Tuesday, July 15, 2014

ပြင်သစ်လူမျိုး စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးနှင့် လက်ထပ်ခဲ့သူ ချယ်ရီကိုးလ်

Girls Aloud အမျိုးသမီးဂီတအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ချယ်ရီကိုးလ်က ယခုလ ၇ ရက်က ၎င်း၏ ချစ်သူပြင်သစ်လူမျိုး စားသောက် ဆိုင်ပိုင်ရှင်တစ်ဦးနှင့် လက်ထပ်ခဲ့ပြီးဖြစ်ကြောင်း တရားဝင် ထုတ်ဖော် ကြေညာခဲ့သည်။

တေးသံရှင် ချယ်ရီကိုးလ်အနေဖြင့် အဆိုပါကြေညာ ချက်နှင့်အတူ ၎င်း၏ လက်ထပ်လက်စွပ်ကိုပါ တရားဝင် ထုတ်ဖော်ပြသခဲ့ပြီး “ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာတွေကိုပရိသတ်ကို သိပ်ချပြလေ့မရှိပေမယ့် ဒီလက်ထပ်တဲ့ ကိစ္စကိုတော့
အားလုံးကိုအသိပေးမျှဝေချင်ပါတယ်” ဟု ၎င်းကဆိုသည်။

ချယ်ရီကိုးလ်သည် Mustique ကျွန်းငယ်ရှိ ကမ်းခြေတစ်ခုတွင် ဧည့်သည်လေးဦးဖြင့်သာ မင်္ဂလာ အခမ်းအနား ကိုကျင်းပခဲ့ခြင်းဖြစ်ပြီး မင်္ဂလာပွဲနှင့်ပတ်သက်သည့်အခြားအချက်အလက်များကို ထုတ်ဖော်ခြင်း မရှိကြောင်း သိရသည်။

အသက်(၃၁)နှစ်အရွယ် တေးသံရှင် ချယ်ရီကိုးလ်သည် နာမည်ကျော်ဘောလုံး သမား အက်ရှ်လေကိုးလ်နှင့် လက်ထပ်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ကွာရှင်းခဲ့ခြင်းဖြစ်သည်။

X Factor သီချင်းဆိုပြိုင်ပွဲ၏ အကဲဖြတ်ဒိုင်တစ်ဦးလည်းဖြစ်သူ တေးသံရှင် ချယ်ရီ ကိုးလ်၏ ဂီတလှုပ်ရှားမှု အနေဖြင့် ယခုနှစ်အတွင်း ၎င်း၏ စတုတ္ထမြောက် စတူဒီယို အယ်လ်ဘမ်ကို Only Human ဟု အမည်ပေးထား ကြောင်း သိရသည်။

MOI

No comments:

Post a Comment