Saturday, July 19, 2014

လွှတ်တော်ကိုယ်စားလှယ်များ၏အခွင့်အရေးနှင့် နိုင်ငံ့ဝန်ထမ်း များ ထိုက် သင့်သည့်လစာနှင့်အခွင့်အရေးရရှိရေး ဥပဒေ၊နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းပြောကြား

 Photo: လွှတ်တော်ကိုယ်စားလှယ်များ၏အခွင့်အရေးနှင့် နိုင်ငံ့ဝန်ထမ်း များ ထိုက် သင့်သည့်လစာနှင့်အခွင့်အရေးရရှိရေး ဥပဒေ၊နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းပြောကြား
Saturday, July 19, 2014

လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းသို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များအား လစဉ်ချီးမြှင့်ငွေအသီးသီးတိုးမြှင့်ပေးရေး စီမံဆောင်ရွက်ပါက နိုင်ငံ့ဝန်ထမ်းများ၏ အခွင့်အရေးကိုပါ ထည့်သွင်းစဉ်းစားရန်လိုအပ်သဖြင့် နိုင်ငံတော်၏ဘဏ္ဍာဆိုင်ရာဝင်ငွေ၊ ထွက်ငွေနှင့်သက်ဆိုင် သဖြင့် ကျယ်ပြန့်စွာသုံးသပ်ရမည့်ကိစ္စဖြစ်လာကြောင်း နိုင်ငံတော်သမ္မတထံမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ သဝဏ်လွှာပေးပို့လာခြင်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက လွှတ်တော်ကိုယ်စား လှယ်များနှင့်နိုင်ငံ့ဝန်ထမ်းများထိုက်သင့်သည့်လစာများ၊ အခွင့်အရေးများရရှိရေးအတွက် ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟု ယနေ့ပြောကြားသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်က လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့ မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဝင်များအား လစဉ် ချီးမြှင့်ငွေအသီးသီးကို တိုးမြှင့်ပေး ရေးစီမံဆောင်ရွက်ပါက နှစ်ပေါင်း များစွာတာဝန်ထမ်းဆောင်လျက် ရှိသော နိုင်ငံ့ဝန်ထမ်းများ၏အခွင့် အရေးကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်သဖြင့် နိုင်ငံတော်၏ဘဏ္ဍာ ဆိုင်ရာဝင်ငွေ၊ ထွက်ငွေနှင့်သက် ဆိုင်သဖြင့် ကျယ်ပြန့်စွာသုံးသပ် ရမည့်ကိစ္စဖြစ်လာပါကြောင်း၊ မူလ ဥပဒေကြမ်းတွင် ပါဝင်ခြင်းမရှိ သော လွှတ်တော်ကိုယ်စားလှယ် များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဝင်များအား လစဉ် ချီးမြှင့်ငွေတိုးမြှင့်ရေးကိစ္စရပ်ကို လွှတ်တော်တွင် ဖြည့်စွက်ဆွေးနွေး ကာ ဥပဒေပြဋ္ဌာန်းရန်ဆောင်ရွက် ခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ ပြဋ္ဌာန်းချက် များနှင့် ညီညွတ်စွာလိုက်နာဆောင် ရွက်မည်ဖြစ်ပြီး အခြားဆောင်ရွက် ရန်မရှိပါကြောင်း၊ လွှတ်တော်အနေ ဖြင့် သုံးသပ်ဆောင်ရွက်ရန်သာဖြစ် ကြောင်းဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံသို့ သဝဏ်လွှာတစ်စောင် ပေးပို့ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပေးပို့လာသည့် သဝဏ်လွှာကိုလွှတ်တော်ကိုယ်စား လှယ်များသိရှိနိုင်စေရန် ဖတ်ကြား တင်ပြအပြီး အထက်ပါအတိုင်း ထိုက်သင့်သည့်လစာများ၊ အခွင့် အရေးများရရှိရေးကို ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြောကြား ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မိမိတို့အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေးများကို ရရှိအောင် ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်း ဥပဒေများအတိုင်းသာ ဆောင်ရွက် ပါကြောင်း၊ ထိုနည်းတူစွာပင် မိမိ အနေဖြင့်လည်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့် ညီညွတ်စေရန်အတွက် ဥပဒေရေး ရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို တာဝန်ပေးပြီးဆောင်ရွက်နေပါ ကြောင်း၊ ထို့ပြင် လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက်အနေဖြင့်လည်းဥက္ကဋ္ဌ ၏အခွင့်အာဏာကို အလွဲသုံးစားပြု နေမှု၊ လွန်ကဲစွာအသုံးချနေမှုမျိုး မရှိစေရန် မိမိကိုယ်ကိုအမြဲတမ်း သတိပေးကြပ်မတ်ဆောင်ရွက်နေ ပါကြောင်း။

