Thursday, June 19, 2014

KNU/ KNLA တံဆိပ်ပါ လိုင်စင်မဲ့ကားများ ပြည်မြို့တွင် ဖမ်းဆီး

ယာဉ်နှင့်ပတ်သက်သည့် သက်သေအထောက်အထား တစ်စုံတစ်ရာ မပြနိုင်သည့် KNU/KNLA တံဆိပ်ပါ လိုင်စင်မဲ့ကား နှစ်စီး ဇွန် ၁၇ ရက်က ပြည်မြို့တွင် ဖမ်းဆီးရမိခဲ့သည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
နံနက် ၁၁ နာရီ ၄၅ အချိန်က ပြည်န၀င်းရပ်ကွက်၊ သံတစ်ချောင်းလမ်း၊ ယဉ်ကျေးမှုခန်းမရှေ့တွင် ရွာဘဲ ရပ်ကွက်၊ မူယာပင်ရပ် ဗိုလ်ချုပ်လမ်းနေသူ ဦးအေးကြူ မောင်းနှင်လာသည့် KNU/KNLA PC 7D/0182 TOYOTA MARK II ခဲမဲရောင်ကားကို ယာဉ်ထိန်းရဲက စစ်ဆေးခဲ့သည်။

အဆိုပါယာဉ်သည် အင်ဂျင်အမှတ် (၁၁၀၆၈၁၃) ဘောင်အမှတ် (ဲဇဌ၁၁၀-၆၀၁၄၃၈၄) မော်ဒယ် (၂၀၀၁) ဖြစ်ပြီး ယာဉ် နှင့်ပတ်သက်သည့် သက်သေအထောက်အထား တစ်စုံတစ်ရာ ပြနိုင်ခြင်းမရှိသဖြင့် ရှာဖွေ ပုံစံပြုလုပ်သိမ်းဆည်းခဲ့သည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်က ပြောသည်။

နေ့လယ် ၁၂ နာရီခွဲအချိန်က ပြည်မြို့ န၀င်းရပ်ကွက်၊ ရွှေတစ်ချောင်းလမ်း အ.လ.က(၂)ကျောင်းရှေ့တွင် အမှတ် (၁၀) ယာဉ်ထိန်းတပ်ဖွဲ့စု(ပြည်)မှ ဒု-တပ် ကြပ်မြင့်ဇော်ဦးသည် ယာဉ်/လမ်းစည်းကမ်း ထိန်းသိမ်း ရေး ဆောင်ရွက်နေစဉ် ပေါက်ခေါင်းမြို့(၄)ရပ်ကွက်၊ ပိတောက်မြိုင်လမ်းနေသူ ဦးထွန်းနိုင်လင်း မောင်းနှင် လာသည့် KA/9121 TOYOTA MARK II ခဲရောင်ကို စစ်ဆေးခဲ့သည်ဟု ဆိုသည်။

အဆိုပါယာဉ်သည် အင်ဂျင်အမှတ် (1G/FE) ဘောင်အမှတ် (GX 110-6004616) မော်ဒယ် (၂၀၀၀)ဖြစ် ပြီး ယာဉ် နှင့်ပတ်သက်သည့် သက်သေအထောက်အထား တစ်စုံတစ်ရာ ပြနိုင်ခြင်းမရှိသဖြင့် ယာဉ်ထိန်းရဲ တပ်စုမှူးရုံးသို့ ခေါ်ဆောင် မောင်းနှင်ကာ ရှာဖွေပုံစံပြုလုပ် သိမ်းဆည်းခဲ့ကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်က ပြောသည်။

ထိုသို့သိမ်းဆည်းရမိသဖြင့် လိုင်စင်မဲ့ကား လက်ဝယ်ထားရှိသုံးစွဲသူ ဦးထွန်းနိုင်လင်းနှင့် ဦးအေးကြူတို့အား ပြည်မြို့ အမှတ်(၁)ရဲစခန်းတွင် ပို့/သွင်း ပုဒ်မ ၈/ ၁၀ ဖြင့် အမှုဖွင့်ဖမ်းဆီး စစ်ဆေးလျက် ရှိသည်။

Mizzima

No comments:

Post a Comment