Monday, July 28, 2014

ကျွန်တော်ဆေးလိပ်ဘယ်လိုဖြတ်ခဲ့လဲ ?

ဒီနေ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက် ဆေးလိပ်သောက်ရင်း ချောင်းဆိုးတာ သလိပ်တွေ မဲပြီး မှိုင်းတွေနဲ့ ထွက်လာတာတွေ့လိုက်တယ် ။ သူကတော့ ချောင်းဆိုးခံပြီးဆက်သောက်တာနေလေရဲ့ .... ကျွန်တော်လဲ ဖြစ်ခဲ့ဘူးတာပေါ့။ ဆေးလိပ်ပဲ ။

ကျွန်တော်မနေနိုင်တော့ဘူး ဗျ မရင်းနှီးလွန်းပေမယ့် တစ်ခွန်းမေးမိတယ်
" ခင်ဗျားဆေးလိပ်ဖြတ်နိုင်လား ?"
သူကျွန်တော့်ကိုကြည့်တယ် ။ ပြီးတော့ပြောတယ် မင်းက မသောက်တော့ ဘယ်လောက်ခက်လဲ ဘယ်သိမလဲ.... တဲ့

ကျွန်တော် ဆေးလိပ်သောက်ခဲ့တဲ့ ၁၈ နှစ်တာကာလ ကို ဘယ်လိုအဆုံးသတ်ခဲ့လဲဆိုတာ ကျွန်တော်ပြောပြမယ် ။

နေ့တိုင်း ထိုင်ခုံမှာထိုင်ပြီး လေယာဉ်လက်မှတ်ဖြတ်ရတာ ကျွန်တော့်အတွက် အတော်လေး အဆီများလာခဲ့တာ၊ အရင်လို သွက်သွက်လက်လက် ကိုယ်ခန္ဒာ လှုပ်ရှားရတဲ့ အလုပ်မလုပ်ရတော့ ကျွန်တော့်ကိုယ်က ဥယျာဉ်မှူး ၃ ကိုသက်နီးနီးဖြစ်လာတယ် ။ အရင် ၁၂၈ ပေါင်ရှိတဲ့ ကျွန်တော်က တစ်နှစ်တည်းကို ၁၄၉ ပေါင်အထိ တက်လာတယ် ။

ပုံမှန်စားတာ ပါ ။ သာမာန်ပဲစားတာပါ သို့သော် နေ့စဉ်တက်လာတဲ့ကယ်လိုရီင်္တွေ ကို ပြန်မခြေပ နိုင်တော့ အဲ့လို ဝိတ်တက်လာခဲ့တာပါ ။ ဝိတ်တက်လာတဲ့ နောက်ပိုင်း နှလုံးနေရာက ဆူးဆူးအောင့်ပြီး နှလုံးအဆီဖုံးတဲ့ ဝေဒနာလို မျိုး နောက်ဆက်တွဲခံစားလာခဲ့ရတာပေါ့ဗျာ ။

အဲ့တော့ ဒီလိုနဲ့တော့ ၃၅ နှစ်တောင်မပြည့်ပဲ အသက်မပေးနိုင်ဘူး မကောင်းတာအကုန်ရပ်မယ် ဆိုပြီး ပထမဆုံး ဆေးလိပ်ဖြတ်တယ် ။ ဖြတ်ခဲ့တာဒီလို ... ။

ပထမ ရက်
***********
ကျွန်တော် ထိုင်လိုက် ၊ ထလိုက် ၊ ရေပြေးသောက်လိုက် ၊ မြန်မာဆိုင်ကဝယ်လာတဲ့ ပဲလှော်ထုတ်စားလိုက် ၊ ဆေးလိပ်သောက်ချင်လာလိုက်နဲ့ မခံနိုင်တဲ့အဆုံး ဘီယာ အမဲ တစ်လုံးဝယ်ပြီး မြန်မြန် အိပ်ပျော်အောင် သောက်ပစ်လိုက်တယ် ။ ပိုဆိုးတယ် ဆေးလိပ် တမ်းတမိပါလေရော . အဲ့တော့ ဘီယာကုန်အောက်ဆက်မသောက်ပဲ ဖုန်းကလိပြီး ဂိမ်းဆော့ရင်း ပထမရက်ကို ကုန်လွန်သွားတယ်

ဒုတိယရက်
***********
မနက်အိပ်ယာထကတည်းက လူက ဂနာမငြိမ်ဘူး ၊ ဆေးလိပ်အသကုန်သောက်ချင်တာ ။ တစ်လိပ်လောက်တော့ သောက်ကြည့်ရင် ကောင်းမလား တစ်ရက်တစ်လိပ်နဲ့တော့ မသေလောက်ပါဘူး ... သို့သော် .. အာကွာ ဖြတ်မှတော့ တစ်လိပ်လဲ သောက်စရာကိုမလိုတာ.. မသောက် ဘူး .. ဘီယာလဲမသောက်ဘူး ။ ဖုန်းကတော့ ပူခြစ်နေတာပဲ ၊ ထုံးစံအတိုင်း ထိုင်လိုက် ၊ ထလိုက် ၊ သွားစားလိုက် ၊ ရေသောက်လိုက် .. ။ ခက်သား .... ။ခြေတုန် လက်တုန်တော့မဖြစ်ဘူး ။

