Monday, July 7, 2014

တောင်ကြီးတွင် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့ဖွဲ့

တောင်ကြီး၊ မဇ္ဈိမ။ ။ တောင်ကြီးမြို့တွင် တရားဥပဒေစိုးမိုးရေး နှင့် ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်းလိုက်ပြီဟု အဆိုပါ အဖွဲ့မှ လူပုဂ္ဂိုလ်ခေါင်းဆောင် ဦးသန်းရွှေက ဇူလိုင် ၇ရက်တွင် မဇ္ဈိမကို ပြောသည်။

တရားဥပဒေစိုးမိုးရေး နှင့် ငြိမ်းချမ်းရေးအဖွဲ့အား ဇူလိုင် ၆ ရက်က တောင်ကြီးမြို့၊ မင်းကွန်းကျောင်းတိုက်တွင် ပြည်နယ် သံဃ့ာနာယက ဆရာတော်၊ မြို့နယ် 
သံဃ့ာနာယက ဆရာတော်ကြီးများရှေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လူပုဂ္ဂိုလ်များ၊ ရဟန်းသံဃာများ၊ ဗုဒ္ဓဘာသာ ပရဟိတအသင်းများ၊ ပါဝင်သည်ဟု အဆိုပါ အဖွဲ့မှ လူပုဂ္ဂိုလ်ခေါင်းဆောင် ဦးသန်းရွှေက ပြောသည်။


" ရခိုင်၊ သာစည်၊ မိထ္ထီလာ၊ မန္တလေး၊ လားရှိုးမြို့တွေမှာ ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခပြဿနာမျိုးတွေကို ကြိုတင်ပြီးတော့ ကာကွယ်နိုင်အောင်၊ ပြည်သူဘက်ကနေ မားမားမတ်မတ် ရပ်တည်နိုင်ဖို့ ဒီအဖွဲ့ကို ဖွဲ့စည်းရခြင်းဖြစ်တယ်" ဟု ဦးသန်းရွှေက မဇ္ဈိမကို ပြောသည်။

ပြည်နယ် သံဃာ့နာယက ဆရာတော်၊ မြို့နယ်သံဃာ့နာယက ဆရာတော် (၈)ပါးက ယင်းအဖွဲ့တွင် နာယက အနေဖြင့် ပါဝင်ပြီး အဖွဲ့၏ လုပ်ဆောင်ချက်များကိုလည်း တရားဥပဒေနှင့် အညီ လုပ်ဆောင်ရန် လမ်းညွန်ထားသည်ဟု ဦးသန်းရွှေက ဆိုသည်။

ယင်း အဖွဲ့တွင် မည်သူမဆို ပါတီဝင်ဖြစ်စေ၊ ပြည်သူဖြစ်စေ ပါဝင်နိုင်ရန် ဖိတ်ခေါ်ထားပြီး လက်ရှိတွင် အဖွဲ့ဝင် ၁၁၆ ဦးရှိသည်။


Mizzima

No comments:

Post a Comment