Tuesday, July 15, 2014

ထိုင်းရှိ မြန်မာဒုက္ခသည်များ မြန်မာနိုင်ငံသို့ပြန်ရန် တစ်နှစ်ခန့် အချိန်ယူရန်လိုအပ်

ရန်ကုန်၊ ဇူလိုင် ၁၄ - ထိုင်းနိုင်ငံရှိ မြန်မာ ဒုက္ခသည် များအား မြန်မာနိုင်ငံသို့ ပြန်ပို့ရန် အတွက် အနည်းဆုံးတစ်နှစ်ခန့် အချိန်ယူရန် လိုအပ်ကြောင်း ထိုင်းစစ်တပ်က ပြောကြားခဲ့ သည်ဟု ဘန်ကောက်ပို့စ်သတင်းစာ၏ ဖော်ပြ ချက်အရ သိရသည်။

ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းကိုးခုမှ ဒုက္ခ သည်များ ကို တွေ့ဆုံမေးမြန်းခဲ့သည့် ဒုက္ခသည် အရေး စာရင်းပြုစုမှုကော်မတီများ၏ စာရင်း ပြုစုချက်များအရ မြန်မာနိုင်ငံသို့ပြန်ပို့မည့် ဒုက္ခသည်များကို
အမျိုးအစားအုပ်စုသုံးစု ခွဲ ခြားနိုင်ပြီး ဒုက္ခသည်များ ကို ပြန်လည်ပို့ဆောင် ရန်အချိန် တစ်နှစ် သို့မဟုတ် ထို့ထက်ပိုမိုလို အပ်ကြောင်း ထိုင်းစစ်တပ်မှ ပြောကြားခဲ့သည် ဟု ဖော်ပြထားသည်။

''ထိုင်းနိုင်ငံငြိမ်းချမ်းရေးနှင့် လုံခြုံရေး အမျိုးသားကောင်စီရဲ့မူဝါဒအရ ဒုက္ခသည်စခန်း အားလုံးက ဒုက္ခသည်တွေကိုပြန်ပို့ဖို့အတွက် ဒုက္ခသည် စခန်းတွေကို လေ့လာသွားမှာပါ။ မြန်မာအစိုးရအနေနဲ့လဲ သူတို့ကို ပြန်ခေါ်ဖို့အ တွက် အဆင်သင့်ဖြစ်နေပါပြီ''ဟု အဖွဲ့ဝင် တစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

ဒုက္ခသည်များကိုမေးမြန်းခဲ့သည့် အ လုပ်အဖွဲ့တွင် ထိုင်းစစ်တပ်၊ မယ်ဖလောင် (Mae Fah Luang Foundation) ဖောင်ဒေး ရှင်း တို့မှပါဝင်ပြီး ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး၏ဦးဆောင်မှုဖြင့် ဒုက္ခသည်စခန်းကိုးခုရှိ ဒုက္ခသည်များ ကို တွေ့ ဆုံမေးမြန်းခြင်း၊ နိုင်ငံသားစိစစ်သတ်မှတ်ခြင်း များပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်း မြစ်၏ပြောကြားချက်အရ သိရသည်။

ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များကို အ မျိုးအစားအုပ်စု သုံးစုခွဲခြားရာတွင် မြန်မာ နိုင်ငံပြန်လိုသူ၊ ထိုင်းနိုင်ငံတွင်နေထိုင်လိုသူ နှင့် တတိယနိုင်ငံများသို့ရွှေ့ပြောင်းလိုသည့် အုပ်စုဟုတွေ့ရပြီး ဒုက္ခသည်များကို လက်ခံ မည့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပ နိုင်ငံများသည် ဒုက္ခသည်အရေအတွက် မည် မျှလက်ခံမည်ဟု ပြောကြားထားခြင်း မရှိ သေးကြောင်း သိရသည်။

ဒုက္ခသည်များအနက် အသက်အရွယ် ကြီးရင့်သူအများစုသည် တတိယနိုင်ငံသို့သွား ရောက် အခြေချခြင်းထက် သက်ဆိုင်ရာ နိုင်ငံ ၏ မူဝါဒ များ လူ့အဖွဲ့အစည်းများနှင့် ကိုက်ညီ မှုမရှိမည်ကို စိုးရိမ်ပူပန်သည့်အတွက် မြန် မာနိုင်ငံကိုပြန်လို ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် မွေးဖွားပြီးကြီးပြင်းလာသည့် ဒုက္ခသည်များ မှာ ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်လိုသည် ဟု အဆိုပါသတင်း အရင်းအမြစ်က ပြောကြား ခဲ့ကြောင်း သိရသည်။

