Monday, July 28, 2014

မောင်တောဒေသတွင်း တရားမဝင်နေထိုင်သူများ စိစစ်စစ်ဆေးမှု တိုးမြှင့်ဆောင်ရွက်ပေး ရန် ဒေသခံများလိုလား

ကျောက်ဖြူ၊ ဇူလိုင် ၂၅- ရခိုင်ပြည် နယ် မောင်တောနယ်စပ်ဒေသတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးအ တွက် နယ်စပ်ဖြတ်ကျော် ခိုးဝင်နေ ထိုင်မှုရှိမရှိ စစ်ဆေးဆောင်ရွက်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေး ရန် ဒေသခံများ အနေဖြင့် လိုလား ကြောင်း မောင်တောမြောက်ပိုင်း မင်္ဂလာညွန့်ကျေးရွာ အုပ်ချုပ်ရေးမှူး က ပြောကြားသည်။
''မောင်တောနယ်စပ်မှာ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အဓိကပြဿ နာက လူခိုးဝင်မှုပြဿ နာပါ။ ဒါကြောင့်
နယ်စပ်ဒေသမှာ တရားမဝင် ခိုးဝင် နေထိုင်မှုရှိမရှိ စစ်ဆေးခြင်းလုပ်ငန်း တွေကို အလျဉ်းသင့် သလိုသုံးလ(သို့) ငါးလလောက်တစ်ကြိမ်စီရှောင် တခင် ဝင်ရောက်စစ်ဆေးမှုတွေ လုပ်သင့် ပါတယ်''ဟုအဆိုပါအုပ်ချုပ်ရေးမှူး က ပြောကြားသည်။
တစ်ဖက်နိုင်ငံမှ တရားမဝင်နေ ထိုင်မှုရှိမရှိ စစ်ဆေးခြင်းလုပ်ငန်းများ ကို ယခင်နယ်စပ်ဒေသကွပ်ကဲမှုဌာန ချုပ် (န.စ.က) လက်ထက်ကတစ် နှစ်တစ်ကြိမ် ပုံမှန်စစ်ဆေးဆောင် ရွက်ခဲ့ပြီး(န.စ.က)ဖျက် သိမ်းပြီးနောက် ပြည်ထဲရေး ဝန်ကြီးဌာနမှ နယ်ခြား စောင့်ရဲတပ်ဖွဲ့ဖြင့် အစားထိုးတာဝန် ယူလာ သည့်နောက် ပိုင်း နယ်စပ်နယ် မြေအမှတ်(၃၊ ၇၊ ၉) ရှိအိမ်ထောင်စု ၁၇ဝကျော်နှင့် လူဦးရေပေါင်း ၁၀၀၀ ကျော်ကို ဇွန်လအတွင်းက ပထမ ဆုံးအကြိမ်အဖြစ် စစ်ဆေးဆောင် ရွက်ခဲ့ကြောင်း နယ်ခြားစောင့်ရဲတပ် ဖွဲ့အရာရှိတစ်ဦးထံမှ သိရသည်။
''နောက်တစ်ကြိမ် ဘယ်တော့ လောက် စစ်မယ်ဆိုတာမသိရသေး ဘူး။ အထက်က အမိန့်ရမှစစ်ရမှာ'' ဟု အဆိုပါရဲအရာရှိက ပြောသည်။
နယ်စပ်ဒေသဘင်္ဂလားဒေ့ရှ် တွင် အခြေစိုက်သည့် ရိုဟင်ဂျာလက် နက်ကိုင်အဖွဲ့ (RSO) အကြမ်းဖက် အဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နယ် စပ်မှ လူခိုးဝင်မှုပြဿ နာများရှိနေပြီး ပြီးခဲ့သည့်နှစ်ပိုင်းက နယ်စပ်ခြံစည်း ရိုးတွင် (GE) တပ်သားသုံး ဦး ပြန် ပေးဆွဲခံရမှု၊ ငါးခူရဓားပြတိုက်မှုနှင့် ယခုနှစ်ပိုင်းတွင်ဖြစ်ပွားခဲ့သည့် ဒုချီ ရားတန်းကျေးရွာမှာ ရဲတပ်ကြပ်ကြီး တစ်ဦး အသတ်ခံရမှုများကိုလည်း နယ်စပ်ခိုးဝင်မှုပြဿ နာနှင့် အကြမ်း ဖက်(RSO) အဖွဲ့အစည်း၏တိုက်ရိုက် ပတ်သက်မှုရှိသည်ဟုဒေသခံများက ယူဆနေကြောင်း သိရသည်။
မေ ၁၂ရက်ကလည်း နေပြည် တော်တွင် ပထမဆုံးအကြိမ်ပြုလုပ် သော မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက် မှုဆိုင်ရာ အဆင့်မြင့်အရာရှိအစည်း အဝေးတွင် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တရားမဝင်လက်နက်ကိုင် အဖွဲ့များ နှင့် ပြစ်မှုကျူးလွန်သူများအားထိန်း ချုပ်ဟန့်တားနိုင်ရေးအတွက် မြန်မာ နယ်ခြားစောင့်ရဲ တပ်ဖွဲ့နှင့် ဘင်္ဂလား ဒေ့ရှ်နယ်ခြားစောင့် ရဲတပ်ဖွဲ့ကြား ပူး ပေါင်းဆောင် ရွက်မှုမြှင့်တင်ရန် သဘော တူညီချက်အပါအဝင် အချက် ကိုး ချက်ကို သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
AYKKK (MMK) 

Yangon Media Group

No comments:

Post a Comment