Wednesday, July 23, 2014

လွှတ်တော်အမတ်နှင့် ကိုယ်ကျင့်သိက္ခာ

Photo: လွှတ်တော်အမတ်နှင့် ကိုယ်ကျင့်သိက္ခာ
Wednesday, July 23, 2014

‘‘စိတ်ပျက်ဖို့ ကောင်းတယ်။ သမီးချင်းမစာနာ သားပြောမယားပြော ဖုံးနံပါတ်ရအောင် စုံစမ်းတယ်။ ဖုန်းကို Block ထားသော Viber ကနေ နှောင့်ယှက်တယ်’’

‘‘ဒီ Post ဖတ်ပြီး ရှက်တတ်ရင် ရပ်တန်းကရပ်ပါ။ သည်းခံနေနေတာ ကြာပြီ’’

အထက်ပါစာသားများမှာ အမျိုးသမီးတစ်ဦး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ အိမ်ထောင်ရှင် လွှတ်တော်အမတ် အမျိုးသားတစ်ဦးအား ဇူလိုင် ၂ ရက်က သတိပေးထားခြင်းဖြစ်သည်။

ထိုကဲ့သို့ သတိပေးခဲ့သော်လည်း လွှတ်တော်အမတ်က ဆက်လက်၍ မဖွယ်မရာမက်ဆေ့ခ်ျများ ပို့လာသဖြင့် ဇူလိုင် ၂၁ ရက်တွင် ထပ်မံသတိပေးသည့် စာသားထပ်တင်ထားသည်ကို တွေ့ရသည်။

အိမ်ထောင်ရှိသော လွှတ်တော်အမတ်တစ်ဦးက အသက်(၄၀)အရွယ် အမျိုးသမီးတစ်ဦးအား ဖေ့စ်ဘွတ်ခ်နှင့် ဖုန်းမှတစ်ဆင့် ရည်းစားစာဆန်ဆန် ချစ်ကြိုက်စကား စာသားများ ပေးပို့လာသဖြင့် ယခုကဲ့သို့ သတိပေးရခြင်းဖြစ်ကြောင်း ၎င်းအမျိုးသမီးက ပြောသည်။

‘‘စကားပြောဖူးလို့ အတင့်ရဲတယ်ဆိုထားတော့ အလှူကိစ္စ ပြောတာလောက်ပဲရှိတယ်။ ဟိုနိုးနိုး ဒီနိုးနိုး ထင်ခဲ့ရင်တောင် အခုအခြေအနေကို သဘောပေါက်သင့်ပြီ’’ဟု နှောင့်ယှက်ခံရသည့် အမျိုးသမီးက ဖွင့်ဟသည်။

ထို့ကြောင့် ၎င်းအနေဖြင့် လွှတ်တော်အမတ်ကို သိက္ခာမရှိသူဟု ထင်မြင်ပြီး လေးစား၍ မရတော့ကြောင်းလည်း ဆက်လက်ပြောသည်။

‘‘လွှတ်တော်အမတ်ဆိုတာ လူတိုင်းလုပ်လို့ရတာ မဟုတ်ဘူး။ အခုလို လုပ်တာသိရတော့ သိက္ခာသမာဓိ မရှိတဲ့လူလို့ မြင်တယ်။ လေးစားလို့ မရတော့ဘူး’’ဟု ၎င်းက ဆက်လက်ပြောသည်။

ထိုကဲ့သို့ အင်တာနက်ပေါ်တွင် တွေ့ရှိသော အမျိုးသမီးများကို စည်းရုံးသွေးဆောင်နေသူများ ရှိနေသလို နေပြည်တော်တွင်ရှိသော ကေတီဗီမှ အမျိုးသမီးများနှင့် ဆက်နွှယ်ပတ်သက်နေသော လွှတ်တော်အမတ်အချို့လည်း ရှိသည်။

