Wednesday, June 4, 2014

တပ်ကုန်း ဦးစန်းလွင်အား NLD မှ တရားစွဲလျှင် မြန်မာအမျိုးသား ကွန်ရက်က ကူညီမည်

Photo: တပ်ကုန်း ဦးစန်းလွင်အား NLD မှ တရားစွဲလျှင် မြန်မာအမျိုးသား ကွန်ရက်က ကူညီမည်
Wednesday, June 4, 2014

တပ်ကုန်းမြို့နယ် NLD ပါတီက ဦးစန်းလွင်အား ဥပဒေကြောင်းအရ အရေးယူလာစေရန် တပ်ကုန်းမြို့နယ် ရဲစခန်းအား ဖိအားပေးနေသည့်အချိန်တွင် ဦးစန်းလွင်အား အပြည့်အ၀ ကူညီမည် ဟု မြန်မာအမျိုးသားကွန်ရက်က ထုတ်ဖော် ပြောကြားသည်။ 

ဒေါ်အောင်ဆန်းစုကြည် နှင့် စကားပြောဆိုခဲ့သော ပြည်သူတစ်ဦး အဖိုးကြီးအား NLD မှ တရားစွဲဆိုမည်ဆိုလျှင် အဖိုးကြီး ဦးစု နှင့် ဆက်သွယ်၍ တရားစရိတ် ကူညီထောက်ပံ့သွားမည် ဖြစ်ကြောင်း မြန်မာအမျိုးသားကွန်ရက်မှ ဦးဆောင်သူ ဦးနေမျိုးဝေက ဆိုသည်။

တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ရှေးရှု၍ လုပ်ဆောင်ရန် ဦးစန်းလွင်မှ ပြောဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည်က ကျွန်မက အစိုးရလား ၊ တိုင်းပြည် တည်ငြိမ်အေးချမ်းအောင် အစိုးရက လုပ်ရမှာလေ လို့ ပြောဆိုရာ ဦါ်စန်းလွင်မှ တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့ အားလုံးနဲ့ဆိုင်တယ် ၊ မတည်ငြိမ်ရင် ထိုင်းမှာ ဖြစ်နေတာကို ကြည့် တပ်က အာဏာသိမ်းသွားလိမ့်မည်ဟု ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ၈၈ တုန်းကလည်း ပြည်သူတွေ ခံခဲ့ရပြီးပြီး တိုင်းပြည်မှာ ဆူဆူပူပူမဖြစ်အောင် အဓိက ရည်ရွယ်၍ ပြောဆိုခဲ့သော ဦးစန်းလွင်ကို NLD ပါတီမှ တရားစွဲမည်ဆိုက တရားရေးစရိတ်များအတွက် ကူညီထောက်ပံ့ရန် ဆက်သွယ်ပြောဆိုလာသူများ ရှိသည့် အကြောင်း၊ သူတို့နှစ်ယောက် အခြေအတင် ပြောပြီးတဲ့ ညကတည်းက ဦးစန်းလွင်ကို လှူချင်လို့ ထောက်ပံ့ဖို့ အစီအစဉ်ရှိလားလို့ လှမ်းမေးသူ ရှိကြောင်း၊ မဆိုင်ဘူးလေ မလုပ်ရဘူးလို့ ပြန်ပြောခဲ့ကြောင်း၊ အခုလို NLD က တရားစွဲမယ်ဆိုရင်တော့ ဆိုင်ပြီဖြစ်ကြောင်း ဦးနေမျိုးဝေက ဆိုသည်။

ပြည်သူတစ်ယောက်နဲ့ ရန်ဖက်ဖြစ်ပြီး ပြည်သူကို တရားစွဲအုံးမယ်ဆိုတာ ယုတ်တိမရှိတဲ့ ခေါင်းဆောင်ကောင်း မဆန်တဲ့လုပ်ရပ်ကို ပေါ်လွင်သွားတာပေါ့ဗျာ။ သူတို့ကမှ တရားစွဲအုံးမယ်ဆိုရင် ကျွန်မတို့ကလည်း အဖိုးကြီးဒုက္ခမရောက်အောင်တော့ ကူညီရမှာပဲဟု ထောက်ပံ့ကူညီလိုသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