ထို့ကြောင့် ယခုကိစ္စနှင့်ပတ် သက်၍ လွှတ်တော်ကိုယ်စားလှယ် များ၏အခွင့်အရေးကို မှန်ကန်စွာ ရရှိရေးအတွက် ဥပဒေ၊နည်းဥပဒေ များနှင့်အညီ တစ်နည်းပြောရ မည်ဆိုပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ ပြဋ္ဌာန်းချက်များနှင့်အညီ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ် ကြောင်းဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား အသိပေး ပြောကြားသည်။
ဆက်လက်၍ ၄င်းက ''ဒီလို ဆောင်ရွက်တဲ့နေရာမှာ ပိုမိုကောင်း မွန်ခိုင်မာပြည့်စုံအောင်လို့ ဒီကိစ္စ ရပ်တွေနဲ့ပတ်သက်ပြီးတော့ သီး ခြားကျွမ်းကျင်၊ အတွေ့အကြုံရှိတဲ့ အစုအဖွဲ့များဖွဲ့စည်းပြီး လွှတ်တော် ကိုယ်စားလှယ်တွေရဲ့အခွင့်အရေး ရရှိနိုင်ရေးအပြင် နိုင်ငံ့ဝန်ထမ်းများ ထိုက်သင့်တဲ့လစာများအခွင့်အရေး ရရှိရေးကိုပါ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာကို အသိပေး တင်ပြပါတယ်''ဟုပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတထံသို့ ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌက ယခုလ ၄ ရက်ရက်စွဲဖြင့် ချီးမြှင့်ငွေ၊စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်း နှစ်ခုနှင့်စပ်လျဉ်း၍ အမျိုးသား လွှတ်တော်ကပြင်ဆင်ပြီး ပြည်သူ့ လွှတ်တော်သို့ ဆက်လက်ပေးပို့လာ ပါကြောင်း၊ လစဉ်ချီးမြှင့်ငွေများကို တိုးမြှင့်ရန် တင်သွင်းလာခြင်း အပေါ် ပြည်သူ့ဘဏ္ဍာငွေဖြစ်သည့် အတွက် နိုင်ငံတော်နှင့်ပြည်သူတို့ ၏သဘောထားအမြင်များကိုလည်း ကျယ်ပြန့်စွာဆွေးနွေးဆုံးဖြတ်ရန် လိုအပ်ကြောင်း၊ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခြင်းရှိမရှိနှင့် ထိုသို့ ဆုံးဖြတ်ခြင်းသည် ဥပဒေ၊လုပ်ထုံး လုပ်နည်းတို့နှင့်ညီမညီ သုံးသပ် ရန်ရှိလာပါကြောင်း၊ ထို့ကြောင့် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော် မရှင်၊ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ် တော်အခွင့်အရေးကော်မတီ၊ ဘဏ် များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုး တက်ရေးကော်မတီ၊ စီမံကိန်းများ နှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီတို့နှင့်ပြည်ထောင်စုအစိုးရ တာဝန်ရှိအဖွဲ့အစည်းများ ဆွေးနွေး ညှိနှိုင်းပြီး လွှတ်တော်သို့တင်ပြ ဆောင်ရွက်ရမည်ဟုယူဆပါသဖြင့် အစိုးရအနေဖြင့် ပါဝင်ဆောင်ရွက် ပေးပါရန်ဖော်ပြ၍ သဝဏ်လွှာတစ် စောင်ပေးပို့ခဲ့ရာ နိုင်ငံတော်သမ္မတ က ''နိုင်ငံတော်သမ္မတနှင့် ပြည် ထောင်စုအစိုးရအဖွဲ့မှ တာဝန်ရှိ သူများအနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊တည်ဆဲဥပဒေ၊နည်းဥပဒေ၊ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်စွာ လိုက်နာဆောင်ရွက်မည်ဖြစ်ပြီး အခြားဆောင်ရွက်ရန်မရှိပါကြောင်း နှင့် လွှတ်တော်အနေဖြင့် သုံးသပ် ဆောင်ရွက်ရန်သာဖြစ်ကြောင်း'' ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။

