Monday, July 28, 2014

အခြေခံဥပဒေပြင်ဆင်ရေး မြေနီကုန်းမှ ဗိုလ်စိန်မှန်သို့ လူရာချီ ချီတက်လမ်းလျှောက်

Photo: အခြေခံဥပဒေပြင်ဆင်ရေး မြေနီကုန်းမှ ဗိုလ်စိန်မှန်သို့ လူရာချီ ချီတက်လမ်းလျှောက်
Monday, July 28, 2014

အခြေခံဥပဒေပြင်ဆင် ရေး ရန်ကုန်တိုင်းအနောက်ပိုင်း ခရိုင်အတွင်းရှိ မြို့နယ် ၁၃ မြို့ နယ်မှ ရာနှင့်ချီသောပြည်သူများ သည် စမ်းချောင်းမြို့နယ်မြေနီ ကုန်းမှ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် ကွင်းထိ ဇူလိုင် ၂၇ ရက်က လမ်း လျှောက် ဆန္ဒပြ တောင်းဆိုကြ သည်။

နေ့လယ် ၁ နာရီခွဲ အချိန် က မြေနီကုန်းမှဗိုလ်စိန်မှန်ကွင်း သို့လမ်းလျှောက်ဆန္ဒပြခြင်းဖြစ် သည်။ လမ်းလျှောက်ဆန္ဒပြခဲ့ကြ သူများကို ဗိုလ်စိန်မှန်ကွင်း၌ ပန်း ရဲ့လမ်းဂီတအဖွဲ့က သီချင်းများ ဖြင့် ဖျော်ဖြေခဲ့ကြသည်။ ထို့ နောက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းဇေယျာ အပါအဝင် ဦး ဆောင် ဆန္ဒပြသူများက ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လူထုဟောပြောပွဲများပြုလုပ်ခဲ့ကြသည်။

‘‘ဒီပုဒ်မကိုပြင်ဆင်ပေးမယ် လို့ထင်တယ်။ ပြည်သူတွေအတွက် ဆို ပြင်ကိုပြင်ပေးရမယ့်ပုဒ်မပဲ။ အဲဒါကြောင့် ဒီပုဒ်မကြီးကို ပြင် ပေးအောင်အရှိန်အဟုန်မြှင့်လုပ် နေတာ။ နောက်ထပ်လည်း ဆန္ဒ ပြ တောင်းဆိုပွဲတွေ လုပ်သွားဦး မယ်။ ဒီပုဒ်မ ၄၃၆ အကြောင်းကို လည်း ပြည်သူတွေနားလည် အောင်ရှင်းပြရမယ်။ ဒါမှ ပြည်သူ တွေက သူတို့နဲ့သက်ဆိုင်ပါလား ဆိုပြီး ပယ်ဖျက်ပေးဖို့တောင်းဆို တဲ့နေရာတွေမှာပါဝင်လာမှာ’’ဟု ဇူလိုင် ၂၇ ရက်တွင်အခြေခံဥပဒေ ပြင်ဆင်ပေးရန် ဆန္ဒပြတောင်းဆို ရာ၌ ဦးဆောင်သူ ဦးဘမြင့်ကပြောသည်။

လမ်းလျှောက်ဆန္ဒပြရာတွင် ‘၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ စစ်အာဏာရှင်စနစ် မှလွတ်မြောက်ရေး၊ အခြေခံဥပ ဒေပြင်ဆင်ပေး၊ တိုင်းရင်းသား တန်းတူညီမျှမှုရရှိရေး အခြေခံ ဥပဒေပြင်ဆင်ပေး၊ ဒီမိုကရေစီ ရရှိရေး အခြေခံဥပဒေပြင်ဆင် ပေး၊ စားဝတ်နေရေးပြေလည်ရေး အခြေခံဥပဒေ ပြင်ဆင်ပေး ဒို့ အရေး’စသည့်ကြွေးကြော်သံများ အော်ဟစ်ကာ ဆန္ဒပြတောင်းဆိုခဲ့ ကြသည်။

ဆန္ဒပြ လမ်းလျှောက်ပွဲနှင့် လူထုဟောပြောပွဲပြုလုပ်ရာတွင် သက်ဆိုင်ရာ၏တရားဝင်ခွင့်ပြု ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ် သည်။

ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံနေရာအနှံ့အပြား၌ ပုဒ်မ ၄၃၆ပြင်ဆင်ပေးရန် ဆန္ဒပြတောင်းဆို မှုများ အရှိန်အဟုန်မြှင့်လျက်ရှိ ရာ မေလ ၂၅ ရက်ကလည်း ရန်ကုန်မြို့အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ် ၁၄ မြို့နယ် စုပေါင်း၍ ပြည်သူ ၂,၀၀၀ ခန့်သည် ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