NLD က ဦးစန်းလွင်ကို တရားစွဲဆိုမည် ဆိုလျှင် ကိုယ့်သေတွင်းကိုယ် တူးခြင်း ဖြစ်ကြောင်း၊ ဦးသိန်းစိန်ကို မိုးသီးဇွန်က ဖိနပ်နဲ့ ပေါက်တော့ သမ္မတကြီးက ခွင့်လွှတ်ခဲ့ကြောင်း NLD က တရားစွဲလျှင် အခြေအနေဆိုးသွားနိုင်ကြောင်း ဦးနေမျိုးဝေက ပြောသည်။

“ဗိုလ်ကျားသေနတ်သီအိုရီဆိုတာ ကလေးတွေ ငယ်ငယ်က ကစားတဲ့ ဗိုလ်ကျားသေနတ် ကိုယ်ကြိုက်တာကိုယ်လုပ် ဆိုတဲ့ကစားနည်း ပေါ့ ။ NLD အတွက် ဆွန်ဇူးရဲ့ စစ်ပညာကျမ်းတွေ ဆို စာလေးနေမှာဆိုးလို့ ဗိုလ်ကျားသေနတ်ပဲ ကစားခိုင်းလိုက်မယ် ။ကလေးတွေ ကစားရင် - ဗိုလ်က သေနတ်ကို နိုင်တယ် သေနတ်က ကျားကို နိုင်တယ် - ကျားကျတော့ ဗိုလ်ကိုနိုင်ပြန်ရော - အဲဒါ လေးနက်တဲ့ သီအိုကိုထုတ်နုတ်ထားတာဗျ ။
ဗိုလ်ဆိုတာ စည်းမျဉ်းစည်းကမ်း အပြည့်အ၀ - စိတ်ပိုင်းဆိုင်ရာ ဆင်ခြင်စဉ်းစားမှု အပြည့်အ၀ - တိုက်ရည်ခိုက်ရည် - အတန်အသင် ရုပ်ခွန်အားအတန်အသင့်ပေါ့ ။
သေနတ်ဆိုတာကတော့ - စည်းမျဉ်းစည်းကမ်း နဲ့ ဆင်ခြင်ဥာဏ်အောက်က လာတဲ့ သေစေတဲ့ လက် နက် ။ ကျားဆိုတာကတော့ ရုပ်ပိုင်းဆိုင်ရာ အမြင့်ဆုံးဂုဏ်သတ္တိလို့ ယူပေါ့ဗျာ ။ ကျန်တဲ့ နှောင်ကြိုးမဲ့ ။ရန်သူနဲ့တွေ့တဲ့အခါ ကိုယ်အခြေအနေနဲ့ သူ့အခြေအနေကို ချိန်ဆဖို့လိုပါတယ် - ကိုယ်က ဗိုလ်ဆိုရင် ကျားနဲ့ ရင်ဆိုင်လို့မသင့်တော်ဘူး ဘလော့လိုက် ။ ဒါမှမဟုတ် သေနတ်ကို လွှတ်လိုက်။ ဒီကလေးဘ၀ကတည်းက သိလာတဲ့ သီအိုရီလောက်တောင် မစဉ်းစားတတ်ရင်တော့ NLD က ကိုနီကိုပဲ သမ္မတခန့်လိုက်ရန်သာ ရှိတော့တယ်” ဟု ယင်းက ဆိုသည်။ 

တပ်ကုန်းမှ ကြားသိရသော သတင်းများအရ တပ်ကုန်းမှ NLD ပါတီ လူငယ်များက ဦးစန်းလွင်ကို စောင့်ကြည့်နေသောကြောင့် ဦးစန်းလွင်အနေဖြင့် သတိထားနေရကြောင်း၊ တပ်ကုန်းမြို့နယ် NLD ပါတီကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် တပ်ကုန်းမြို့နယ် ရဲတပ်ဖွဲ့သို မကြာခဏ ဆက်သွယ်ကာ ဦးစန်းလွင် အပါအ၀င် ခွင့်ပြုချက် မယူသော ဆန္ဒပြသူများအား ပြင်းပြင်းထန်ထန် အရေးယူပေးရန် ဖိအားပေးလျက် ရှိကြောင်း၊ သို့သော် တရားစွဲမည့် သတင်းများ ထွက်ပေါ်လာပြီးနောက် မြို့နယ် NLD မှ ရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မှုများ မရှိသေးကြောင်း သိရှိရသည်။