The Union Daily
လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းသို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များအား လစဉ်ချီးမြှင့်ငွေ အသီးသီး တိုးမြှင့်ပေးရေး စီမံဆောင်ရွက်ပါက နိုင်ငံ့ဝန်ထမ်းများ၏ အခွင့်အရေးကိုပါ ထည့်သွင်းစဉ်းစားရန်လိုအပ် သဖြင့် နိုင်ငံတော်၏ ဘဏ္ဍာဆိုင်ရာဝင်ငွေ၊ ထွက်ငွေနှင့်သက်ဆိုင် သဖြင့် ကျယ်ပြန့်စွာသုံးသပ်ရမည့်ကိစ္စဖြစ် လာကြောင်း နိုင်ငံတော်သမ္မတ ထံမှ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌထံသို့ သဝဏ်လွှာပေးပို့လာခြင်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက လွှတ်တော်ကိုယ်စား လှယ် များနှင့်နိုင်ငံ့ ဝန်ထမ်းများထိုက်သင့်သည့်လစာများ၊ အခွင့်အရေးများရရှိရေးအတွက် ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ဆက် လက်ဆောင် ရွက် သွား မည် ဟု ယနေ့ပြောကြားသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်က လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့ မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဝင်များအား လစဉ် ချီးမြှင့်ငွေအသီးသီးကို တိုးမြှင့်ပေး ရေးစီမံဆောင်ရွက်ပါက နှစ်ပေါင်း များစွာတာဝန်ထမ်းဆောင်လျက် ရှိသော နိုင်ငံ့ဝန်ထမ်းများ၏အခွင့် အရေးကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်သဖြင့် နိုင်ငံတော်၏ဘဏ္ဍာ ဆိုင်ရာဝင်ငွေ၊ ထွက်ငွေနှင့်သက် ဆိုင်သဖြင့် ကျယ်ပြန့်စွာသုံးသပ် ရမည့်ကိစ္စဖြစ်လာပါကြောင်း၊ မူလ ဥပဒေကြမ်းတွင် ပါဝင်ခြင်းမရှိ သော လွှတ်တော်ကိုယ်စားလှယ် များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဝင်များအား လစဉ် ချီးမြှင့်ငွေတိုးမြှင့်ရေးကိစ္စရပ်ကို လွှတ်တော်တွင် ဖြည့်စွက်ဆွေးနွေး ကာ ဥပဒေပြဋ္ဌာန်းရန်ဆောင်ရွက် ခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ ပြဋ္ဌာန်းချက် များနှင့် ညီညွတ်စွာလိုက်နာဆောင် ရွက်မည်ဖြစ်ပြီး အခြားဆောင်ရွက် ရန်မရှိပါကြောင်း၊ လွှတ်တော်အနေ ဖြင့် သုံးသပ်ဆောင်ရွက်ရန်သာဖြစ် ကြောင်းဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံသို့ သဝဏ်လွှာတစ်စောင် ပေးပို့ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပေးပို့လာသည့် သဝဏ်လွှာကိုလွှတ်တော်ကိုယ်စား လှယ်များသိရှိနိုင်စေရန် ဖတ်ကြား တင်ပြအပြီး အထက်ပါအတိုင်း ထိုက်သင့်သည့်လစာများ၊ အခွင့် အရေးများရရှိရေးကို ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြောကြား ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မိမိတို့အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေးများကို ရရှိအောင် ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်း ဥပဒေများအတိုင်းသာ ဆောင်ရွက် ပါကြောင်း၊ ထိုနည်းတူစွာပင် မိမိ အနေဖြင့်လည်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့် ညီညွတ်စေရန်အတွက် ဥပဒေရေး ရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို တာဝန်ပေးပြီးဆောင်ရွက်နေ ပါ ကြောင်း၊ ထို့ပြင် လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက်အနေဖြင့်လည်းဥက္ကဋ္ဌ ၏အခွင့်အာဏာကို အလွဲသုံးစားပြု နေမှု၊ လွန်ကဲစွာအသုံးချနေမှုမျိုး မရှိစေရန် မိမိကိုယ်ကိုအမြဲတမ်း သတိပေးကြပ်မတ်ဆောင်ရွက်နေ ပါကြောင်း။

