Wednesday, July 23, 2014

တာဝန်အရဆောင်ရွက်သည့်ပြည်သူ့ဝန်ထမ်းအားဓါးဖြင့်ခုတ်သူကို အရေးယူထား

၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ ည ၁၀ နာရီခွဲအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ရဲဒုတပ်ကြပ် ဇော်မျိုးထိုက်(၂၈)နှစ်သည် ဒေါ်ပြုံး ထမင်းဆိုင်တွင် ထမင်းကြော်ဝယ်စဉ် ကလေးဝမြို့၊ အမှတ်(၁)ရပ်ကွက်နေ အောင်ဖြိုးကို(၂၃)နှစ်မှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး အသင့်ပါလာသော အရိုး၊ အသွား ၂၁ လက်မခန့်ရှိ ဓါးမဖြင့်
ရဲဒုတပ်ကြပ် ဇော်မျိုးထိုက်အား ခုတ်ရာ ၀ဲလက်ပြင်ပြတ်ရှ ဒဏ်ရာ ရရှိခဲ့သည်။ စစ်ဆေးချက်အရ လွန်ခဲ့သောတစ်ပတ်ခန့်က ကလေးဝမြို့ပေါ်၌ ပူးပေါင်းအဖွဲ့ဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးရေးဆောင်ရွက်နေစဉ် ဆိုင်ကယ်စီးဦးထုပ်မဆောင်း၍ ဒုတပ်ကြပ် ဇော်မျိုးထိုက်က အရေးယူ ခဲ့ခြင်းအပေါ် မကျေနပ်သဖြင့် ဓါးမနှင့်ခုတ်ခြင်းဖြစ်ကြောင်းသိရသောကြောင့် အောင်ဖြိုးကိုအား ကလေးဝမြို့မရဲစခန်း (ပ)၆၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments:

Post a Comment