အခြေခံဥပဒေပြင်ဆင်ရေး ချီတက်ဆန္ဒဖော်ထုတ်သူများကို တွေ့ရစဉ် (ဓာတ်ပုံ −ကျော်ဇင်သန်း)
7Day Dailyအခြေခံဥပဒေပြင်ဆင် ရေး ရန်ကုန်တိုင်းအနောက်ပိုင်း ခရိုင်အတွင်းရှိ မြို့နယ် ၁၃ မြို့ နယ်မှ ရာနှင့်ချီသောပြည်သူများ သည် စမ်းချောင်းမြို့နယ်မြေနီ ကုန်းမှ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် ကွင်းထိ ဇူလိုင် ၂၇ ရက်က လမ်း လျှောက် ဆန္ဒပြ တောင်းဆိုကြ သည်။

နေ့လယ် ၁ နာရီခွဲ အချိန် က မြေနီကုန်းမှဗိုလ်စိန်မှန်ကွင်း သို့လမ်းလျှောက်ဆန္ဒပြခြင်းဖြစ် သည်။ လမ်းလျှောက်ဆန္ဒပြခဲ့ကြ သူများကို ဗိုလ်စိန်မှန်ကွင်း၌ ပန်း ရဲ့လမ်းဂီတအဖွဲ့က သီချင်းများ ဖြင့် ဖျော်ဖြေခဲ့ကြသည်။ ထို့ နောက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းဇေယျာ အပါအဝင် ဦး ဆောင် ဆန္ဒပြသူများက ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လူထုဟောပြောပွဲများပြုလုပ်ခဲ့ကြသည်။

‘‘ဒီပုဒ်မကိုပြင်ဆင်ပေးမယ် လို့ထင်တယ်။ ပြည်သူတွေအတွက် ဆို ပြင်ကိုပြင်ပေးရမယ့်ပုဒ်မပဲ။ အဲဒါကြောင့် ဒီပုဒ်မကြီးကို ပြင် ပေးအောင်အရှိန်အဟုန်မြှင့်လုပ် နေတာ။ နောက်ထပ်လည်း ဆန္ဒ ပြ တောင်းဆိုပွဲတွေ လုပ်သွားဦး မယ်။ ဒီပုဒ်မ ၄၃၆ အကြောင်းကို လည်း ပြည်သူတွေနားလည် အောင်ရှင်းပြရမယ်။ ဒါမှ ပြည်သူ တွေက သူတို့နဲ့သက်ဆိုင်ပါလား ဆိုပြီး ပယ်ဖျက်ပေးဖို့တောင်းဆို တဲ့နေရာတွေမှာပါဝင်လာမှာ’’ဟု ဇူလိုင် ၂၇ ရက်တွင်အခြေခံဥပဒေ ပြင်ဆင်ပေးရန် ဆန္ဒပြတောင်းဆို ရာ၌ ဦးဆောင်သူ ဦးဘမြင့်ကပြောသည်။

လမ်းလျှောက်ဆန္ဒပြရာတွင် ‘၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ စစ်အာဏာရှင်စနစ် မှလွတ်မြောက်ရေး၊ အခြေခံဥပ ဒေပြင်ဆင်ပေး၊ တိုင်းရင်းသား တန်းတူညီမျှမှုရရှိရေး အခြေခံ ဥပဒေပြင်ဆင်ပေး၊ ဒီမိုကရေစီ ရရှိရေး အခြေခံဥပဒေပြင်ဆင် ပေး၊ စားဝတ်နေရေးပြေလည်ရေး အခြေခံဥပဒေ ပြင်ဆင်ပေး ဒို့ အရေး’စသည့်ကြွေးကြော်သံများ အော်ဟစ်ကာ ဆန္ဒပြတောင်းဆိုခဲ့ ကြသည်။

ဆန္ဒပြ လမ်းလျှောက်ပွဲနှင့် လူထုဟောပြောပွဲပြုလုပ်ရာတွင် သက်ဆိုင်ရာ၏တရားဝင်ခွင့်ပြု ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ် သည်။

ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံနေရာအနှံ့အပြား၌ ပုဒ်မ ၄၃၆ပြင်ဆင်ပေးရန် ဆန္ဒပြတောင်းဆို မှုများ အရှိန်အဟုန်မြှင့်လျက်ရှိ ရာ မေလ ၂၅ ရက်ကလည်း ရန်ကုန်မြို့အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ် ၁၄ မြို့နယ် စုပေါင်း၍ ပြည်သူ ၂,၀၀၀ ခန့်သည် ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

အခြေခံဥပဒေပြင်ဆင်ရေး ချီတက်ဆန္ဒဖော်ထုတ်သူများကို တွေ့ရစဉ် (ဓာတ်ပုံ −ကျော်ဇင်သန်း)
7Day Daily

No comments:

Post a Comment