ပထမနှစ်အတွင်း မိမိဆန္ဒအလျောက် မြန်မာနိုင်ငံပြန်လိုသည့် ဒုက္ခသည်များအား မြေယာနှင့် ငွေကြေးအထောက်အပံ့များ ကုလ သမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး ရုံးမှတစ်ဆင့် ပေးအပ်သွားမည်ဟု UNHCR မှ ဒုက္ခသည်များထံ ကမ်းလှမ်း ထားကြောင်း ဖော်ပြထားသည်။

ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာ မင်းကြီးရုံးက ဒုက္ခသည်များပြန်ပို့မည့်လုပ်ငန်း ကို ကြီးကြပ်သွားမည်ဖြစ်ပြီး ဒုက္ခသည်များ ပြန်ပို့ရာတွင် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ စံသတ်မှတ်ချက်များနှင့် နိုင်ငံပြန်လို သည့်ဒုက္ခသည်များကို ဦးစားပေးစီစဉ်ပေးရမည်ဖြစ်ကြောင်း ထိုင်းနှင့် မြန်မာအစိုးရတာဝန် ရှိသူများက သဘောတူထားကြသည်။

''ဒုက္ခသည်တွေကိုပြန်ပို့တဲ့အခါ ဒုက္ခ သည်တွေသဘောတူဖို့နဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ စံသတ်မှတ်ချက်တွေ ကိုလိုက်နာရမှာဖြစ်ပြီး ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာမဟာမင်းကြီးရုံးက ဒီလုပ်ဆောင် ချက်ရဲ့တစ်စိတ်တစ်ပိုင်း ကိုတာဝန်ယူ သွား မှာ ဖြစ်ပါ တယ်။ ဒါက ရှည်လျားတဲ့ပြဿ နာတစ် ရပ်ဖြစ်ပြီး အလုပ်သမားစည်းမျဉ်းအပါအ ဝင် ထိုင်းနိုင်ငံရဲ့လုံခြုံရေးကို သက်ရောက်မှုရှိ စေပါတယ်။ ဒီအစီအစဉ်က အနည်းဆုံး အ ချိန်တစ်နှစ်လောက်ယူရမှာပါ''ဟု အဆိုပါအ မည်မဖော်လို သူအရာရှိက ပြောကြားခဲ့ကြောင်း သိရသည်။

အလုပ်အဖွဲ့၏စိစစ်ချက်အရ ကချာနဘူ ရီနှင့် ရတ်ခ်ျဘူရီဒေသရှိ ဒုက္ခသည်စခန်းများ တွင် ဒုက္ခသည်မဟုတ်သူ သုံးထောင်ဝန်းကျင် ရှိကြောင်း ဖော်ပြထားသည်။ 

ထိုင်းမြန်မာနယ်စပ် မယ်ဟောင်ဆောင် ခရိုင်အတွင်းရှိ ကရင်နီဒုက္ခသည်စခန်းအ မှတ်(၁)တွင် ထိုင်းအာဏာပိုင်များမှ လူဦး ရေစာရင်းစစ်ဆေးမှုများကို ဇူလိုင် ၁၉ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း မြန်မာဒုက္ခ သည်များ အခြေချနေထိုင်လာသည်မှာ နှစ်ပေါင်းလေး ဆယ်နီးပါးကြာမြင့်ပြီဖြစ်ပြီး ထိုင်းမြန်မာနယ် စပ်တစ်လျှောက်တွင် ဒုက္ခသည်စခန်းကိုးခု ရှိနေကြောင်း သိရသည်။ အများစုမှာ ကရင် နှင့် ကရင်နီဒုက္ခသည်များဖြစ်ကြပြီး လတ်တ လောကာလအတွင်း နေရပ်ပြန်ပို့မည်ဆိုပါက ယင်းတို့၏ မူလနေရပ်များတွင် မြေမြှုပ်မိုင်း ပြဿ နာ၊ မူလရပ်ရွာများ မရှိတော့သည့် ပြဿ နာများအပါအဝင် ပြန်လည်ထူထောင်ရေးဆိုင် ရာ ပြဿ နာများကို ရင်ဆိုင်ရဖွယ် ရှိနေသည်။

လေ့လာသူများ၏အဆိုအရ အစိုးရနှင့် တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တည် ဆောက်နေသည့် လက်နက်ကိုင်ပဋိပက္ခများ အပြီးသတ်ချုပ်ငြိမ်းသွားမှသာ သိန်းနှင့်ချီ သည့်ဒုက္ခသည်များ မူလနေရပ်ပြန်ရန် အ ဆင်ပြေလိမ့်မည်ဟု သုံးသပ်ကြကြောင်း သိရ သည်။ 

HM
The Voice Weekly

No comments:

Post a Comment