အိမ်ထောင်ရှိ လွှတ်တော်အမတ်အမျိုးသားတစ်ဦးမှာလည်း ဝန်ထမ်းအမျိုးသမီးတစ်ဦးနှင့် တွဲနေသည့်သတင်းများ ထွက်နေသည်။ ထိုသတင်းကို သီးခြားအတည်မပြုနိုင်သော်လည်း လွှတ်တော်တက်ရောက် သတင်းယူနေသော သတင်းထောက်များကြား ထိုဇာတ်လမ်းမှာ စိတ်ဝင်စားစရာ ဖြစ်နေပါသည်။

အချို့သော လွှတ်တော်အမတ်များအနေဖြင့် လွှတ်တော်အစည်းအဝေးနားသည့် ရက်များတွင် နေပြည်တော်ရှိ ကေတီဗီများသို့ သွားရောက်ကြပြီး ထိုကေတီဗီများမှ အမျိုးသမီးအချို့နှင့် ပတ်သက်မှုများရှိသည်။

ကေတီဗီမှ အမျိုးသမီးများနှင့်ဆက်သွယ်ရန် သီးသန့်ဖုန်းတစ်လုံး ကိုင်ထားပြီး ထိုဖုန်းကို လွှတ်တော်အစည်းအဝေးပြီးနောက် အိမ်ပြန်သည့်အခါ ယူမသွားကြဘဲ နေပြည်တော်ရှိ တည်းခိုနေရာတွင် ထားခဲ့ကြလေ့ရှိသည်။

ထိုကဲ့သို့သော အကျင့်စာရိတ္တယိုယွင်းသူများမှာ အစိုးရအဖွဲ့အပါအဝင် အဖွဲ့အစည်းများ၊ ဌာနများ၊ လုပ်ငန်းများတိုင်းတွင်လည်း ရှိပါသည်။

လွှတ်တော်အမတ်များအနေဖြင့် ပုထုဇဉ်များဖြစ်ကြသည့်အတွက် ထိုကဲ့သို့သော လူများရှိနေနိုင်ပါသည်။ သို့သော် လွှတ်တော်အမတ်များအနေဖြင့် အခြားသော အဖွဲ့အစည်းမှ လူများနှင့်မတူသည်မှာ ပြည်သူများက မဲဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်သည်။

ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် ပြည်သူက ပေးထားသော မဲများဖြင့် လွှတ်တော်တာဝန် ထမ်းဆောင်နေသူများ ဖြစ်သောကြောင့် အခြားသူများထက် ပြည်သူ့မျက်နှာကြည့်ရန် တာဝန်ရှိပါသည်။

တိုင်းပြည်၏ အရေးကြီးသော ဥပဒေများပြဋ္ဌာန်းမည့် ပြည်သူ့ကိုယ်စားလှယ်များဖြစ်သည်။ ပြည်သူလူထုကိုယ်စားပြု လွှတ်တော်အမတ်ဖြစ်လာပါက သက်ဆိုင်ရာမြို့နယ်အပြင် တစ်တိုင်းပြည်လုံးအတွက် အရေးကြီးသည့် လုပ်ငန်းများ လုပ်ဆောင်ကြရသူများဖြစ်သည်။

‘‘လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီဆိုရင် မြို့နယ်ကတစ်ဆင့် တစ်နိုင်ငံလုံးအတွက် တာဝန်ရှိတယ်’’ဟု ဗေဒါနိုင်ငံရေးသင်တန်းကျောင်းမှ အမှုဆောင်ဒါရိုက်တာ ဦးမျိုးရန်နောင်သိမ်းကဆိုသည်။

နိုင်ငံရေးနယ်သို့ စတင်ဝင်ရောက်မည်ဆိုပါက သာမန်ပါတီဝင်အနေအထားမှာပင် အကျင့်စာရိတ္တကောင်းမွန်ရန် လိုအပ်ပါသည်။ အထူးသဖြင့် အသောက်အစား၊ လောင်းကစား၊ အပျော်လိုက်မှု၊ ငွေကြေးအလွဲသုံးစားမှု စသည်တို့တွင် အပြောအဆိုမခံရအောင် မိမိကိုယ်ကိုယ် ထိန်းသိမ်းရမည်ဖြစ်သည်။

