်ဖွဲ့စခန်းမှ ဒုတိယမြို့နယ်မှူးမင်းသိန်း၊ ပုပ္ပား ရဲစခန်းမှ ခေတ္တစခန်းမှူးဒုရဲအုပ်ဇော် ဖုန်းရှိန်တို့ ကနဦးရောက်ရှိစစ်ဆေး၍ လုံခြုံရေး တာဝန်ယူထားခဲ့ကြောင်း သိရသည်။

အဆိုပါ တူးလက်စမြေကျင်း အတွင်းမှ ကျန်ရှိနေသော ဗုံးသီး ဟောင်းနှင့် ကျည်ဆန်ဟောင်းများကို နယ်မြေခံတပ်နယ် တပ်ရင်းများမှ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးစောထွန်းဝင်းနှင့် စစ် မြေပြင်အင်ဂျင်နီယာတပ်မှ တာဝန် ရှိသူများ ရောက်ရှိစစ်ဆေးကြပြီး ဆက်လက်တူးဖော်ခဲ့ရာ စစ်ကျန်မိုင်း၊ ဗုံးသီး၊ ကျည်ဖူး ၇၇ လုံးနှင့် ဒလက် အကျိုးအပျက်လေးခု၊ ထိပ်ဖူး အပျက်တစ်ခုထပ်မံတူးဖော်တွေ့ရှိခဲ့ သည် တူးဖော်တွေ့ရှိသည့် စစ်ကျန်မိုင်း၊ ဗုံးသီး၊ ကျည်ဟောင်း စုစုပေါင်း ၂၅၂ လုံး၊ ဒလက်အကျိုး အပျက်လေးခုနှင့် ထိပ်ဖူးအပျက်တစ် ခုတို့ဖြစ်ပြီး ၄င်းတူးဖော်တွေ့ရှိသည့် စစ်ကျန်ဗုံးသီးနှင့် ကျည်ဟောင်းများ ကို စနစ်တကျ စစ်ဆေးဖျက်ဆီးနိုင်ရန် အတွက် နယ်မြေခံတပ်နယ်မှ သိမ်းဆည်းသွားကြောင်း သိရ သည်။ 

The Mirror Daily
မန္တလေးတိုင်းဒေသကြီးကျောက် ပန်းတောင်းမြို့နယ် စိတ္ထိန်းကျေးရွာ အုပ်စု စိတ္ထိန်းတောင်ရွာရှိ ကျေးလက် ကျန်းမာရေးဌာနခွဲတွင် ဇွန်၂ဝ ရက် နံနက် ၇ နာရီက ညစောင့်နေအိမ်တဲ ဆောက်လုပ်ရန်အတွက် ပင်မ အဆောက်အအုံ၏ မြောက်ဘက် ၄၆ ပေအကွာတွင် ပန်းရန်ဆရာ ဦးမိုးမြင့် ဇော်နှင့်အဖွဲ့က မြေကျင်းတူးဖော်ရာ အနက် ၁ ဒသမ ၅ ပေအရောက်တွင် ဂျပန်ခေတ် စစ်လက်ကျန်ဟု ယူဆရ သော ဗုံးသီးဟော င်းနှင့် လေယာဉ်ပစ် ကျည်များ၊ မိုင်းဟောင်းများတွေ့ရှိ၍တူးဖော်ထုတ်ယူခဲ့ပြီး ဗုံးသီးနှင့် ကျည် ဟောင်း ၁၇၅ လုံး တူးဖော်အပြီးတွင် မြေကျင်း အတွင်း၌ များစွာကျန်ရှိသေး ကြောင်းသိရသဖြင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်တင့်ထံ အကြောင်းကြားခဲ့ ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် နယ်မြေခံတပ်နယ်တာဝန်ရှိသူများထံ ဆက်သွယ်အကြောင်းကြားခဲ့သဖြင့် ကျောက်ပန်းတောင်းရဲတပ်ဖွဲ့စခန်းမှ ဒုတိယမြို့နယ်မှူးမင်းသိန်း၊ ပုပ္ပား ရဲစခန်းမှ ခေတ္တစခန်းမှူးဒုရဲအုပ်ဇော် ဖုန်းရှိန်တို့ ကနဦးရောက်ရှိ စစ်ဆေး ၍ လုံခြုံရေး တာဝန်ယူထားခဲ့ကြောင်း သိရသည်။
အဆိုပါ တူးလက်စမြေကျင်း အတွင်းမှ ကျန်ရှိနေသော ဗုံးသီး ဟောင်းနှင့် ကျည်ဆန်ဟောင်းများကို နယ်မြေခံတပ်နယ် တပ်ရင်းများမှ တာဝန် ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးစောထွန်းဝင်းနှင့် စစ်မြေပြင်အင်ဂျင်နီယာတပ်မှ တာဝန်ရှိသူများ ရောက်ရှိစစ်ဆေးကြပြီး ဆက်လက် တူးဖော်ခဲ့ရာ စစ်ကျန်မိုင်း၊ ဗုံးသီး၊ ကျည်ဖူး ၇၇ လုံးနှင့် ဒလက် အကျိုးအပျက်လေးခု၊ ထိပ်ဖူး အပျက်တစ်ခုထပ်မံတူးဖော်တွေ့ရှိခဲ့ သည် တူးဖော်တွေ့ရှိသည့် စစ်ကျန်မိုင်း၊ ဗုံးသီး၊ ကျည်ဟောင်း စုစုပေါင်း ၂၅၂ လုံး၊ ဒလက်အကျိုး အပျက်လေးခုနှင့် ထိပ်ဖူးအပျက်တစ် ခုတို့ဖြစ်ပြီး ၄င်း တူးဖော်တွေ့ရှိသည့် စစ်ကျန်ဗုံးသီးနှင့် ကျည်ဟောင်းများ ကို စနစ်တကျ စစ်ဆေးဖျက်ဆီးနိုင်ရန် အတွက် နယ်မြေခံတပ်နယ်မှ သိမ်းဆည်း သွားကြောင်း သိရ သည်။

The Mirror Daily

No comments:

Post a Comment