ထို့ကြောင့် ယခုကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် များ၏အခွင့်အရေးကို မှန်ကန်စွာ ရရှိရေးအတွက် ဥပဒေ၊နည်းဥပဒေ များနှင့် အညီ တစ်နည်းပြောရ မည်ဆိုပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ ပြဋ္ဌာန်းချက်များနှင့်အညီ ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ် ကြောင်းဖြင့် ပြည်သူ့ လွှတ်တော် ကိုယ် စားလှယ် များအား အသိပေး ပြောကြားသည်။

ဆက်လက်၍ ၄င်းက ''ဒီလို ဆောင်ရွက်တဲ့နေရာမှာ ပိုမိုကောင်း မွန်ခိုင်မာပြည့်စုံအောင်လို့ ဒီကိစ္စ ရပ်တွေနဲ့ပတ်သက်ပြီးတော့ သီး ခြားကျွမ်းကျင်၊ အတွေ့အကြုံရှိတဲ့ အစုအဖွဲ့များဖွဲ့စည်းပြီး လွှတ်တော် ကိုယ်စားလှယ်တွေရဲ့အခွင့်အရေး ရရှိနိုင်ရေးအပြင် နိုင်ငံ့ဝန်ထမ်း များ ထိုက်သင့်တဲ့လစာများအခွင့်အရေး ရရှိရေးကိုပါ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာကို အသိပေး တင်ပြပါတယ်''ဟုပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတထံသို့ ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌက ယခုလ ၄ ရက်ရက်စွဲဖြင့် ချီးမြှင့်ငွေ၊စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်း နှစ်ခုနှင့်စပ်လျဉ်း၍ အမျိုးသား လွှတ်တော်ကပြင်ဆင်ပြီး ပြည်သူ့ လွှတ်တော်သို့ ဆက်လက်ပေးပို့လာ ပါကြောင်း၊ လစဉ်ချီးမြှင့်ငွေများကို တိုးမြှင့်ရန် တင်သွင်းလာခြင်း အပေါ် ပြည်သူ့ဘဏ္ဍာငွေဖြစ်သည့် အတွက် နိုင်ငံတော်နှင့်ပြည်သူတို့ ၏ သဘော ထား အမြင်များကိုလည်း ကျယ်ပြန့်စွာဆွေးနွေးဆုံးဖြတ်ရန် လိုအပ်ကြောင်း၊ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခြင်းရှိမရှိနှင့် ထိုသို့ ဆုံးဖြတ်ခြင်းသည် ဥပဒေ၊ လုပ်ထုံး လုပ်နည်းတို့နှင့်ညီမညီ သုံးသပ် ရန်ရှိလာပါကြောင်း၊ ထို့ကြောင့် ဥပဒေရေးရာနှင့်အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေးကော် မရှင်၊ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ် တော်အခွင့်အရေးကော်မတီ၊ ဘဏ် များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုး တက်ရေးကော်မတီ၊ စီမံကိန်းများ နှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီတို့နှင့်ပြည်ထောင်စုအစိုးရ တာဝန်ရှိ အဖွဲ့အစည်းများ ဆွေးနွေး ညှိနှိုင်းပြီး လွှတ်တော်သို့တင်ပြ ဆောင်ရွက်ရမည်ဟုယူဆပါသဖြင့် အစိုးရအနေဖြင့် ပါဝင်ဆောင်ရွက် ပေးပါ ရန်ဖော်ပြ၍ သဝဏ်လွှာတစ် စောင်ပေးပို့ခဲ့ရာ နိုင်ငံတော်သမ္မတ က ''နိုင်ငံတော်သမ္မတနှင့် ပြည် ထောင်စုအစိုးရအဖွဲ့မှ တာဝန်ရှိ သူများ အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊တည်ဆဲဥပဒေ၊နည်းဥပဒေ၊ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်စွာ လိုက်နာဆောင်ရွက်မည်ဖြစ်ပြီး အခြားဆောင် ရွက်ရန် မရှိပါကြောင်း နှင့် လွှတ်တော်အနေဖြင့် သုံးသပ် ဆောင်ရွက်ရန်သာဖြစ်ကြောင်း'' ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။

The Union Daily

No comments:

Post a Comment