‘‘လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပြီဆိုရင်တော့ ဒီထက်မက အကျင့်စာရိတ္တပိုင်းမှာ စံပြဖြစ်အောင် နေသင့်တာပေါ့။ လူထုကိုယ်စားလှယ်ဖြစ်တဲ့အတွက် လူထုက လေးစားအောင်ပြုမူ ကျင့်ကြံနေထိုင်ရမှာ ဖြစ်ပါတယ်’’ဟု BNI သတင်းဌာန အယ်ဒီတာ ဦးဇင်လင်းက ဆိုသည်။

ထို့ကြောင့် လွှတ်တော်အမတ်များအနေဖြင့် စာရိတ္တကောင်းမွန်ရန် လိုသလိုပြောဆိုသည့် စကားအပြောအဆိုနှင့် ကိုယ်အမူအရာ နှုတ်အမူအရာများပါ ယဉ်ကျေးသိမ်မွေ့ဖို့ လိုအပ်ပေသည်။

ထို့အပြင် လွှတ်တော်အမတ်များထဲတွင် ပါတီဝင်တစ်ဦးနှင့် တစ်ဦးကြား တိုင်းရင်းသားများနှင့်ပတ်သက်၍ လက်လွတ်စပယ် စည်းကမ်းမဲ့ပြောဆိုသူများ ရှိကြသည်။

‘‘တချို့တွေက စကားလုံးတွေ ကြမ်းတယ်။ ပုဂ္ဂိုလ်ရေးဆန်တဲ့ အသုံးအနှုန်းတွေ ပြောဆိုနေမှုဟာ အင်မတန်ရိုင်းတယ်။ သာမန်ပုဂ္ဂိုလ်တွေ မပြောသင့်တဲ့စကားတွေတောင် ပြောတာတွေရှိတယ်’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ် ဦးမြင့်ဦးက ပြောသည်။

ဥပဒေပြုသော လွှတ်တော်အမတ်များအနေဖြင့် ဥပဒေနှင့်အညီ ညီညွတ်စွာ နေထိုင်ပြုမူ ပြောဆိုရမည့်အပြင် လောကတွင် ကျင့်သုံးလိုက်နာရမည့် နီတိတရားများ၊ ကျင့်ဝတ်များကိုလည်း လိုက်နာကျင့်သုံးနေထိုင်ရန် လိုအပ်သည်။

‘‘မိမိကြောင့် နိုင်ငံရဲ့လွှတ်တော်အပေါ် ပြည်သူတွေသာမက နိုင်ငံရပ်ခြားက လေ့လာသူတွေကပါ များစွာအထင်သေးစရာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဟာ သာမန်ပြည်သူတစ်ယောက်ထက် များစွာစောင့်စည်းဖို့ လိုအပ်ပါတယ်’’ဟုလည်း နိုင်ငံရေးဆောင်းပါးများ ရေးသားသူ ဦးထင်လင်းဦးက သုံးသပ်သည်။

ထို့ကြောင့် အကျင့်စာရိတ္တပျက်ပြားသော လွှတ်တော်အမတ်များ၊ ပြည်သူ့အကျိုးမဆောင်ရွက်သော လွှတ်တော်အမတ်များအား အရေးယူသည့် ဥပဒေများရှိသင့်ပြီဟု နိုင်ငံရေးလေ့လာသူအချို့ကဆိုသည်။

လက်ရှိကျင့်သုံးနေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၉)တွင် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းအခန်းပါရှိသည်။

ပြည်သူတွေဘက်က လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၃၉၆ အရ ပြန်လည်ရုပ်သိမ်း၍ ရသော်လည်း ထိုဥပဒေကို လွှတ်တော်တွင် ဆိုင်းငံ့ထားသည်။

သို့သော် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို အကြောင်းတစ်ရပ်ရပ်ကြောင့် တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်။ ထိုအချက်များထဲတွင် အကျင့်သိက္ခာပျက်ပြားခြင်းလည်း ပါဝင်သည်။ ထို့ကြောင့် လွှတ်တော်အမတ်တစ်ဦးအနေဖြင့် အကျင့်သိက္ခာပျက်ပြားပါက လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းနိုင်သည်။

