Wednesday, July 2, 2014

အလုပ်ခေါ်ရာတွင် အချို့က အဝေးသင်ဘွဲ့ရသူများကို ထည့်သွင်း မခေါ်ကြခြင်းကြောင့် အဝေး သင်တက်နေသူများ နစ်နာနေရဟု ပညာရေးဝန်ကြီးဆို

ရန်ကုန်၊ ဇွန် ၃၀- အလုပ်ခေါ်ရာ တွင် အချို့က အဝေးသင်ဘွဲ့ရသူ များကို ထည့်သွင်းမခေါ်သည့်ပြဿ နာများစွာရှိသည့်အတွက် အဝေးသင် တက်နေသူများ နစ်နာနေကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီ က ပြောကြားလိုက်သည်။
''ငွေမရှိလို့ အဝေးသင်ပဲတက် ရတယ်လို့ပြောပေမယ့်လဲ ကျွန်မတို့ ဒေသ တက္ကသိုလ်တွေ ဖွင့်နေပါပြီ။ ဒေသဆိုင်ရာအလုပ် အကိုင်သင်တန်း တွေ ကိုဆက်ဖွင့်ပါမယ်။ အဝေးသင် တက်တာဟာ ပညာရပ်တကယ်ရ မရ ပြန်ဆန်းစစ်ဖို့ အများကြီးလိုပါသေး တယ်။

အဝေးသင်ဘွဲ့နဲ့ ကျောင်း နေ့စဉ်တက်တဲ့ဘွဲ့နဲ့ ညီပါတယ်ဆို တာကို ဘယ်သူ့ ကိုမေးမေး ဖြေဖို့က တော်တော်လေး ခဲယဉ်းတယ်လို့ ထင်ပါတယ်။ ညီတယ်လို့ လဲ ဘယ်သူ မှ ပြောမှာမဟုတ်ပါဘူး။ ၁ဝတန်း အောင်ပြီး လမ်းပေါ်မှာရောက်နေ မှာစိုးလို့ အဝေးသင်အကုန်ပေးတက် လိုက်ဆိုရင် အဝေးသင် သင်နေရတဲ့ သူတွေကိုရော၊ အဝေးသင်တက္ကသိုလ် တွေကိုရော အင်မတန်အားနာပါ တယ်။ ဘွဲ့ရပြီး အလုပ်ခန့်လို့မရဘူး ဆိုတဲ့ စကားကိုပယ်ဖျက်ဖို့ ဒီပညာ ရေးပြုပြင်ပြောင်း လဲမှုတွေ လုပ်နေ တာဖြစ်ပါတယ်''ဟု ဒေါ်ခင်စန်းရီ က ပြောကြားသည်။
ဇွန် ၃ဝရက်က ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမတွင်ကျင်းပပြု လုပ်ခဲ့သော အဆင့်မြင့်ပညာရေးနှီး နှောဖလှယ်ပွဲတွင် အဝေးသင်ပညာ ရေးနှင့်ပတ်သက်ပြီး ရန်ကုန်အဝေး သင်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက် တာ လှတင့်က နိုင်ငံတကာ အဝေးသင်တက္ကသိုလ်များနှင့် နှိုင်းယှဉ်ပါ က Assessment System သည် များစွာကွာခြားသည့်အတွက် ညီမျှ စေရန်ထည့်သွင်းစဉ်းစားပေးရန်ပြော ကြားခဲ့သည်။
''နိုင်ငံတကာအဝေးသင်မှာ ပထမနှစ်ဝက်စစ်ဆေးတာနဲ့ ဒုတိယ နှစ်ဝက် စစ်ဆေးတာနဲ့သွားပါတယ်။ ကျွန်တော်တို့ဆီမှာ တစ်နှစ်လုံးမှတစ် ခါပဲ Assessment လုပ်ရပါတယ်။ ဒါဟာ အဝေးသင်ပညာရေးက UL system နဲ့ သွားနေရ တဲ့အတွက် ကြောင့်ပါ''ဟု ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ လှတင့်က ပြောသည်။
အဝေးသင်တက်ရောက်မည့် သူများကို Assessment system ဖြင့် ဖြတ်ချပြီး ဘွဲ့လက်မှတ်ကို လွယ်လွယ်ထုတ်မပေးသည့်စနစ်ကို အရင်ဆုံးသွားနိုင်ရန်အတွက် တင်း တင်းကျပ်ကျပ်ကိုင်တွယ်သွားမည် ဖြစ်ပြီး အဝေးသင်ပညာရေး မြှင့် တင်မှုအစည်းအဝေးများကိုလည်း သီးသန့်ပြုလုပ်ရန်လိုအပ်ကြောင်း ဒေါ်ခင်စန်းရီကပြောကြားခဲ့သည်။
''နယ်တွေမှာ အနုပညာရက် သတ္တပတ်၊ ဘာသာရပ်ရက်သတ္တ ပတ်တွေ ဘာလို့လုပ်စေချင်လဲဆို ရင် နယ်အစိုးရအဖွဲ့က ဘာလို့ဘာ ဖွင့်စေချင်သ လဲဆိုရင် ကျောင်းနေ့ စဉ်တက်တာ ဘယ်လိုအဓိပ္ပာယ်ရှိ တယ်။ အဝေးသင်တက်တာ ဘယ် လိုအဓိပ္ပာယ်ရှိတယ်ဆိုတာ ကို မြင် စေချင် တဲ့အတွက်ဖြစ်ပါတယ်''ဟု ယင်းကဆိုသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်တက္က သိုလ်ဝင်တန်း အောင်မြင်သူ ၆၀ ရာခိုင်နှုန်းခန့်သည် အဝေးသင်တက္က သိုလ်များသို့ တက်ရောက်နေရ ကြောင်း၊ အဝေးသင်မှ ဘွဲ့ရရှိသူ များကို ဘွဲ့ရပညာမတတ်ဟု ဝေဖန် မှုများရှိကြောင်း သိရသည်။
''ကျွန်မတို့ရုံးမှာတော့ တော် တော်များများက အဝေးသင်ဘွဲ့ရ တွေပါပဲ။ ဘွဲ့ရတွေ ကိုပဲ ဦးစားပေး အလုပ်ခေါ်ကြတာဆိုပေမယ့် အ ဝေးသင်ဘွဲ့မို့လို့ မခန့်ဘူးဆိုတာမျိုး တော့မရှိပါဘူး''ဟု မီဒီယာလုပ်ငန်း တစ်ခုမှ မဝေဝေခိုင်ဦးက ပြော သည်။
ATK
[--Democracy today Daily Newspaper--]

Yangon Media Group

No comments:

Post a Comment