တတိယရက်
************
တွေ့သမျှ ဆေးလိပ်သောက်တဲ့ သူငယ်ချင်းကိုပြောတာ ခပ် ပြတ်ပြတ်ပဲ ... ငါဆေးလိပ်ဖြတ်လိုက်ပြီ ။ ဒါပေမယ့် လူကတော့ ရူးတော့မယ် ဆေးလိပ်သောက်ချင်နေတာ ။ ဟန်ကတော့ အတင်းပဲ ။ ဖြတ်တယ် ။ စားတယ် ၊ သောက်တယ် ၊ ရုပ်ရှုင်ကြည့်တယ် ၊ ဈေးဝယ်ထွက်တယ် ၊ ဆေးလိပ်သောက်မရတဲ့နေရာတွေရွေးနေတယ် ၊ အိမ်နားက ခလေးတွေနားကပ်နေတယ် ။

စတုတ္ထရက်
***********
ဟဲဟဲ ... မျက်နှာက လန်းလာတယ်လို့ထင်ရတယ် ၊ စိတ်ကပေါ့တယ် ၊ အသက်ရှုရတာ ပိုကောင်းတယ် ၊ သွားရလာရတာ ပေါ့ပါးတယ် ၊ ဒါပေမယ့် တစ်ခါတစ်လေ ဆေးလိပ်သောက်ချင်တဲ့စိတ်က ပေါ်လာသေးတယ် ၊ သို့သော် ကယောင်ခြောက်ခြားတော့ထပ် မဖြစ်တော့ဘူး ။ ခဏခဏ သွားစားစရာလဲ မလိုတော့ဘူး အိမ်က သူတွေပြောကုန်ပြီ တယ်ဟုတ်ပါလားဆိုပဲ ..။ နှိပ်ဟ ... ။

ပဉ္စမ ရက်
***********
ငါ ပြီးခဲ့တဲ့ ၄ ရက်က ဆေးလိပ် မသောက်ပဲနေခဲ့တာ ကိုး .. ငါနေနိုင်တယ် .. မသောက်ပဲနေနိုင်တယ် ။ ဆေးလိပ်ဘူးမြင်ရင် လက်မလှမ်းတော့အောင် ထိန်းနိုင်ပြီ ။ သိမ်းထားတဲ့ အကောင်းစားမီးခြစ်တွေ ဗွမ်းတယ် ။ တွေ့သမျှသူပေးတယ် ။ အရိုးသားဆုံးဝန်ခံရရင် နဲနဲလေးတော့ တောင့်တမိတယ် ။ သို့သော် အေးဆေး . ငါပြတ်ပြီ ။

ဆဌမရက်
***********
ဆေးလိပ် .. အင်း ဖြတ်လိုက်တော့လဲ ပြတ်တာပါပဲလား ၊ ဘာဘက်ထရီဆေးလိပ်မှမဝယ်မိတာ ပိုက်ဆံကုန် သက်သာတယ် ။ တော်သေးလို့ ဆေးလိပ်အစားထိုးသောက်တဲ့ ဘက်ထရီဆေးလိုပ်ဖိုး မလေးငွေ ၄၅၀ ဖြုန်းမိတော့မလို့ ။ ၅ ရက်မသောက်တာ ဆေးလိပ်ဖိုး ၅၀ စုမိတယ် DVD ခွေဝယ်ကြည့်မယ် ။ အောက်စက် အကောင်းစားဝယ်ဖို့စုမယ် ။ နာရီအကောင်းစားဝယ်မယ် ။ တစ်ရက်တစ်ဘူး ၁၀ နဲ့ တစ်လဆို ၃၀၀ ရင်းဂစ် ။ ပန်းသီးနေ့တိုင်းစားမယ် ။ ဆယ်လ်မွန် ငါးစားမယ် ။ ZARA ဖိနပ်ဝယ်မယ် ။ အကောင်းစား လက်ပတ်နာရီဝယ်မယ် ။ ဂစ်တာ ဝယ်မယ် ။ ဘောင်းဘီ အကောင်းစားဝယ်မယ် ။ ဝယ်မယ် ။ ဝယ်မယ် ။

တစ်ပတ်မြောက်နေ့ ..
*********************
ဘယ်ရမလဲ သူငယ်ချင်းရာ .. ဟုတ်တယ်မဟုတ်လား ငါတို့က ယောက်ကျားတွေလေကွာ ။ တစ်ပတ်လုံး ခံလာပြီးပြီ ဆက်သောက်မယ်ဆို ငါ ဘယ် စိတ်ဓာတ်ခိုင်မာတဲ့ သူတစ်ယောက်ဖြစ်တော့မလဲ ။ ဘယ်တောမှ မသောက်ဘူး ပြတ်တယ် ။ ကြည့်ထား ကွ ငငြိမ်း ငါဆေးလိပ်ပြတ်တယ် တွေ့လား ... ။

ဟားဟား ပျော်လိုက်တာကွာ .... ။ ပြီးခဲ့တဲ့ ၁၈ နှစ်လုံးလုံး ငါအသုံးမကျတာ တောက် ။
ငါ ပရိုတွန် ဆာဂါ တစ်စီးယောက် ဝယ်မယ်ဆို ဆေးလိပ်ဖိုးနဲ့ဝယ်လို့ရပြီ ခွီး ... ။ မိုက်လိုက်တဲ့ငါ ။

သယ်ရင်း

ငါအခု ဆေးလိပ်ပြတ်နေပြီ ။ အောက်မှာ အခွေတွေလဲ ပုံနေပြီ ။ ZARA ဖိနပ်တစ်ရံရော အီတလီကလာတဲ့ PREDO ရှုးဖိနပ်ရော ။ G2000 ၂ စုံရော ... ။ နာရီ ၂ လုံးရော ။ ဂစ်တာအကောင်းစားတစ်လက်ရော ။ ငါ ၆ ၇ လအတွင်း စုမိလိုက်တယ် ။

ဟားဟားဟား......................................... ငါကွ ။
ငမျိုး သကြီး

No comments:

Post a Comment