ပန်းချီဆရာမာန်ဇာဟိန်း၏ ဗိုလ်ချုပ်အောင်ဆန်းပုံတူ ပန်းချီအာဇာနည်နေ့ အထိမ်း အမှတ်အဖြစ် ပန်းချီဆရာ သုံးဆယ်ကျော် ပါဝင်ရေးဆွဲထားသည့် ဗိုလ်ချုပ်အောင်ဆန်းပုံတူပန်းချီကားများကိုသာ သီးသန့်ပြသမည့် Bogyoke is our Fatherပန်းချီပြပွဲကို အလှသစ်ပန်းချီပြခန်းတွင် ဇူလိုင် ၁၉ ရက်မှ လကုန်အထိ ပြသ သွားမည်ဖြစ် သည်။
‘‘ဒီပန်းချီပြပွဲကို အာဇာနည် နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းကို ပြန်ပြီး သတိရအောင် လို့ ပြန် လုပ် ပေးတဲ့အနေနဲ့ပြတာပါ။ ပန်းချီ ဆရာတွေအားလုံးက အဲဒီနေ့ပွဲ အတွက် ရည်ရွယ် ပြီးတော့ ရေး ဆွဲထားတဲ့ ဗိုလ်ချုပ်ကားအသစ် တွေကိုပဲ ရေးထားတာပါ’’ ဟု အလှသစ်ပန်းချီပြခန်း တာဝန်ခံ
ကိုရန်နိုင်က ပြောသည်။‘‘ဒီပန်းချီပြပွဲကို အာဇာနည် နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းကို ပြန်ပြီး သတိရအောင် လို့ ပြန် လုပ် ပေးတဲ့အနေနဲ့ပြတာပါ။ ပန်းချီ ဆရာတွေအားလုံးက အဲဒီနေ့ပွဲ အတွက် ရည်ရွယ် ပြီးတော့ ရေး ဆွဲထားတဲ့ ဗိုလ်ချုပ်ကားအသစ် တွေကိုပဲ ရေးထားတာပါ’’ ဟု အလှသစ်ပန်းချီပြခန်း တာဝန်ခံ
အဆိုပါ ပန်းချီပြပွဲတွင် ပန်း ချီကြည်စိုး၊ ဘိုကလေးဌေးလွင်၊ ဇွဲညွန့်ပီ၊ အောင်စည်နေမျိုး ၊ အောင်ကြည်စိုး၊ အောင်ဇော်စသည်တို့ပါဝင်သည့် ပန်းချီဆရာ ၃၂ ဦးက ရေးဆွဲထားသော ရေ ဆေး၊ ဆီဆေးနှင့် အခရိုင်းလစ် အမျိုးအစားစုံ ပန်းချီကားပေါင်း ခုနစ်ဆယ်ကျော်ကို ပြသသွားမည်ဖြစ်သည်။
‘‘ဗိုလ်ချုပ်ပုံတူ၊ မော်ဒန်နဲ့ သရုပ်မှန် (Realism) ပန်းချီကား တွေ ပြသွားမှာပါ။ ပြီးတော့ ဇူလိုင် ၁၉ ရက်မှာ ၀ှိုက်ဘုတ်တွေ ထောင်ပေးထားပြီးတော့ လာ ကြည့်တဲ့လူတွေက ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီးတော့ ခံစားချက်တွေ ကို ရေးလို့ရအောင် စီစဉ်ပေးထား မှာပါ’’ ဟု ကိုရန်နိုင်က ပြောသည်။
အဆိုပါ ပန်းချီပြပွဲတွင် ခေတ်အဆက်ဆက် မြန်မာဂုဏ် ဆောင်ခဲ့သည့် ထင်ရှားသူများအ နေဖြင့် ဦးဥတ္တမအပါအ၀င် ဘုရင် များ၊ ခေါင်းဆောင်များနှင့် ယနေ့ ခေတ် မြန်မာ့ဂုဏ်ဆောင်ခဲ့သည့် နန်းခင်ဇေယျာအထိ ရုပ်ပုံ ၆၀၀ ကျော်ကို နောက်ခံ Background ထားရှိပြီး ဗိုလ်ချုပ်အောင်ဆန်းပုံ တူရေးဆွဲထားသည့် ပန်းချီကား အပါအ၀င် ဗိုလ်ချုပ်အောင်ဆန်း နှင့် ပတ်သက်သည့် အမှတ်တရ ပန်းချီကားများကို ပြသသွားမည် ဖြစ်သည်။
ပြပွဲတွင် ပြသထားသည့် ပန်းချီကားများ၏ ဈေးနှုန်းမှာ ကျပ်ငွေတစ်သိန်းခွဲမှ သိန်းငါးဆယ်ကျော်အထိ ရှိသည်။
Background ပန်းချီပြပွဲကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းရှိ အလှသစ်ပန်းချီပြခန်းတွင် ဇူလိုင် ၁၉ ရက်မှ ၃၀ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအ တွင်း ပြသသွားမည် ဖြစ်သည်။
7Day Daily
No comments:
Post a Comment