‘‘ကိုယ်ကျင့်တရားနဲ့မညီတဲ့ အပြုအမူအကျင့်အကြံတွေ အမှန်ရှိခဲ့ရင်တော့ လူထုနည်း (သို့မဟုတ်) မီဒီယာက ဖွင့်ချဖော်ပြတဲ့နည်းတွေနဲ့ ဆုံးမရမယ်လို့ ယူဆပါတယ်’’ဟု BNI သတင်းဌာန အယ်ဒီတာဦးဇင်လင်းက ဆိုသည်။

‘‘လွှတ်တော်ဥက္ကဋ္ဌက ဒီကိစ္စမျိုး သတိပေးရမှာပဲ’’ဟု နိုင်ငံရေးလေ့လာသူ ဦးထင်လင်းဦးကဆိုသည်။

ပြည်သူက ရွေးချယ်တင်မြှောက်ထားသော လွှတ်တော်အမတ်များအနေဖြင့် သာမန်ပြည်သူများထက် စာရိတ္တပိုင်းတွင် စံပြပုဂ္ဂိုလ်များဖြစ်ရပေမည်။ ထိုကဲ့သို့မဟုတ်ဘဲ စာရိတ္တဖောက်ဖျက်သူများလာပါက သက်ဆိုင်ရာ လွှတ်တော်အမတ်အတွက် မကောင်းသလို သက်ဆိုင်ရာပါတီအတွက်လည်း မကောင်းပေ။

သက်တမ်းသုံးနှစ်ကျော်ရှိပြီဖြစ်သော လွှတ်တော်အမတ်များ၏ အရည်အချင်းနှင့် ပတ်သက်၍လည်း ဝေဖန်မှုများစွာရှိနေချိန်ဖြစ်သည်။ ထိုသို့သော ဝေဖန်မှုများရှိနေချိန်တွင် အကျင့်စာရိတ္တပျက်ယွင်းသူ များပြားလာပါက လွှတ်တော်အပေါ် ပြည်သူလူထု၏ ယုံကြည်လေးစားမှု ပိုမိုလျော့ကြလာပေလိမ့်မည်။         ။

7 Day Daily
‘‘စိတ်ပျက်ဖို့ ကောင်းတယ်။ သမီးချင်းမစာနာ သားပြောမယားပြော ဖုံးနံပါတ်ရအောင် စုံစမ်းတယ်။ ဖုန်းကို Block ထားသော Viber ကနေ နှောင့် ယှက်တယ်’’
‘‘ဒီ Post ဖတ်ပြီး ရှက်တတ်ရင် ရပ်တန်းကရပ်ပါ။ သည်းခံနေနေတာ ကြာပြီ’’

အထက်ပါစာသားများမှာ အမျိုးသမီး တစ်ဦး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ အိမ်ထောင်ရှင်
လွှတ်တော်အမတ် အမျိုးသားတစ်ဦးအား ဇူလိုင် ၂ ရက်က သတိပေးထားခြင်းဖြစ်သည်။

ထိုကဲ့သို့ သတိပေးခဲ့သော်လည်း လွှတ်တော်အမတ်က ဆက်လက်၍ မဖွယ်မရာမက်ဆေ့ခ်ျများ ပို့လာသဖြင့် ဇူလိုင် ၂၁ ရက်တွင် ထပ်မံသတိပေးသည့် စာသားထပ်တင်ထားသည်ကို တွေ့ရသည်။

အိမ်ထောင်ရှိသော လွှတ်တော်အမတ်တစ်ဦးက အသက်(၄၀)အရွယ် အမျိုးသမီး တစ်ဦးအား ဖေ့စ်ဘွတ်ခ်နှင့် ဖုန်းမှတစ်ဆင့် ရည်းစားစာဆန်ဆန် ချစ်ကြိုက်စကား စာသားများ ပေးပို့လာသဖြင့် ယခုကဲ့သို့ သတိပေးရခြင်းဖြစ်ကြောင်း ၎င်းအမျိုးသမီးက ပြောသည်။

