ရန်ကုန်တိုင်း ဒေသကြီး၊
မင်္ဂလာဒုံစက်မှုဇုန်မှာရှိတဲ့ Tiger Beer တိုက်ဂါး ဘီယာစက်ရုံက အလုပ်သမား ၁၀၀
ကျော်လောက်ဟာ တစ်နေ့လုပ် အားခ ကျပ် ၂၃၀၀ တိုးပေးဖို့ ၃ ရက်မြောက်နေ့အဖြစ်
စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆို နေပါတယ်။
စက်ရုံတာဝန်ရှိသူတွေက
အလုပ်သမားတွေနဲ့ ညှိနှိုင်းတာမရှိကြောင်း ဆန္ဒပြရာမှာပါဝင်တဲ့ အလုပ်သမ
တစ်ဦး ဖြစ်သူ မရာဇာမိုးက အခု လိုပြောပါတယ်။ဆန္ဒပြအလုပ်သမားတွေဟာ တစ်နေ့ အလုပ်ချိန် ၁၆ နာရီကို ခိုင်းရာကနေ ၈ နာရီအထိ လျှော့ချ ပေးဖို့၊ အလုပ်သမားတွေကို တရားဝင်လုပ် သား အဖြစ် သတ်မှတ်ပေးဖို့၊ အလုပ်ချိန်အတွင်းမှာ အလုပ်သမားတွေ ထိခိုက်ဒဏ်ရာရခဲ့ရင် အလုပ်ရှင်ဘက်က တာဝန်ယူပေးဖို့ တောင်း ဆိုနေကြတာ ဖြစ်ပါတယ်။
တိုက်ဂါးဘီယာစက်ရုံမှာ အလုပ်သမား ၄၀၀ လောက်ရှိပြီး အလုပ်သမား ၁၀၀ ကျော်လောက်က ဆန္ဒပြနေကြတာဖြစ်ပါတယ်။
RFA Burmese
No comments:
Post a Comment