Tuesday, July 22, 2014

ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များအား အစုလိုက် အပြုံလိုက် နေရပ်ပြန်ပို့မည့် အပေါ်ကုလအပါအဝင်နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များက ထိုင်းနိုင်ငံအား သတိပေး

ရန်ကုန်၊ ဇူလိုင် ၂၁-မြန်မာနိုင်ငံ၏ လုံခြုံရေးနှင့် စီးပွားရေးအနေအ ထားများအရ ဒုက္ခသည်များကို အစု လိုက် အပြုံလိုက် ပြန်ပို့ရန် မသင့်လျော် သေးဟု ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးနှင့် အခြား နိုင်ငံတကာ အကူအညီပေးရေး အ ဖွဲ့များက အသိပေးပြောကြားလိုက် ကြောင်း သိရသည်။

ဒုက္ခသည်များကို လုံခြုံစိတ်ချ စွာနှင့် အောင်မြင်စွာပြန်ပို့နိုင်ရေး အတွက် မြန်မာစစ်တပ်နှင့် ကု လသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာ မင်းကြီးရုံးကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အနီးကပ်
ပူး ပေါင်းဆောင်ရွက်မည်ဟု ထိုင်းနိုင် ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်တွင် အတည်ပြုဖော် ပြထားကြောင်း သိရသည်။

မြန်မာဒုက္ခသည် တစ်သိန်းနှစ် သောင်းကျော်ကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် စီစဉ်ထားကြောင်း ထိုင်း စစ်တပ်အကြီးအကဲ ပရာယုချန် အိုချာက ကြေညာခဲ့ပြီးကတည်းက ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း အားလုံးတွင် လုံခြုံရေးတိုးမြှင့်ချထား ကြောင်း သိရသည်။

သို့ရာတွင် ဒုက္ခသည်စခန်းများ အတွင်းအခြေအနေမှာ ပုံမှန်အ တိုင်းရှိသည်ဟု ထိုင်းစစ်ဖက်က ပြော ကြားထားကြောင်း သိရသည်။ ဒုက္ခ သည်စခန်းများတွင် ခိုလှုံနေထိုင်စ ရာ ပေးရုံမျှမက ထိုင်းအစိုးရနှင့် အကူအညီပေးရေး အေဂျင်စီများ က ဒုက္ခသည်များအား အစားအစာ နှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးရုံမျှမက ပညာပါသင်ပေးသည် ဟုဆိုသည်။ ဒုက္ခသည်များကို အများအပြားပြန်ပို့ခြင်းသည် အဆိုပါ ကူညီပံ့ပိုးပေးနေခြင်း ယန္တရားကို ရပ်ဆိုင်းပစ်လိုက်ခြင်းဖြစ် သည်ဟူ သော အဓိပ္ပါယ်ကိုဆောင်သည်။

''မြန်မာနိုင်ငံရဲ့ အခြေအနေ က ဒုက္ခသည်တွေကို အစုလိုက် အ ပြုံလိုက် ပြန်ပို့ဖို့ မသင့်လျော်သေး တဲ့အနေအထားမှာ ရှိပါတယ်''ဟု ဒေါက်တာစင်သီရာမောင် က ပြော သည်။

Yangon Media Group

No comments:

Post a Comment