‘‘စကားပြောဖူးလို့ အတင့်ရဲတယ်ဆိုထားတော့ အလှူကိစ္စ ပြောတာလောက်ပဲရှိတယ်။ ဟိုနိုးနိုး ဒီနိုးနိုး ထင်ခဲ့ရင်တောင် အခုအခြေအနေကို သဘောပေါက်သင့်ပြီ’’ဟု နှောင့်ယှက်ခံရသည့် အမျိုးသမီးက ဖွင့်ဟသည်။

ထို့ကြောင့် ၎င်းအနေဖြင့် လွှတ်တော်အမတ်ကို သိက္ခာမရှိသူဟု ထင်မြင်ပြီး လေးစား၍ မရတော့ကြောင်းလည်း ဆက်လက်ပြောသည်။

‘‘လွှတ်တော်အမတ်ဆိုတာ လူတိုင်းလုပ်လို့ရတာ မဟုတ်ဘူး။ အခုလို လုပ်တာသိရတော့ သိက္ခာသမာဓိ မရှိတဲ့လူလို့ မြင်တယ်။ လေးစားလို့ မရတော့ဘူး’’ဟု ၎င်းက ဆက်လက်ပြောသည်။

ထိုကဲ့သို့ အင်တာနက်ပေါ်တွင် တွေ့ရှိသော အမျိုးသမီးများကို စည်းရုံးသွေးဆောင်နေသူများ ရှိနေသလို နေပြည်တော်တွင်ရှိသော ကေတီဗီမှ အမျိုးသမီးများနှင့် ဆက်နွှယ်ပတ်သက်နေသော လွှတ်တော်အမတ်အချို့လည်း ရှိသည်။

အိမ်ထောင်ရှိ လွှတ်တော်အမတ်အမျိုးသားတစ်ဦးမှာလည်း ဝန်ထမ်းအမျိုးသမီးတစ်ဦးနှင့် တွဲနေသည့်သတင်းများ ထွက်နေသည်။ ထိုသတင်းကို သီးခြားအတည်မပြုနိုင်သော်လည်း လွှတ်တော်တက်ရောက် သတင်းယူနေသော သတင်းထောက်များကြား ထိုဇာတ်လမ်းမှာ စိတ်ဝင်စားစရာ ဖြစ်နေပါသည်။

အချို့သော လွှတ်တော်အမတ်များအနေဖြင့် လွှတ်တော်အစည်းအဝေးနားသည့် ရက်များတွင် နေပြည်တော်ရှိ ကေတီဗီများသို့ သွားရောက်ကြပြီး ထိုကေတီဗီများမှ အမျိုးသမီးအချို့နှင့် ပတ်သက်မှုများရှိသည်။

ကေတီဗီမှ အမျိုးသမီးများနှင့်ဆက်သွယ်ရန် သီးသန့်ဖုန်းတစ်လုံး ကိုင်ထားပြီး ထိုဖုန်းကို လွှတ်တော်အစည်းအဝေးပြီးနောက် အိမ်ပြန်သည့်အခါ ယူမသွားကြဘဲ နေပြည်တော်ရှိ တည်းခိုနေရာတွင် ထားခဲ့ကြလေ့ရှိသည်။

ထိုကဲ့သို့သော အကျင့်စာရိတ္တယိုယွင်းသူများမှာ အစိုးရအဖွဲ့အပါအဝင် အဖွဲ့အစည်းများ၊ ဌာနများ၊ လုပ်ငန်းများတိုင်းတွင်လည်း ရှိပါသည်။

လွှတ်တော်အမတ်များအနေဖြင့် ပုထုဇဉ်များဖြစ်ကြသည့်အတွက် ထိုကဲ့သို့သော လူများရှိနေနိုင်ပါသည်။ သို့သော် လွှတ်တော်အမတ်များအနေဖြင့် အခြားသော အဖွဲ့အစည်းမှ လူများနှင့်မတူသည်မှာ ပြည်သူများက မဲဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်သည်။

ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် ပြည်သူက ပေးထားသော မဲများဖြင့် လွှတ်တော်တာဝန် ထမ်းဆောင်နေသူများ ဖြစ်သောကြောင့် အခြားသူများထက် ပြည်သူ့မျက်နှာကြည့်ရန် တာဝန်ရှိပါသည်။