ပြည်သူ့အာဏာ
တပ်ကုန်းမြို့နယ် NLD ပါတီက ဦးစန်းလွင်အား ဥပဒေကြောင်းအရ အရေးယူလာစေရန် တပ်ကုန်းမြို့နယ် ရဲစခန်းအား ဖိအားပေးနေသည့်အချိန်တွင် ဦးစန်းလွင်အား အပြည့်အ၀ ကူညီမည် ဟု မြန်မာအမျိုးသား ကွန်ရက်က ထုတ်ဖော် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် စကားပြောဆိုခဲ့သော ပြည်သူတစ်ဦး အဖိုးကြီးအား NLD မှ တရားစွဲဆိုမည် ဆိုလျှင် အဖိုးကြီး ဦးစု နှင့် ဆက်သွယ်၍ တရားစရိတ် ကူညီထောက်ပံ့ သွားမည် ဖြစ်ကြောင်း မြန်မာ အမျိုးသားကွန်ရက်မှ ဦးဆောင်သူ ဦးနေမျိုးဝေက ဆိုသည်။

တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ရှေးရှု၍ လုပ်ဆောင်ရန် ဦးစန်းလွင်မှ ပြောဆို ရာတွင် ဒေါ်အောင်ဆန်း စုကြည်က ကျွန်မက အစိုးရလား ၊ တိုင်းပြည် တည်ငြိမ်အေးချမ်းအောင် အစိုးရက လုပ်ရမှာလေ လို့ ပြောဆိုရာ ဦါ်စန်းလွင်မှ တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့ အားလုံးနဲ့ဆိုင်တယ် ၊ မတည်ငြိမ်ရင် ထိုင်းမှာ ဖြစ်နေတာကို ကြည့် တပ်က အာဏာသိမ်းသွားလိမ့်မည်ဟု ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ၈၈ တုန်းကလည်း ပြည်သူတွေ ခံခဲ့ရပြီးပြီး တိုင်းပြည်မှာ ဆူဆူပူပူမဖြစ်အောင် အဓိက ရည်ရွယ်၍ ပြောဆို ခဲ့သော ဦးစန်းလွင်ကို NLD ပါတီမှ တရားစွဲမည်ဆိုက တရားရေးစရိတ်များအတွက် ကူညီထောက်ပံ့ရန် ဆက်သွယ်ပြောဆိုလာသူများ ရှိသည့် အကြောင်း၊ သူတို့နှစ်ယောက် အခြေအတင် ပြောပြီးတဲ့ ညကတည်းက ဦးစန်းလွင်ကို လှူချင်လို့ ထောက်ပံ့ဖို့ အစီအစဉ်ရှိလားလို့ လှမ်းမေးသူ ရှိကြောင်း၊ မဆိုင်ဘူးလေ မလုပ်ရဘူးလို့ ပြန်ပြောခဲ့ကြောင်း၊ အခုလို NLD က တရားစွဲမယ်ဆိုရင်တော့ ဆိုင်ပြီဖြစ်ကြောင်း ဦးနေမျိုးဝေက ဆိုသည်။

ပြည်သူတစ်ယောက်နဲ့ ရန်ဖက်ဖြစ်ပြီး ပြည်သူကို တရားစွဲအုံးမယ်ဆိုတာ ယုတ်တိမရှိတဲ့ ခေါင်းဆောင်ကောင်း မဆန်တဲ့လုပ်ရပ်ကို ပေါ်လွင်သွားတာပေါ့ဗျာ။ သူတို့ကမှ တရားစွဲအုံးမယ်ဆိုရင် ကျွန်မတို့ကလည်း အဖိုးကြီးဒုက္ခမရောက်အောင်တော့ ကူညီရမှာပဲဟု ထောက်ပံ့ ကူညီလိုသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

NLD က ဦးစန်းလွင်ကို တရားစွဲဆိုမည် ဆိုလျှင် ကိုယ့်သေတွင်းကိုယ် တူးခြင်း ဖြစ်ကြောင်း၊ ဦးသိန်းစိန်ကို မိုးသီးဇွန်က ဖိနပ်နဲ့ ပေါက်တော့ သမ္မတကြီးက ခွင့်လွှတ်ခဲ့ကြောင်း NLD က တရားစွဲလျှင် အခြေအနေဆိုးသွားနိုင်ကြောင်း ဦးနေမျိုးဝေက ပြောသည်။

