ဗိုလ်ချုပ်ရောက်လာ
ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မီ (၁၈-၇-၁၉၄၇) သောကြာနေ့ညက သခင်နုအိမ်သို့ ဗိုလ်ချုပ်ရောက်သွားသည်။ ထိုစဉ်က သခင်နုအိမ် သည် လောင်းဝစ်လမ်း (ယခု အင်းယားမြိုင်လမ်း) ရှိ ပြည်သူ့ရဲဘော်ဌာနချုပ် ၀င်းအတွင်းမှာ ရှိသည်။
ဗိုလ်ချုပ်အောင်ဆန်း မကွယ်လွန်မီ (၁၈-၇-၁၉၄၇) သောကြာနေ့ညက သခင်နုအိမ်သို့ ဗိုလ်ချုပ်ရောက်သွားသည်။ ထိုစဉ်က သခင်နုအိမ် သည် လောင်းဝစ်လမ်း (ယခု အင်းယားမြိုင်လမ်း) ရှိ ပြည်သူ့ရဲဘော်ဌာနချုပ် ၀င်းအတွင်းမှာ ရှိသည်။
ဘရင်းဂန်းနှစ်ရာနှင့် ကျည်ဆန်များ ခိုးထုတ်သွားမှုတို့အတွက် ဗိုလ်ချုပ်တို့အစိုးရအဖွဲ့ကို လုပ်ကြံဖြိုခွင်းနိုင်သည်။ ယင်းကြောင့် လုံခြုံရေးချထားရန် ဘုရင်ခံက သူ့ကို ပြင်ထားဖို့ပြောထားကြောင်း သခင်နုက ဗိုလ်ချုပ်ကိုပြောသည်။ ဗိုလ်ချုပ်ကတော့ သိပ်အလေးမထားသည့်လက္ခဏာ ပြသည်။
သတိပေးချက်
သခင်နုသည် ဗြိတိသျှဘုရင်ခံ ဆာဟူးဗတ်ရန့်၏ သတိပေးချက်ကို အလေးအနက်ထားလျက် စဉ်းစားနေမိသည်။ ဘုရင်ခံပြောပုံက ဗိုလ်ချုပ် တို့ကို အချိန်မရွေး လုပ်ကြံနိုင်သည့်သဘော ပြောလာ၍ အလေးအနက်ထားလျက် စဉ်းစားနေခြင်းပင်။
နက်ဖြန်မှ
ထိုအချိန်က ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းသည် ဗြိတိန်သို့ ရောက်နေသည်။ ယာယီပြည်ထဲရေးဝန်ကြီးအဖြစ် ပျော်ဘွယ်ဦးမြက တာဝန်ယူ ထားသည်။ ပျော်ဘွယ်ဦးမြထံ (ဗိုလ်ချုပ်မသိအောင် အရပ်ဝတ်လုံခြုံရေးတွေ စီစဉ်ချထားရန်) ဖုန်းဆက်အကြောင်းကြားဖို့ စိတ်ကူးလိုက်သေး သည်။ ဖုန်းကိုင်ထားစဉ်မှာပင် သခင်နုခေါင်းထဲမှာ ဖျတ်ခနဲ အတွေးတစ်ခု ပေါ်လာသည်။နက်ဖြန် အစည်းအဝေးမှာ ပျော်ဘွယ် ဦးမြနှင့် တွေ့ဖို့ရှိသည်။ ယင်းအစည်းအဝေးကျမှ စီစဉ်မည်။ ယခု ဘာမျှမဖြစ်နိုင်လောက်သေးဟု စိတ်လျှော့လိုက်တော့၏။
ယူကျုံးမရ
ထိုညမှာ တော်တော်နှင့် သခင်နု အိပ်မပျော်ပါ။ နေသိပ်မကောင်းသလို ဖြစ်လာ၍ (၁၉-၇-၁၉၄၇)ဗိုလ်ချုပ်တို့ လုပ်ကြံခံရသည့်နေ့ အစည်းအဝေး ကိုလည်း သခင်နု မတက်နိုင်တော့ပါ။ (တက်နိုင်လျှင်လည်း ဦးစောတပည့် ဖော်ကောင်ဘညွန့်၏ လုပ်ကြံမှုကို ခံရဖွယ်ရှိ သည်။ မြန်မာ့အလင်းဦးတင်က ဗိုလ်ချုပ်တို့ လုပ်ကြံခံရကြောင်း ဖုန်းလာမှ သခင်နုသိရတော့၏။ မဖြစ်တန်ရာဟု မနေ့ညက လျှော့တွက်လိုက် မိသည့်အတွက် ဗိုလ်ချုပ်တို့ လုပ်ကြံခံရလေခြင်းဟု သခင်နု ယူကျုံးမရ ဖြစ်မိသွား၏။ အကယ်၍သာ ညကတည်းက အစီအစဉ် ချပြီး ပျော်ဘွယ် ဦးမြကို တာဝန်ပေးလိုက်ပါက လျှို့ဝှက်အစောင့်အရှောက်တို့ ချထားနိုင်သည့်အတွက် လုပ်ကြံမှုက ဗိုလ်ချုပ်တို့ လွတ်မြောက်သွားပေလိမ့်မည်။
ဖဆပလ အစည်းအဝေး
ထိုစဉ်က ဖဆပလအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးသည် ဦးဗဆွေ (ထားဝယ်) ဖြစ်သည်။ ဦးဗဆွေသည် ၁၈-၇-၁၉၄၇ နေ့ နံနက်က ဗိုလ်ချုပ်အိမ်မှာလုပ်သည့် ဖဆပလ အမှုဆောင်အစည်းအဝေးတွင် ဗိုလ်ချုပ်ကို လုပ်ကြံမှုစက်ကွင်းက လွတ်မြောက်နိုင်မည့် နည်းလမ်းနှစ်သွယ် တင်ပြသည်။ ၁၉-၇-၁၉၄၇ လုပ်ကြံခံရသည့် အတွင်းဝန်ရုံးဟောင်းတွင် အစည်းအဝေးလုပ်မည့်အစား ဗိုလ်ချုပ်အိမ်မှာလုပ်ရန်၊ အကယ်၍ ဗိုလ်ချုပ်အိမ်မှာမလုပ်ဘဲ အတွင်းဝန်ရုံးမှာ လုပ်ပါကလည်း အစောင့်အရှောက် ပြည့်စုံစွာ ချထားရန်ပင်။ ယင်းကို ဗိုလ်ချုပ်က ခါးခါးသီးသီးငြင်း လျက် ဦးစောမလုပ်ရဲပါဘူးဟု ပြောသည်။
ပြည်သူ့ရဲဘော်ဌာနချုပ်မှာ
ထိုနံနက် ဖဆပလ အစည်းအဝေးပြီးနောက် ပြည်သူ့ရဲဘော်ဌာနချုပ်မှာ ပြည်သူ့ရဲဘော် ခေါင်းဆောင်တွေနှင့် ဦးဗဆွေတို့ ဆွေးနွေးကြသည်။ ဗိုလ်ချုပ်နှင့် အစိုးရအဖွဲ့ဝင်တို့ လုံခြုံရေးအတွက် အစီအမံချသည်။ ရဲဌာနချုပ်က အတွင်းဝန်ရုံးလုံခြုံရေးကို တာဝန်ယူ၍ ရဲဝိုင်ယာလက်ကားကို အစည်းအဝေးကျင်းပချိန်မှာ ခေါ်ထားရန်၊ ပြည်သူ့ရဲဘော်ဌာနချုပ်က လက်ရွေးစင် အသေခံရဲဘော်နှစ်ဦးကို ရွေးချယ်၍ ဗိုလ်ချုပ်နှင့်အတူ ထည့်ပေးရန်၊ အစည်းအဝေးကျင်းပချိန်တွင် အရပ်ဝတ်နှင့် ပြည်သူ့ရဲဘော်တို့ကို အတွင်းဝန်ရုံး ပတ်ဝန်းကျင်အတွင်းအပြင်စည်း လုံခြုံရေးရယူရန် တို့ ဖြစ်၏။
အတားအဆီးမရှိ
ထိုစဉ်က အတွင်းဝန်ရုံးဟောင်းတွင် အတားအဆီးမရှိ။ လူတိုင်း လွတ်လွတ်လပ်လပ် သွားလာနိုင်သည်။ ၀န်ကြီးများတွင်လည်း သက်တော်စောင့်မထား။ အပါးတော်မြဲ တစ်ဦးနှင့်သာ သွားလာကြသည်။ ဗိုလ်ချုပ်အောင်ဆန်းပင်လျှင် ကိုယ်ရံတော် အစောင့်အရှောက် ရှိသော်လည်း ဘယ်တော့မျှ သွားရာကို ခေါ်လေ့မရှိ။ အပါးတော်မြဲ ဗိုလ်ထွန်းလှတစ်ဦးသာ လိုက်ပါ၏။
Eleven Media Group
No comments:
Post a Comment