Wednesday, July 9, 2014

စတုတ္ထတန်းနှင့် အဋ္ဌမတန်းကို မြို့နယ်၊ ခရိုင်နှင့် တိုင်းစစ် စစ်ဆေးခြင်းသည် အတန်းချရန် မဟုတ် ဘဲ ပင်ကို အရည်အချင်း များကို ဖော်ထုတ်ရန်သာဖြစ်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၈- အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲ များကို မြို့နယ်စစ်နှင့် ခရိုင်၊ တိုင်းစစ် စစ်ဆေးခြင်း သည် ကျောင်းသားများ ကို အတန်းချရန် မဟုတ်ဘဲ ပင်ကိုယ် အရည်အချင်းများကိုသာ ဖော်ထုတ် ရန် ဆောင် ရွက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ပညာရေးသုတေသန အဖွဲ့ ဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။
ယခုပညာသင်နှစ်တွင် အခြေခံ ပညာမှ အတန်းတင်စာမေးပွဲများနှင့် ပတ် သက်ပြီး လေးတန်းတွင် မြို့နယ်
စစ်နှင့် ရှစ်တန်းတွင် ခရိုင်စစ် စစ် ဆေးသွားရန် စီစဉ်ဆောင်ရွက်လျက် ရှိရာ အကျများနိုင်သော်လည်း ယင်း သို့ စစ်ဆေးခြင်း သည် ကျောင်းသား ၏ ပင်ကိုအရည်အချင်းကို ဖော် ထုတ်ရန်သာဖြစ်ကြောင်း၊ စာမေးပွဲ ရလဒ်များအရ ကျောင်းသား၏ အ ရည်အချင်းကို အဆင့်များ သတ်မှတ် ပြီး ပြန်လည်ကုစားသင်ကြားပေးရန် လိုအပ်သည့် ကျောင်းသားများကို ပြန် လည်ကုစား သင်ကြားပေးသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
အဆိုပါအရာရှိက ''လေးတန်း ကို မြို့နယ်ကစစ်မလား၊ ခရိုင်က စစ် မလား၊ ရှစ်တန်း ဆိုရင်လဲ မြို့နယ်၊ ခရိုင်ဒါမှမဟုတ် တိုင်းက စစ်မလား ဆိုတာ သေချာဆွေးနွေးဆောင်ရွက် နေတယ်။ စစ်ပြီးရင် အဲဒီကလေးကို Level A, B, C, D သတ်မှတ်ပေးပြီး ပြန် လည်ကုစား သင်ကြားပို့ချပေးဖို့ လိုအပ်တဲ့ကလေးတွေကို ပြန်လည် သင်ကြားပို့ချပေးဖို့အထိ ရည်ရွယ် ထားပါတယ် ''ဟု ပြောသည်။
အရည်အသွေးပြည့်ဝသော ပ ညာရေးစနစ်တစ်ခုဖြစ်ရန် ပြုပြင်ပြောင်း လဲမှုများ ပြုလုပ်နေခြင်းဖြစ်သောကြောင့် အခြေခံ အဆင့်ဖြစ်သော လေးတန်း နှင့် ရှစ်တန်းကို ယခုကဲ့သို့ စာမေးပွဲ ပုံစံ ပြောင်းလဲစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
''ဒီလိုလေးတန်းကို မြို့နယ်က စစ်၊ ရှစ်တန်းကို တိုင်းကစစ်တဲ့ စာ မေးပွဲ ပုံစံပြောင်းလိုက်တာဟာ ကျူရှင် ကိစ္စ တွေနဲ့တိုင် တာ၊ တောတာတွေ ပပျောက်အောင် လုပ်ရခြင်းဖြစ်ပါ တယ်။ ဆရာကို အားကိုးနေရုံနဲ့ မရ တော့ဘူး။ တကယ်အောင်ချင်ရင် တကယ်စာလုပ်မှရမယ့်စနစ် ဖြစ်သွား မှာပါ''ဟု အမှတ်(၃) အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦး က ဆိုသည်။
စာမေးပွဲမေး ခွန်းများကို တိုင်း ဒေသကြီး၊ ပြည်နယ်အလိုက် ထုတ် ပြန်သွားမည်ဖြစ်ပြီး စတုတ္ထတန်းမေး ခွန်းများကို ခရိုင် ပညာရေး မှူးရုံးများ မှထုတ်၍ မြို့နယ်ပညာရေးညွှန်ကြား ရေးမှူးရုံးများမှ စစ်ဆေးသွားမည်ဖြစ် ကာ အဋ္ဌမတန်းမေးခွန်းများကို တိုင်း ပညာရေးမှူးရုံးမှထုတ်၍ စစ်ဆေးသွား မည်ဖြစ်ကြောင်း သိရသည်။
ယင်းစာမေးပွဲစနစ်များနှင့် ပတ် သက်ပြီး စတုတတန်းကျောင်းသား မိဘတစ်ဦးဖြစ်သူ ကိုကျော်စွာက ''ကျူ ရှင်ကိစ္စ အရှုပ်အရှင်းတွေ ပပျောက် အောင် စာမေးပွဲစနစ်တွေ ပြောင်း မယ်ဆိုပေမယ့် စာတော်တော်ညံ့လို့ ကျူရှင်ယူတဲ့စနစ်က ထုံးစံဖြစ်နေ တာ၊ ဆရာတွေကလဲ ရှေးရိုးစွဲအတိုင်း ပဲ သင်နေကြတယ်။ ကျောင်းမှာလဲ သင်တယ်။ ကျူရှင်မှာလဲ သင်တယ်။ ဒါပေမဲ့ သင်တဲ့ပုံစံက မပြောင်းဘူး။ ဥပမာ- သင်္ချာပုစ္ဆာတစ်ပုဒ်ကို အဖြေ ရအောင် စဉ်းစားနည်းကို မသင်ဘူး။ အဖြေရဖို့ပဲ အဓိကထားတယ်။သင်္ချာ ပုစ္ဆာတစ်ပုဒ်ကို သုံးခေါက်၊ လေး ခေါက် တွက်ခိုင်းတယ်။ အတွက် ပုစ္ဆာတွေတောင် အလွတ်ကျက်စနစ် နဲ့ပဲ သင်နေတော့ ဘယ်လိုစာမေးပွဲ ပုံစံပြောင်းပြောင်း သိပ်ပြီးထူးခြားမယ် တော့ မထင်ဘူး''ဟု ပြောသည်။
CCT
[--Democracy today Daily Newspaper--]

Yangon Media Group

No comments:

Post a Comment