“ဗိုလ်ကျားသေနတ်သီအိုရီဆိုတာ ကလေးတွေ ငယ်ငယ်က ကစားတဲ့ ဗိုလ်ကျားသေနတ် ကိုယ်ကြိုက်တာ ကိုယ်လုပ် ဆိုတဲ့ကစားနည်း ပေါ့ ။ NLD အတွက် ဆွန်ဇူးရဲ့ စစ်ပညာကျမ်းတွေ ဆို စာလေးနေမှာဆိုးလို့ ဗိုလ်ကျားသေနတ်ပဲ ကစားခိုင်းလိုက်မယ် ။ကလေးတွေ ကစားရင် - ဗိုလ်က သေနတ်ကို နိုင်တယ် သေနတ်က ကျားကို နိုင်တယ် - ကျားကျတော့ ဗိုလ်ကိုနိုင်ပြန်ရော - အဲဒါ လေးနက်တဲ့ သီအိုကိုထုတ်နုတ်ထားတာဗျ ။
ဗိုလ်ဆိုတာ စည်းမျဉ်းစည်းကမ်း အပြည့်အ၀ - စိတ်ပိုင်းဆိုင်ရာ ဆင်ခြင်စဉ်းစားမှု အပြည့်အ၀ - တိုက်ရည်ခိုက်ရည် - အတန်အသင် ရုပ်ခွန်အားအတန်အသင့်ပေါ့ ။
သေနတ်ဆိုတာကတော့ - စည်းမျဉ်းစည်းကမ်း နဲ့ ဆင်ခြင်ဥာဏ်အောက်က လာတဲ့ သေစေတဲ့ လက် နက် ။ ကျားဆိုတာကတော့ ရုပ်ပိုင်းဆိုင်ရာ အမြင့်ဆုံးဂုဏ်သတ္တိလို့ ယူပေါ့ဗျာ ။ ကျန်တဲ့ နှောင်ကြိုးမဲ့ ။ရန်သူနဲ့တွေ့တဲ့အခါ ကိုယ်အခြေအနေနဲ့ သူ့အခြေအနေကို ချိန်ဆဖို့လိုပါတယ် - ကိုယ်က ဗိုလ်ဆိုရင် ကျားနဲ့ ရင်ဆိုင်လို့မသင့်တော်ဘူး ဘလော့လိုက် ။ ဒါမှမဟုတ် သေနတ်ကို လွှတ်လိုက်။ ဒီကလေးဘ၀ကတည်းက သိလာတဲ့ သီအိုရီလောက်တောင် မစဉ်းစားတတ်ရင်တော့ NLD က ကိုနီကိုပဲ သမ္မတခန့်လိုက်ရန်သာ ရှိတော့တယ်” ဟု ယင်းက ဆိုသည်။

တပ်ကုန်းမှ ကြားသိရသော သတင်းများအရ တပ်ကုန်းမှ NLD ပါတီ လူငယ်များက ဦးစန်းလွင်ကို စောင့်ကြည့်နေသောကြောင့် ဦးစန်းလွင်အနေဖြင့် သတိထားနေရကြောင်း၊ တပ်ကုန်းမြို့နယ် NLD ပါတီကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် တပ်ကုန်းမြို့နယ် ရဲတပ်ဖွဲ့သို မကြာခဏ ဆက်သွယ်ကာ ဦးစန်းလွင် အပါအ၀င် ခွင့်ပြုချက် မယူသော ဆန္ဒပြသူများအား ပြင်းပြင်းထန်ထန် အရေးယူပေးရန် ဖိအားပေးလျက် ရှိကြောင်း၊ သို့သော် တရားစွဲမည့် သတင်းများ ထွက်ပေါ် လာပြီးနောက် မြို့နယ် NLD မှ ရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မှုများ မရှိသေးကြောင်း သိရှိရသည်။

ပြည်သူ့အာဏာ

3 comments:

