Wednesday, July 2, 2014

မန္တလေးမှာ ပဋိက္ခဖြစ်မယ့် အခြေအနေကြောင့် လုံခြုံရေးတိုးမြှင့်

Photo: မန္တလေးမှာ ပဋိက္ခဖြစ်မယ့် အခြေအနေကြောင့် လုံခြုံရေးတိုးမြှင့်
Wednesday, July 2, 2014

မန္တလေးမြို့တော် ချမ်းအေးသာဇံမြို့နယ် ၈၂ လမ်းနဲ့ ၂၇ လမ်းထောင့်မှာရှိတဲ့ ဆန်းကဖေး လက်ဖက်ရည်ဆိုင်ကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ဖျက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အတွက် လူပေါင်း သုံးရာလောက် စုရုံးလာတယ်လို့ မန္တလေးမြို့ခံ တွေဆီကနေ သိရပါတယ်။
အဲဒီ လူစုလူဝေးကို ထိန်းသိမ်းဖို့ ရဲတပ်ဖွဲ့ နှစ်ရာဝန်းကျင်လောက် လုံခြုံရေး ယူထားတယ်လို့ မန္တလေးခရိုင် ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။
ဆန်းကဖေး လက်ဖက်ရည်ဆိုင် ပိုင်ရှင် အစ္စလာမ် ဘာသာဝင် အမျိုးသားက မိန်းကလေးငယ် တစ်ဦးကို အဓမ္မပြုကျင့်တယ် ဆိုတဲ့ သတင်းကြောင့် အဲဒီဆိုင်ကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ဖျက်ဆီးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာပါ။
ဆိုင်ရှေ့ကို လူတွေ စုဝေးလာတာဟာ ဒီနေ့ ည ၈ နာရီကျော်လောက်မှာ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

The Voice Weekly

No comments:

Post a Comment