Monday, June 30, 2014

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ညှိနှိုင်းရေးဆွဲနေတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် (NCA) ကို အပြီးသတ် အတည်ပြု ချက်ရယူ ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံကို ကေအိုင်အို ဌာနချုပ် လိုင်ဇာမှာ ပြုလုပ်ဖို့ ရှိပါတယ

Photo: အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ညှိနှိုင်းရေးဆွဲနေတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် (NCA) ကို အပြီးသတ် အတည်ပြု ချက်ရယူ ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံကို ကေအိုင်အို ဌာနချုပ် လိုင်ဇာမှာ ပြုလုပ်ဖို့ ရှိပါတယ်

ဇွန် ၃၀ ရက် ၂၀၁၄ ခုနှစ်

တတိယအကြိမ် ကျင်းပမယ့် ဒီညီလာခံဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မပြုလုပ်မီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးကြား နောက်ဆုံးထိပ်သီး ညှိနှိုင်းအစည်းအဝေး ဖြစ်လာဖွယ်ရှိတယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ပြောဆိုကြပါတယ်။

လိုင်ဇာညီလာခံကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က စီစဉ်ပြုလုပ်တာဖြစ်ပါတယ်။ ညီလာခံကို ဇူလိုင်လ တတိယပတ်အတွင်းမှာ ကျင်းပဖို့ စီစဉ်နေတယ်လို့ KIOခေါင်းဆောင် တချို့က ပြောပါတယ်။

လိုင်ဇာ ညီလာခံအပြီးမှာ အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များ နှစ်ဖက်သဘောတူ ချုပ်ဆိုမည့် NCA စာချုပ်ကို အပြီးသတ် သဘောတူညှိနှိုင်းနိုင်ဖွယ် ရှိပြီးတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို သြဂုတ်လမတိုင်မီ လုပ်ဆောင်ဖို့ နှစ်ဘက်သဘောထားကြပါတယ်။ လိုင်ဇာထိပ်သီး ညီလာခံလုပ်ပြီးရင် အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေ ထပ်တွေ့ဖြစ်မယလို့ မြန်မာငြိမ်းချမ်းရေးစင်တာ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက အတည်ပြုပါတယ်။

ညီလာခံ ကျင်းပရေးနဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှုတွေအတွက် MPC အဖွဲ့ဝင်တချို့ဟာ အလွတ် သဘောခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ဒီရက်ပိုင်းအတွင်း သွားဖို့ရှိပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ညှိနှိုင်းအစည်း အဝေးတွေ ကိုလည်း ချင်းမိုင်မြို့မှာပဲ ပြုလုပ်ဖို့ ရှိတယ်လို့ MPC နဲ့ တိုင်းရင်းသားအဖွဲ့တွေက ပြောပါတယ်။

ညီလာခံမတိုင်မီ ဇူလိုင်လဆန်းတွင် NCCT က ငြိမ်းချမ်းရေး ဖြစ်စဉ်တွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ နှစ်စောင်ပြုစုပြီးတော့ သက်ဆိုင်ရာ ထိပ်သီးခေါင်း ဆောင်တွေကို ပေးပို့အစီရင်ခံသွားဖို့ ရှိတယ်လို့ ဦးလှမောင်ရွှေက ဆိုပါတယ်။ အစီရင်ခံစာမှာတော့ ဆောင်ရွက်ပြီးမှု၊ အခက်အခဲနဲ့ ရွေးချယ်ဖို့ နည်းလမ်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။ သမိုင်းတစ်လျှောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အများဆုံးပါဝင်တဲ့ သမိုင်းဝင် လက်နက်ကိုင် ထိပ်သီးညီလာခံကို ကချင်ပြည်နယ် KIO ဌာနချုပ် လိုင်ဇာမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ လေးရက်ကြာ ကျင်းပခဲ့ပါတယ်။ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်မူဘောင်သတ်မှတ်တာ၊ NCCT ကို ဖွဲ့စည်းတာတွေ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

Credit To:The Voice Weekly
တတိယအကြိမ် ကျင်းပမယ့် ဒီညီလာခံဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မပြုလုပ်မီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးကြား နောက်ဆုံး ထိပ်သီး ညှိနှိုင်းအစည်းအဝေး ဖြစ်လာ ဖွယ်ရှိတယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ပြောဆိုကြပါတယ်။

လိုင်ဇာညီလာခံကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က စီစဉ်ပြုလုပ် တာဖြစ်ပါတယ်။ ညီလာခံကို ဇူလိုင်လ တတိယပတ် အတွင်းမှာ ကျင်းပဖို့ စီစဉ်နေတယ်လို့ KIOခေါင်းဆောင် တချို့က ပြောပါတယ်။

လိုင်ဇာ ညီလာခံအပြီးမှာ အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များ နှစ်ဖက်သဘောတူ ချုပ်ဆိုမည့် NCA စာချုပ်ကို အပြီးသတ် သဘောတူညှိနှိုင်းနိုင်ဖွယ် ရှိပြီးတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို သြဂုတ်လမတိုင်မီ လုပ်ဆောင်ဖို့ နှစ်ဘက် သဘောထားကြပါတယ်။ လိုင်ဇာထိပ်သီး ညီလာခံလုပ်ပြီးရင် အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေ ထပ်တွေ့ဖြစ်မယလို့ မြန်မာငြိမ်းချမ်းရေးစင်တာ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက အတည်ပြုပါတယ်။

ညီလာခံ ကျင်းပရေးနဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှုတွေ အတွက် MPC အဖွဲ့ဝင်တချို့ဟာ အလွတ် သဘောခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ဒီရက်ပိုင်းအတွင်း သွားဖို့ရှိပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ညှိနှိုင်းအစည်း အဝေးတွေ ကိုလည်း ချင်းမိုင်မြို့မှာပဲ ပြုလုပ်ဖို့ ရှိတယ်လို့ MPC နဲ့ တိုင်းရင်းသားအဖွဲ့တွေက ပြောပါတယ်။

ညီလာခံမတိုင်မီ ဇူလိုင်လဆန်းတွင် NCCT က ငြိမ်းချမ်းရေး ဖြစ်စဉ်တွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ နှစ်စောင်ပြုစုပြီးတော့ သက်ဆိုင်ရာ ထိပ်သီးခေါင်း ဆောင်တွေကို ပေးပို့အစီရင်ခံသွားဖို့ ရှိတယ်လို့ ဦးလှမောင်ရွှေက ဆိုပါတယ်။ အစီရင်ခံစာမှာတော့ ဆောင်ရွက်ပြီးမှု၊ အခက်အခဲနဲ့ ရွေးချယ်ဖို့ နည်းလမ်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။ သမိုင်းတစ်လျှောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အများဆုံးပါဝင်တဲ့ သမိုင်းဝင် လက်နက်ကိုင် ထိပ်သီးညီလာခံကို ကချင်ပြည်နယ် KIO ဌာနချုပ် လိုင်ဇာမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ လေးရက်ကြာ ကျင်းပခဲ့ပါတယ်။ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်မူဘောင်သတ်မှတ်တာ၊ NCCT ကို ဖွဲ့စည်း တာတွေ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

Credit To:The Voice Weekly

No comments:

Post a Comment