  1. နေမျိုးဝေတို.ဘီလူးရုပ်ပေါ်လာပြီ မင်းသေတာတောင် NLD ကိုမနိင်ပါဘူးကွာ ဗိုလ်ကျားသေနတ် ဟုတ်လား ဖွတ်ကျားသေနတ်ပါကွာ ကြောင်ကြာကြာရေမငုပ်ပါဘူးမင်းသမိုင်းမင်းခလေးတွေဖတ်တဲ.အခါမျက်နှာမငယ်ရပါစေနဲ.ကွာ


    ReplyDelete
  2. မြန်မာသားကောင်းခင်ဗျား

    တပ်ကုန်းက အဖိုး ဦးစန်းလွင်က ဒေါ်စုကို စကားတုံ့ပြန် ပြောဆဆုံးမခဲ့မှု၊ ဝေဖန် အငြင်းထုတ်ခဲ့မှုတို့ကြောင့် ဒေါ်စု နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မခံမရပ်နိုင်ဖြစ်ပြီး မကျေမချမ်းဖြစ်နေကာ ဒီ အရပ်သား အဖိုးကို တရားစွဲဖို့ ကြိုးစားနေကြတယ်ဆိုတဲ့ သတင်း နှင့် တပ်ကုန်းရဲဌာနကိုလည်း အဖိုးကို ဖမ်းဆီးဖို့ ဖိအား ပေးနေတယ်ဆိုတဲ့ သတင်းဟာ မယုံနိုင် စရာပါဘဲခင်ဗျာ။ ဟုတ်မှ ဟုတ်ရဲ့လားခင်ဗျာ။ အမှန်သတင်းသာဆိုယင်တော့၊ ဒေါ်စု နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနိုင်ငံရေးစံနစ် ကျင့်သုံးနေပြီဆိုတာ မေ့နေကြပုံရတယ်လို့ထင်ပါတယ်။ ကျွန်တော်ဟာ ၁၉၈၀ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှ တရားဝင်နိုင်ငံကူးလက်မှတ်နှင့် ဩစတြေလျားကို အခြေချဗီဇာနှင့် လာရောက်ပြီး မရှေးမနှောင်းကာလမှာဘဲ ဩစတြေးလျားနိုင်ငံသားအဖြစ် နေထိုင်လာခဲ့ပါတယ်။ ဒီလို ကိုယ်ရေးအချက်အလက်ကလေး ထည့်ရေးလိုက်ရတာကတော့ ကျွန်တော်ဟာ အနောက်တိုင်းဒီမိုကရေစီ နိုင်ငံသားတယောက် အဖြစ်နှစ်ပေါင်း ၃၀ ကျော်နေလာခဲ့ကာ ပြည်ထောင်စုရွေးကောက်ပွဲ (Federal Election) အသီးသီး၊ ပြည်နယ်၊ နယ်ပယ် ရွေးကောက်ပွဲအသီးသီး (State / Territorial Election) တို့မှာ (မပေး မနေရ) မဲတွေ ပေးလာခဲ့ရတဲ့ အတွေ့အကြုံရှိနေတာကို သိစေချင်လို့ပါ။ ဩစတြေးလျားမှာ ရွေးကောက်ပွဲရှိယင်၊ မဲ မပေးမနေရ စံနစ်ကို ကျင့်သုံးပါတယ်။ မဲပေးဖို့ပျက်ကွက်ပါက ဒဏ်ဆောင်ရပါတယ်။ ၁၉၉၂ ခု တိုင်းနယ်ရွေးကောက်ပွဲမှာ ကျွန်တော် တမင် မဲ မပေးဘဲနေခဲ့လို့ ဩစီဒေါ်လာ ၇၀ ကျော်လားမသိ ဒဏ်ဆောင်လိုက်ရပါတယ်။ ဒဏ် မဆောင်ယင် အမှုလုပ်မယ်၊ ထောင်ချမယ်တဲ့ခင်ဗျ။ အဲဒီလို အတွေ့အကြုံရနေတဲ့ ဒီမိုကရေစီနိုင်ငံသား မဲပေးသူတယောက်အနေနှင့် ကျွန်တော် ဘာတတ်လာခဲ့သလဲဆိုတော့ ကိုယ်နှင့် သဘောမတူတဲ့သူတွေက