Tuesday, July 1, 2014

ပြည်တွင်းငြိမ်းချမ်းရေးကို အောင်မြင်သည်အထိ ဆက်လက် ဆောင် ရွက်သွားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း သွားမည်ဟုဆို

Photo: ပြည်တွင်းငြိမ်းချမ်းရေးကို အောင်မြင်သည်အထိ ဆက်လက် ဆောင် ရွက်သွားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း သွားမည်ဟုဆို
Tuesday, July 01, 2014

နေပြည်တော်၊ ဇွန် ၃၀- ပြည်တွင်း ငြိမ်းချမ်းရေးကို အောင်မြင်သည်အ ထိ ဆက်လက်အကောင်အထည်ဖော် ဆောင် ရွက်သွားနိုင် ရန်အဆိုအား အမျိုးသားလွှတ်တော်မှ လက်ခံဆွေး နွေးသွားမည်ဖြစ်ပြီး ယင်းအပေါ် သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းမှ ကျေးဇူးတင်ကြောင်း၊ ဝမ်းသာမိကြောင်း ပြောကြားသွားခဲ့ သည်။

ဇွန် ၃ဝရက်က ကျင်းပသော အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်း အဝေး (၂၁)ရက်မြောက်အစီ အစဉ်တွင် ကချင်ပြည် နယ်မဲဆန္ဒနယ် အမှတ်(၁)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်မှ ပြည် တွင်းငြိမ်း ချမ်းရေး ဖော်ဆောင်နေ သူ များကို ကျေးဇူးတင်ကြောင်း မှတ်တမ်း တင်ရန်နှင့် ငြိမ်းချမ်းရေးကို အောင် မြင်သည်အထိ ဆက်လက်အကောင် အထည်ဖော် ဆောင် ရွက်သွားနိုင် ရန် ပြည်ထောင်စုအစိုးရအား တိုက် တွန်းကြောင်း အဆိုတင်သွင်းခဲ့ရာ ယင်းအဆိုအပေါ် လွှတ်တော် ၏ သဘောထား အဆုံးအဖြတ်ခံယူရာ တွင် ကန့်ကွက်သူမရှိသဖြင့် ယင်းအ ဆိုအား အမျိုးသားလွှတ်တော် မှ ဆွေး နွေးသွားရန် ဆုံးဖြတ်ခဲ့သည်။

ယင်းအဆို တင်သွင်းမှုအား သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦး အောင်မင်း တက်ရောက်နားထောင် ခဲ့ပြီး အဆိုတင်သွင်းမှု အပြီး ပြည် ထောင်စု ဝန်ကြီး ပြန်လည် ထွက်ခွာ ချိန်တွင် သတင်းမီဒီယာများမှ ယင်း အဆိုနှင့် ပတ်သက်ပြီး မှတ်ချက်ပြုပေး ပါရန် မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ''ကျွန်တော်က ငြိမ်း ချမ်းရေးလိုချင်တဲ့သူ၊ ငြိမ်းချမ်းရေး အကြောင်း ကို လိုလိုလားလား အား လုံးက တောင်းဆိုပြီးတော့ အသိအ မှတ်ပြုပေးတာ။ ကျွန်တော်တို့ ကျေးဇူး တင်တာပေါ့။ ဘာလို့လဲ ဆိုတော့ ကျွန် တော်တို့ က အရင်က ငြိမ်းချမ်းရေး ကို ကျွန်တော်တို့လောက်ပဲ လုပ်နေ ရတယ်လို့ ခံစားရတာ။ အခုဟာက အရပ်ထဲမှာလဲ ငြိမ်းချမ်းရေး၊ လွှတ် တော်ထဲ မှာလဲ ငြိမ်းချမ်းရေး။ အဲဒီ တော့ ကျွန်တော် ဝမ်းသာတာပေါ့။ ကျွန်တော်တို့ကို အသိအမှတ်ပြုပေး တယ်၊ စိတ်ဝင်တစားရှိတယ်ဆိုတော့ ဝမ်းသာ တာပေါ့''ဟု ပြောကြား ခဲ့သည်။

Yangon Media group

No comments:

Post a Comment