Tuesday, July 22, 2014

ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့်မြောက်ပိုင်း မြို့နယ်တရားရုံးတို့က ပြည်ထောင်စုအစိုးရကို အယုံအကြည်မရှိကြောင်း ဆန္ဒပြခဲ့သည့် ကိုထင်ကျော်အား အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်စီ ချမှတ်

၂၀၁၄ ခုနှစ် ဧပြီ ၂၈ရက်တွင် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် ၈ ရပ်ကွက်နှင့် ဒဂုံမြို့သစ်မြောက် ပိုင်းမြို့နယ် ၇၈ လမ်းဆုံတို့တွင် ပြည်ထောင်စု အစိုးရအား အယုံအကြည်မရှိကြောင်း ဆန္ဒ ထုတ်ဖော်ကာ လက်ကမ်းစာစောင်ဝေခဲ့သော ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု (MDCF) အဖွဲ့မှ  အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်အား နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် ဇူလိုင် ၂၁ ရက် မွန်းလွဲပိုင်းတွင်
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် တရားရုံးနှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တရားရုံးတို့မှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၂၈ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၈ ရပ်ကွက်နှင့်  ညနေပိုင်းတွင်လည်း ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ၇၈ လမ်းဆုံတို့တွင် ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု (MDCF) အဖွဲ့မှ အဖွဲ့ခေါင်းဆောင်ကိုထင်ကျော်သည် ပြည်ထောင်စုအစိုးရအား အယုံအကြည်မရှိကြောင်း ပြည်သူသာလျှင် အရှင်သခင်ဖြစ်ကြောင်းကို ဆန္ဒပြဟောပြောခဲ့ပြီး လက်ကမ်းစာစောင်ဝေငှမှုဖြင့် ၎င်းအား ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့မရဲစခန်းနှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့မရဲစခန်းတို့မှ အမှုဖွင့်ကာ တရားစွဲဆိုခဲ့ကြောင်း သိရသည်။

"ကိုထင်ကျော် ဒီမြို့နယ်နှစ်ခုမှာ ဆန္ဒပြဟောပြောခဲ့စဉ်က ခွင်ပြု့မိန့် မယူသော်လည်း တာဆီးဟန့်တားမှုတွေ မရှိခဲ့ပါဘူး။ နောက်ဆုံး ဆန္ဒပြခဲ့တဲ့ ၁၁ မြို့နယ်မြောက်ဖြစ်တဲ့ တောင်ဥက္ကလာပမြို့နယ်ကျမှ အဖမ်းခံရတာပါ။ ကိုထင်ကျော်အထဲမှာဖြစ်ပေမယ့် သူ့အဖွဲ့အနေဖြင့် ငြိမ်းချမ်းသော နည်းလမ်းတွေနဲ့ အစိုးရအပေါ် ဆက်လက်ရှုတ်ချသွားမှာပါ" ဟု ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစု (MDCF) အဖွဲ့မှ ကိုကျော်လွင်က ဆိုသည်။

ကိုထင်ကျော်ကို ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်တရားရုံးနှင့် ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တရားရုံးတို့မှ ရုံးချိန်းခုနစ်ချိန်း ချိန်းဆိုကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ယခုလို ဇူလိုင်၂၁ ရက်တွင် အမိန့်ချခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

Eleven

ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်တရားရုံးရှေ့တွင် ကိုထင်ကျော်အား ဇူလိုင်၂၁ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်

No comments:

Post a Comment