Friday, July 25, 2014

လူမထွက်စေတဲ့နည်း

နာမည်ကြီးစာရေးဆရာတပါး အိမ်ယာတည်ထောင်လူတို့ဘောင်ကို ပြောင်းရွှေ့သွားတော့ စာသင်သား ဦးဇင်းလေးတွေကိုရဟန်းခံသိမ်ထပ်ထားကြတဲ့ ဒကာမတွေက သူတို့ဦးဇင်းလေးတွေလဲ အားကျမကြာ လူထွက်မှာကိုစိုးရိမ်ကြလို့ လူမထွက်အောင်ဘယ်လိုလုပ်ရမလဲဆိုက
ာမေးလာကြခြင်းကြောင့်ဒကာမတယောက်ပြောပြတဲ့ ကိုယ့်ရဟန်းဦးဇင်း မထွက်အောင် လုပ်တဲ့နည်းကို ပြန်လည်မျှဝေလိုက်ပါတယ် သူပြောပြတဲ့နည်းက ဒီလိုဗျ ဒီလို 

မန္တလေးမြို့ကအရုပ်ခပ်ဆိုးဆိုး အပျိုကြီးတယောက်ကစာသင်တိုက်တစ်တိုက်ကကိုရင်တပါးကို ရဟန်းခံပေးပြီးရဟန်း အမ ရဟန်းမယ်တော်ခံယူလိုက်ပါသတဲ့ 

အဲသူ့ပဇင်းဦးဇင်းလေးကိုလည်း သားအရင်းလိုတူတပါးလိုသဘောထားပြီးလိုအပ်တာအားလုံးလှူဒါန်းထောက်ပန့်တယ်ပေါ့

ခက်တာက ဦးဇင်းလေးက ရဟန်းဘ၀မှာမပျော်ဘူးဖြစ်နေတယ် အသက်ကလဲ ၂၀ ကျော်လေးမို့လူငယ်စိတ် မပျောက်တဲ့အရွယ်ဆိုတော့ ရဟန်းအဖြစ်မှလူ့ဌာနကိုပြောင်းလဲချင်နေတယ်

ဒါကြောင့်သူ့ရဟန်းမယ်တော် အပျိုကြီးဒေါ်ရုပ်ဆိုးကို လူထွက်ချင်ကြောင်းခွင့်ပန်တော့ အပျိုကြီးကလုံးဝခွင့်မပြုဘူး သားဦးဇင်းက ကလေးအရွယ်ခပ်ငယ်ငယ်ကတည်းကသာသနာ့ဘောင်ဝင်လာတာမို့ လူတို့သဘော လောကမနော ကိုဘာတခုမှသိတာမဟုတ်လို့ လူမထွက်ဖို့သာသနာ့ဘောင်မှာသာ စာနဲ့ပျော်အောင်နေဖို့ တိုက်တွန်းနားချတယ် ဦးဇင်းလေးကလဲမရဘူး ထွက်ကိုထွက်မယ် တကဲကဲနဲ့နေ့စဉ်ရက်ဆက် တပူပူတဆူဆူလုပ်နေတော့ ရဟန်းအမအပျိုးကြီး ဒေါ်ရုပ်ဆိုးကြီးလည်း စိတ်ပေါက်ပေါက်နဲ့ အိမ်ခန်းထဲဝင်သွားတယ် 

ခဏကြာတော့ လက်ထဲမှာအ၀တ်အစားတွေနဲ့ပြန်ထွက်လာပြီးသူ့သားပဇင်းကိုစကားတခွန်းပြောလိုက်တာ သားဦးဇင်းခမြာအကျွတ်တရားသံဝေဂများအတော်ရသွားပုံပေါ်တယ် အဲဒီနေ့ကစပြီး လူထွက်အကြောင်းလုံးဝကိုမဟတော့ဘူးတဲ့ ခုဆိုပရိယတ္တိစာပေအတော်တတ်လို့မင်းကွန်မှာတိပိဋကတပုံဆောင်သာသနာ့အာဇာနည်ကြီးတောင်ဖြစ်နေပြီဆိုပဲ 

အဲ သူ့ရဟန်းဒကာမ အပျိုးကြီးဒေါ်ရုပ်ဆိုးပြောလိုက်တဲ့စကားကတော့ "ကဲ မထွက်ပါနဲ့တားတဲ့ကြားက ဒီလောက်တောင်ထွက်ချင်နေတာ ထွက်အခုထွက် တပည့်တော်က ဦးဇင်းကိုအစကတည်းက ကြည်ညိုလို့ရဟန်းခံပေးခဲ့တာမဟုတ်ဘူး ချစ်လို့ ခံပေးထားတာ ခုဦးဇင်းက ထွက်မယ်ဆိုတော့ သူများအိပ်ထဲတော့အဖိတ်မခံနိုင်ဘူး ဖိတ်ချင်းဖိတ် ကိုယ့်အိပ်ထဲပဲအဖိတ်ခံမယ် ဦးဇင်ထွက်ပြီးပြီးချင်း တရားရုံကိုသွားပြီး လက်ထပ်မယ် " ဟူ၍ဖြစ်၏

သားရဟန်းရှိသူ ရဟန်းအမများ ဒီလူမထွက်နည်းကို ယူလိုက ယူကြလေကုန်
===================
ps; 
ဟာသအမြင်ကို အပြစ်မဆိုလေနှင့် — 

Dhammavira Ashin

No comments:

Post a Comment