Tuesday, July 1, 2014

ကွာတားဖိုင်နယ်မှာ ပြင်သစ်နဲ့ ဂျာမနီတွေ့ကြပြီ

Photo: ကွာတားဖိုင်နယ်မှာ ပြင်သစ်နဲ့ ဂျာမနီတွေ့ကြပြီ
Tuesday, July 01, 2014

ကမ္ဘာ့ဖလားမှာ နာမည်ကြီးအသင်းတွေဖြစ်ကြတဲ့ ပြင်သစ်နဲ့ ဂျာမနီအသင်းတို့ဟာ ကွာတားဖိုင်နယ်အဆင့်မှာ ထိပ်တိုက် တွေ့ဆုံကြတော့မှာဖြစ်ပါတယ်။ ၁၆ သင်း ရှုံးထွက်အဆင့်မှာ ပြင်သစ်က နိုင်ဂျီရီးယားအသင်းကို ၂-၀ ဂိုးနဲ့ နိုင်ပြီး တက်လာတာ ဖြစ်သလို ဂျာမနီအသင်းကလည်း အယ်ဂျီရီးယား အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိပြီးတက်လာတာဖြစ်ပါတယ်။
အများမျှော်လင့်ထားကြသလို နှစ်သင်းလုံးဟာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်လာခဲ့နိုင်ကြပေမယ့် သူတို့ ကျော်ဖြတ်ခဲ့ကြတဲ့ နိုင်ဂျီးရီးယားနဲ့ အယ်ဂျီရီးယားအသင်းတွေကို ပရိတ်သတ်အများစုထင်ထားကြသလို ခြေစွမ်းအပြတ် အသတ်နဲ့ ချေမှုန်းနိုင်ခဲ့ကြတာတော့ မဟုတ်ပါဘူး။
ပြင်သစ်နဲ့ ဂျာမနီ အသင်းတို့ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ဟာ ဇူလိုင်လ ၄ ရက်နေ့ည မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ ကစားကြမှာ ဖြစ်ပြီး ဘယ်အသင်းက ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

ဧရာဝတီ

No comments:

Post a Comment