Thursday, July 17, 2014

အထောက်အထားမဲ့ဝင်လာသည့် တရုတ်နိုင်ငံသား လေးဆယ်ခန့်အား ထောင်ဒဏ်တစ်နှစ်စီချ

မြန်မာနိုင်ငံသို့ မူဆယ် နယ်စပ်မှ တရားမ၀င်ခိုးဝင်လာ သော အထောက်အထားမရှိသည့် တရုတ်နိုင်ငံသား ၄၀ခန့်အား လ၀ကဥပဒေဖြင့် အရေးယူပြီးနောက် ထောင်တစ်နှစ်စီချလိုက်ကြောင်း သတင်းရရှိသည်။

‘မြန်မာနိုင်ငံဘက်ကို အ ထောက်အထားမဲ့ ရောက်လာတဲ့ တရုတ်နိုင်ငံသား ၃၀ကျော်ကို ဖမ်းခဲ့ပြီး လ၀ကဥပဒေနဲ့အရေးယူ ခဲ့တာမှန်ပါတယ်။ ကျန်တဲ့ဟာက တော့ ကျွန်တော်တို့နဲ့ တိုက်ရိုက်
မသက်ဆိုင်တော့ အသေးစိတ်မ ပြောနိုင်ပါဘူး’’ဟု မူဆယ်မြို့မရဲ စခန်းမှ အမည်မဖော်လိုသည့်ရဲ
အရာရှိတစ်ဦးကပြောသည်။

ပြီးခဲ့သည့်လက ခိုးဝင်လာ သော တရုတ်နိုင်ငံသား ၃၀ခန့်အားထောင်တစ်နှစ်ချခဲ့ပြီး ယခု လတွင် နောက်ထပ် ဆယ်ဦးခန့် ထောင် ချခဲ့ခြင်းဖြစ်သည်ဟု သတင်းရရှိသည်။

‘‘လိုက်ဖမ်းတာတော့မဟုတ် ဘူး။ လှေဆိပ်တွေ၊ မြို့အ၀င်နား တွေမှာစောင့်ဖမ်းတာ’’ဟု မူဆယ် ဒေသခံ တစ်ဦးက ပြောသည်။

ထို့ကြောင့် ယခုရက်ပိုင်းအ တွင်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ သို့ တရုတ်ကုန်သည်များ ၀င် ရောက်မှုနည်းသွားကြောင်း သ တင်းရရှိသည်။

‘‘သူ့ဘက်ကလည်း ဖမ်း၊ ကိုယ့်ဘက်ကလည်း ဖမ်းဆိုရင် ကြာရင် ကုန်သွယ်မှုကို ထိခိုက် လာနိုင်တယ်’’ဟု မူဆယ်-နန့်ခမ်း ကုန်သည်အသင်းမှအကြီတန်းအ ရာရှိတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းမှစ၍ တရုတ်နိုင်ငံသို့ နယ်စပ်သွားလာ ခွင့်လက်မှတ် အတုဖြင့် မြန်မာနိုင်ငံသားလေးရာခန့် ဖမ်းဆီးခဲ့ပြီး နေ့တွင်းချင်း ပြန်လွှတ်ပေးခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မူဆယ်ခရိုင်နှင့် မြို့နယ်လ၀က ဌာနများမှ တာဝန်ရှိသူများသို့ ဆက်သွယ်မေးမြန်းရာ အဆိုပါဌာန တာဝန်ရှိသူက ပြန်လည်ဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားခဲ့ သည်။

7Day Daily

No comments:

Post a Comment