ပြောချင်တာပြော၊ ဝေဖန်ချင်တာ ဝေဖန်၊ ပြန်အငြင်းသန်ချင်သလောက်သန်၊ သည်းခံတတ်လာခြင်း၊ မိတ်မပျက် ဆက်လက်နေတတ် လာခြင်းဘဲ ဖြစ်ပါတယ်ခင်ဗျာ။ အဲဒီတော့၊ ဒေါ်စုကို သဘောမတူကြောင်း ဝေဖန်သွား၊ အပြန်အလှန် အငြင်းပွား စောဒက တက်သွားတဲ့ အဖိုးကြီး ဦးစန်းလွင်လို လူမျိုးတွေကို ကိုယ်နဲ့ သဘောတူတူ၊ မတူတူ သည်းခံပြီး နားထောင်သွား ရမှာဖြစ်ပါတယ်။ ဒါမှသာ ကျန်းမာထက်သန်တဲ့ ဒီမိုကရေစီ ပတ်ဝန်းကျင်တခု (Healthy democratic environment) ပေါ်ပေါက် တည်မြဲလာမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဦးစန်းလွင်လို အရပ်သား မဲပေးသူတယောက်က ဒေါ်စုလို အတိုက်အခံပါတီ ခေါင်းဆောင်တဦးကို ဝေဖန်တယ်၊ အပြစ်ထောက်ပြတယ်ဆိုတာဟာ ဒီမိုကရေစီနိုင်ငံတွေမှာ လုပ်ရိုး လုပ်စဉ် တရပ်မျှသာ ဖြစ်ပါတယ်။ ဒါကြောင့် အဖိုး ဦးစန်လွင်လို မဲဆန္ဒရှင်များက ဘယ်လိုဘဲ ဝေဖန် ဝေဖန် ဒီမိုကရေစီ နိုင်ငံသားအချင်းချင်း ဗွေယူစရာ မရှိပါ။ ကိုယ့်ကို လာပြီး အငြင်းထုတ်တဲ့သူကို ပြန်လည် ချေပနိုင် ဖို့သာ အဓိကပါ။ ပုဂ္ဂိုလ်ရေး စွပ်စွဲချက်တွေဟာလဲ ဩစတြေးလျား ဒီမိုကရေစီမှာ အမြဲလုပ်နေပါတယ်။ အခုကိုဘဲ ပြည်ထောင်စုလေဘာပါတီ အမတ်ဟောင်း ကရိတ်ဂ် တွမ်မဆန် (Craig Thomson)ဟာ အလုပ်သမားသမဂ္ဂငွေသုံးပြီး ပြည့်တန်ဆာ လိုက်စားမှုနှင့် အပုပ်ချခံနေရဆဲ ဖြစ်ပါတယ်။ အမှန်ကတော့ ဦးစန်းလွင်လို နိုင်ငံရေး အငြင်းထုတ် တတ်တဲ့သူတွေ မြန်မာနိုင်ငံမှာ ပိုပို၍ များလာတာနှင့်အမျှ နိုင်ငံရေးသမားတွေလဲ ပေါ့ပေါ့ဆဆ နေလို့မရကြတော့ဘဲ ကိုယ့်အရည်အချင်း ကောင်းသထက်ကောင်းအောင်၊ သာမန် အရပ်သား ပြည်သူပြည်သားများရဲ့ မေးခွန်းထုတ် ဝေဖန်နိုင်မှု အဆင့်အတန်းကို လိုက်မီ နိုင်အောင် ကြိုးစားလာကြရတော့မှာ ဖြစ်ပါကြောင်း စေတနာနှင့် ရေသားလိုက်ရပါသည်။

    မြန်မာနိုင်ငံသားတိုင်း တပ်ကုန်းက အဖိုး ဦးစန်းလွင်လို ဒီမိုကရေစီနိုင်ငံသား အခွင့်အရေးကို ဘောင်အတွင်းမှ စွဲကိုင်ပြီး နိုင်ငံရေးပါတီများ၊ ပါတီခေါင်းဆောင်များကို အပြစ်ထောက်ပြပြီး ဝေဖန်တတ်ကြ၊ ပြန်လည် အကျိုးသင့် အကြောင်းသင့် အငြင်းထုတ်တတ်ကြပါစေကြောင်းလည်း ဆန္ဒပြုလိုက်ရပါသည်။

    Aussie Man

    ReplyDelete