Saturday, July 26, 2014

သပြေတောကျေးရွာအုပ်စုတာဝန်ခံ အသတ်ခံရမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကို မဖမ်းဆီးနိုင်သေး

မောင်တော၊ ဇူလိုင် ၂၅- ဇူလိုင် ၁၆ရက်က မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးသို့ အစည်းအဝေးတက်ရောက် ရန် လာစဉ် လမ်းတွင် အသတ်ခံခဲ့ရ သည့် သပြေတောကျေးရွာအုပ်စု တာဝန်ခံအသတ်ခံရမှုနှင့်ပတ်သက် ၍ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီး မှု မပြုနိုင်သေးကြောင်း ရဲအရာရှိ တစ်ဦးကပြောကြားသည်။ကျေးရွာအုပ်စုတာဝန်ခံအား သတ်ဖြတ်ခဲ့သူများကို သက်ဆိုင်ရာ မှ စုံစမ်းဖော်ထုတ်ရရှိပြီးဖြစ်ပြီး အ ဆိုပါပြစ်မှုကျူးလွန်သူများမှာ တစ် ရွာတည်းနေ သပြေတောကျေးရွာမှ မာမောက်ဟာရှိန် ၄၅နှစ်၊ မာမောက် ဇူဘိုင် ၂၅နှစ်၊ အာမီအူလာ ၃၂နှစ် နှင့် နုမာမောက် ၄၅နှစ်တို့ လေး ဦးဖြစ်ပြီး ပြစ်မှုကျူးလွန်သူများမှာ ယခုအချိန်အထိ ထွက်ပြေးလွတ် မြောက်နေ ဆဲဖြစ်ကြောင်း သိရသည်။''မောင်တောနယ်စပ်ဒေသတွင် ယခုကဲ့သို့ ပြစ်မှုကျူးလွန်သူများလွယ် လင့်တကူ ထွက်ပြေးလွတ်မြောက်နေ ခြင်းမှာ တစ်ဖက်နိုင် ငံသို့ အလွယ် တကူထွက်ခွာနိုင်ခြင်းကြောင့် ဖြစ် ပါတယ်။ ပြစ်မှုကျူးလွန်သူတွေက မလုပ်ခင်ကတည်းက ထွက်ပြေးဖို့ အတွက် အဆင်သင့်လုပ်ပြီးသားဖြစ် မှာပါ။ သတ်ပြီးတာနဲ့ တစ်ခါတည်း တစ်ဖက်နိုင်ငံကိုကူးလိုက်ရင် လောင်း လှေနဲ့တောင် တစ်နာရီလောက်ပဲ ကြာပါတယ်''ဟု မြို့ခံတစ်ဦးကပြော ကြားသည်။ယင်းသို့ မောင်တောနယ်စပ် ဒေသတွင် ပြစ်မှုကျူးလွန်ပြီး တစ် ဖက်နိုင်ငံသို့ ထွက်ပြေးနေသူများမှာ တစ်ဖက်နိုင်ငံမှဖမ်း ဆီးရမိပါက လုံ ခြုံရေးဝန်ထမ်းများ နှိပ်စက်မှုကြောင့် ထွက်ပြေးလာရသည်ဟု လိမ်လည် ပြောဆိုမှုများ ရှိနေကြောင်း သိရ သည်။
Democracytoday

No comments:

Post a Comment