တိုင်းပြည်၏ အရေးကြီးသော ဥပဒေများပြဋ္ဌာန်းမည့် ပြည်သူ့ ကိုယ်စားလှယ်များဖြစ် သည်။ ပြည်သူ လူထုကိုယ်စားပြု လွှတ်တော်အမတ်ဖြစ်လာပါက သက်ဆိုင်ရာမြို့နယ်အပြင် တစ်တိုင်းပြည်လုံးအတွက် အရေးကြီးသည့် လုပ်ငန်းများ လုပ်ဆောင်ကြရသူများဖြစ်သည်။

‘‘လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီဆိုရင် မြို့နယ်ကတစ်ဆင့် တစ်နိုင်ငံလုံးအတွက် တာဝန်ရှိတယ်’’ဟု ဗေဒါနိုင်ငံရေးသင်တန်းကျောင်းမှ အမှုဆောင်ဒါရိုက်တာ ဦးမျိုးရန်နောင်သိမ်းက ဆိုသည်။

နိုင်ငံရေးနယ်သို့ စတင်ဝင်ရောက်မည်ဆိုပါက သာမန်ပါတီဝင်အနေအထားမှာပင် အကျင့် စာရိတ္တကောင်းမွန်ရန် လိုအပ်ပါသည်။ အထူးသဖြင့် အသောက်အစား၊ လောင်းကစား၊ အပျော်လိုက်မှု၊ ငွေကြေးအလွဲသုံးစားမှု စသည်တို့တွင် အပြောအဆိုမခံရအောင် မိမိကိုယ်ကိုယ် ထိန်းသိမ်းရမည်ဖြစ်သည်။

‘‘လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာပြီဆိုရင်တော့ ဒီထက်မက အကျင့်စာရိတ္တပိုင်းမှာ စံပြဖြစ်အောင် နေသင့်တာပေါ့။ လူထုကိုယ်စားလှယ်ဖြစ်တဲ့အတွက် လူထုက လေးစားအောင်ပြုမူ ကျင့်ကြံနေထိုင်ရမှာ ဖြစ်ပါတယ်’’ဟု BNI သတင်းဌာန အယ်ဒီတာ ဦးဇင်လင်းက ဆိုသည်။

ထို့ကြောင့် လွှတ်တော်အမတ်များအနေဖြင့် စာရိတ္တကောင်းမွန်ရန် လိုသလိုပြောဆိုသည့် စကားအပြောအဆိုနှင့် ကိုယ်အမူအရာ နှုတ်အမူအရာများပါ ယဉ်ကျေးသိမ်မွေ့ဖို့ လိုအပ်ပေသည်။

ထို့အပြင် လွှတ်တော်အမတ်များထဲတွင် ပါတီဝင်တစ်ဦးနှင့် တစ်ဦးကြား တိုင်းရင်းသားများနှင့်ပတ်သက်၍ လက်လွတ်စပယ် စည်းကမ်းမဲ့ပြောဆိုသူများ ရှိကြသည်။

‘‘တချို့တွေက စကားလုံးတွေ ကြမ်းတယ်။ ပုဂ္ဂိုလ်ရေးဆန်တဲ့ အသုံးအနှုန်းတွေ ပြောဆိုနေမှုဟာ အင်မတန်ရိုင်းတယ်။ သာမန်ပုဂ္ဂိုလ်တွေ မပြောသင့်တဲ့စကားတွေတောင် ပြောတာတွေရှိတယ်’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ် ဦးမြင့်ဦးက ပြောသည်။

ဥပဒေပြုသော လွှတ်တော်အမတ်များအနေဖြင့် ဥပဒေနှင့်အညီ ညီညွတ်စွာ နေ ထိုင်ပြုမူ ပြောဆိုရမည့်အပြင် လောကတွင် ကျင့်သုံးလိုက်နာရမည့် နီတိတရားများ၊ ကျင့်ဝတ်များကိုလည်း လိုက်နာကျင့်သုံးနေထိုင်ရန် လိုအပ်သည်။

