Tuesday, July 15, 2014

လူတစ်သိန်းကျော်သည့် ပခုက္ကူ ပွဲ၌ တစ်ဦးသေဆုံး

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပခုက္ကူဟောပြောပွဲတွင် အသက် ၆၀ အရွယ်ရှိ ဦးမြင့်သိန်းဆိုသူမှာ သွေးတိုး၊ နှလုံးရောဂါအခြေခံဖြင့် ကွယ်လွန်သွားသည်ဟု မကွေးတိုင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အတွင်းရေးမှူး ဦးနေမျိုးကျော်က မဇ္ဈိမကို အတည်ပြုသည်။


ပခုက္ကူမြို့၊အမှတ်(၃)ရပ်ကွက်၊မြို့ရှောင်လမ်း၊ကျောက်မီးသွေးကွင်းတွင် ဇူလိုင်၁၂ ရက်နံနက်ပိုင်းက NLD ဥက္ကဋ္ဌ ဟောပြောမည့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေစဉ် မြိုင်မြို့ နယ်၊ ပေါက်ပင် ကျေးရွာ နေဦးမြင့်သိန်း ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်ရစ်သူမိသားစုများထံပို့တဲ့ ၀မ်းနည်းစာနာကြောင်းသ၀ဏ်လွှာကို မြိုင်မြို့ နယ်အမတ်က တစ်ဆင့်ပေးအပ်ခဲ့ပါတယ်”ဟု ဦးနေမျိုးကျော်က ပြောသည်။

မကွေး၊ စစ်ကိုင်း နှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူ၊ ချောက်၊ ရေနံ ချောင်း၊ ကျောက်ပန်းတောင်း၊ မကွေး၊ မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူ ကျွန်း၊ ပုဂံ၊ ညောင်ဦး၊ မြင်းခြံ၊ မြစ်ခြေ၊ မုံရွာ၊ မန္တလေးမြို့များမှ ပါတီဝင်နှင့် ပြည်သူ တစ်သိန်းကျော်တက်သည်ဟုNLD က ခန့်မှန်းသည်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကဟောပြောနေစဉ် ရန်ကုန်၊ မန္တလေး ပွဲများပြီးလျှင်ပခုက္ကူသည် တက် ရောက်သူအများဆုံးဟုအသိအမှတ်ပြုသည်။NLD နှင့် ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အ စည်းတို့သည် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲနှင့် လက်မှတ်ရေးထိုး လှုပ်ရှားမှုများကို ဇူလိုင်၁၉ရက် (အာဇာနည်နေ့) နောက်ဆုံးထားပြုလုပ်နေခြင်းဖြစ်သည်။ ပခုက္ကူ သည် ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင်တက်ရောက်သည့် နောက်ဆုံး လူထုဟောပြော ပွဲလည်း ဖြစ်သည်။

Mizzima

No comments:

Post a Comment