‘‘မိမိကြောင့် နိုင်ငံရဲ့လွှတ်တော်အပေါ် ပြည်သူတွေသာမက နိုင်ငံရပ်ခြားက လေ့လာသူတွေကပါ များစွာအထင်သေးစရာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဟာ သာမန်ပြည်သူတစ်ယောက်ထက် များစွာစောင့်စည်းဖို့ လိုအပ်ပါတယ်’’ဟုလည်း နိုင်ငံရေးဆောင်းပါးများ ရေးသားသူ ဦးထင်လင်းဦးက သုံးသပ်သည်။

ထို့ကြောင့် အကျင့်စာရိတ္တပျက်ပြားသော လွှတ်တော်အမတ်များ၊ ပြည်သူ့အကျိုးမဆောင်ရွက်သော လွှတ်တော်အမတ်များအား အရေးယူသည့် ဥပဒေများရှိသင့်ပြီဟု နိုင်ငံရေးလေ့လာသူအချို့ကဆိုသည်။

လက်ရှိကျင့်သုံးနေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၉)တွင် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းအခန်းပါရှိသည်။

ပြည်သူတွေဘက်က လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၃၉၆ အရ ပြန်လည်ရုပ်သိမ်း၍ ရသော်လည်း ထိုဥပဒေကို လွှတ်တော်တွင် ဆိုင်းငံ့ထားသည်။

သို့သော် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို အကြောင်းတစ်ရပ်ရပ်ကြောင့် တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်။ ထိုအချက်များထဲတွင် အကျင့်သိက္ခာပျက်ပြားခြင်းလည်း ပါဝင်သည်။ ထို့ကြောင့် လွှတ်တော်အမတ်တစ်ဦးအနေဖြင့် အကျင့်သိက္ခာပျက်ပြားပါက လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းနိုင်သည်။

‘‘ကိုယ်ကျင့်တရားနဲ့မညီတဲ့ အပြုအမူအကျင့်အကြံတွေ အမှန်ရှိခဲ့ရင်တော့ လူထုနည်း (သို့မဟုတ်) မီဒီယာက ဖွင့်ချဖော်ပြတဲ့နည်းတွေနဲ့ ဆုံးမရမယ်လို့ ယူဆပါတယ်’’ဟု BNI သတင်းဌာန အယ်ဒီတာဦးဇင်လင်းက ဆိုသည်။

‘‘လွှတ်တော်ဥက္ကဋ္ဌက ဒီကိစ္စမျိုး သတိပေးရမှာပဲ’’ဟု နိုင်ငံရေးလေ့လာသူ ဦးထင်လင်းဦးကဆိုသည်။

ပြည်သူက ရွေးချယ်တင်မြှောက်ထားသော လွှတ်တော်အမတ်များအနေဖြင့် သာမန်ပြည်သူများထက် စာရိတ္တပိုင်းတွင် စံပြပုဂ္ဂိုလ်များဖြစ်ရပေမည်။ ထိုကဲ့သို့မဟုတ်ဘဲ စာရိတ္တဖောက်ဖျက်သူများလာပါက သက်ဆိုင်ရာ လွှတ်တော်အမတ်အတွက် မကောင်းသလို သက်ဆိုင်ရာပါတီအတွက်လည်း မကောင်းပေ။

သက်တမ်းသုံးနှစ်ကျော်ရှိပြီဖြစ်သော လွှတ်တော်အမတ်များ၏ အရည်အချင်းနှင့် ပတ်သက်၍လည်း ဝေဖန်မှုများစွာရှိနေချိန်ဖြစ်သည်။ ထိုသို့သော ဝေဖန်မှုများရှိနေချိန်တွင် အကျင့်စာရိတ္တပျက်ယွင်းသူ များပြားလာပါက လွှတ်တော်အပေါ် ပြည်သူလူထု၏ ယုံကြည်လေးစားမှု ပိုမိုလျော့ကြလာပေလိမ့်မည်။         ။

7 Day Daily

No comments:

Post a Comment