Tuesday, July 22, 2014

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော မန္တလေးခရိုင်တွင် ညမထွက်ရအမိန့်ကို ည ၉ နာရီမှ နံနက် ၅ နာရီအထိအစား ည ၉ နာရီမှ နံနက် ၃ နာရီသို့ ဖြေလျှော့ပေးခဲ့သော်လည်း အများပြည်သူဒုက္ခရောက်နေဆဲဖြစ်

Photo: ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော မန္တလေးခရိုင်တွင် ညမထွက်ရအမိန့်ကို ည ၉ နာရီမှ နံနက် ၅ နာရီအထိအစား ည ၉ နာရီမှ နံနက် ၃ နာရီသို့ ဖြေလျှော့ပေးခဲ့သော်လည်း အများပြည်သူဒုက္ခရောက်နေဆဲဖြစ် 
Tuesday, July 22, 2014

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော မန္တလေးခရိုင်တွင် ညမထွက်ရအမိန့်အား ည ၉ နာရီမှ နံနက် ၅ နာရီအထိအစား ည ၉ နာရီ မှ နံနက် ၃ နာရီသို့ ပြောင်းလဲဖြေလျှော့သတ်မှတ်လိုက်ကြောင်း  မန္တလေးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ  သတင်းရရှိသည်။

မန္တလေးခရိုင်တွင် ဇူလိုင် ၃ ရက် ညနေပိုင်းမှစတင်ကာ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ည ၉ နာရီမှ နံနက် ၅ နာရီထိ ညမထွက်ရအမိန့်ကြေညာခဲ့သည်။ ပုဒ်မ ၁၄၄ ထုတ်ပြန်မှုကြောင့် မန္တလေးမြို့ခံများ၊ အခြေခံလူတန်းစားများ၊ ဈေးသည်များ အဓိကထိခိုက်နစ်နာမှုကြုံတွေ့နေရပြီး စီးပွားရေးကျပ်တည်းမှုများဖြစ်ပွားနေခြင်းကြောင့် မြို့ခံများနှင့် မန္တလေးမြို့ငြိမ်းချမ်းမှုထိန်းသိမ်းရေးကော်မတီမှလည်း ညမထွက်ရအမိန့်အချိန်ကို နံနက်နှင့် ညတစ်နာရီစီ ဖြေလျှော့ပေးရန်တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

ထို့ကြောင့် သက်ဆိုင်ရာအာဏာပိုင်များနှင့် လုံခြုံရေးတာဝန်ယူထားသူများက မြို့အခြေအနေကိုသုံးသပ်ပြီးနောက် ညပိုင်းအချိန်ကို ဖြေလျှော့မပေးဘဲ နံနက် ၅ နာရီမှ ၃ နာရီထိ ပြောင်းလဲသတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ညမထွက်ရအချိန် ပြောင်းလဲသတ်မှတ်ခြင်းနှင့် ပတ်သက်ပြီးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးကို မေးမြန်းခဲ့ရာ "အဓိကကတော့ အခြေခံလူတန်းစားဖြစ်တဲ့ ဈေးသည်တွေ၊ ကုန်စိမ်းသည်တွေအဆင်ပြေစေဖို့ နံနက်ပိုင်းအချိန်ကို ၃ နာရီထိ ဖြေလျှော့ပေးလိုက်တာပါ။ နေ့ခင်းတစ်နေကုန်လည်း အေးချမ်းနေပြီဆိုတော့ ညပိုင်းထက် မနက်ပိုင်းအား ပြုလုပ်ကိုင်ရတဲ့သူတွေအချိန်ပိုရအောင် မနက်ပိုင်းကိုဦးစားပေးအရင်လျှော့လိုက်တာပါ။ ညပိုင်းကတော့ အခြေအနေပေါ်မူတည်ပြီး ဖြည်းဖြည်းချင်းဖြေလျှော့ပေးမှာပါ" ဟု ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နိုင်ကဆိုသည်။

ယခုကဲ့သို့ ညမထွက်ရအချိန်အား ည ၉ နာရီမှ နံနက် ၃ နာရီအထိသို့ ပြောင်းလဲပေးခြင်းသည် သိသာစွာ အဆင်ပြေထူးခြားလာမည်မဟုတ်ဘဲ မြို့ခံလူထုမှာ ည ၉ နာရီမှစတင်သော ယခုအမိန့်ကြောင့် ဆင်းရဲဒုက္ခရောက်နေဦးမည်သာဖြစ်ကြောင်း ပြောဆိုကြသည်။

"အခြေခံလူတန်းစားက မနက်ပိုင်းဈေးရောင်းတဲ့ဈေးသည်တွေတင် ရှိတာမဟုတ်ဘူး။ ညပိုင်းကားဂိတ်တွေမှာ ဆိုင်ကယ်တက္ကစီဆွဲသူတွေ၊ မနက်ကျောင်းတက် ညပိုင်းစားသောက်ဆိုင်တွေမှာ လုပ်ကိုင်တဲ့သူတွေ စသဖြင့်အများကြီးပဲ။ ထမင်းဆိုင်တွေ၊ စားသောက်ဆိုင်တွေအကုန်လုံး  ည ၇ နာရီလောက်တည်းက ဆိုင်ပိတ်ဖို့ပြင်နေရတာ။ ကျွန်တော်တို့လို ဆိုင်ရှင်တွေတင်မကဘူး။ အလုပ်သမားတွေအတွက်လည်း နေ့စားလျှော့ပေးရတော့ ၀င်ငွေထိခိုက်တဲ့အတွက် မနက်ပိုင်းပဲ အချိန်လျှော့ပေးတာ ဘာမှထူးပြီး အဆင်မပြေပါဘူး" ဟု အခြေခံလူတန်းစားအများစု စားသောက်နေသော တစ်ခါစား ကျပ် ၈၀၀ ဖြင့် ရောင်းချနေသည့် ၇၆ လမ်းမှ ထမင်းဆိုင်တစ်ဆိုင်ကဆိုသည်။

"ည ၉ နာရီကစတဲ့ဒီအမိန့်ကြောင့် ထိခိုက်နစ်နာတဲ့သူတွေအများကြီးပါ။ စတိုးဆိုင်ကြီးတွေ၊ အရောင်းခန်းမတွေအကုန် ည ၇ နာရီဆိုစပြီး ပိတ်ရတယ်။ ဆိုင်ရှင်လည်း အရောင်းကျသလိုဝန်ထမ်းလည်း ၀င်ငွေထိခိုက်တယ်။ မြို့သစ်ဘက်ကိုပြန်ရတာဖြစ်လို့ ဒီအချိန်ဆိုင်သိမ်းမှ အဆင်ပြေတာ။ ည ၉ နာရီဆိုတာ ဘယ်လိုမှအဆင်မပြေဘူး။ လုံခြုံရေးတိုးချပြီး ပြည်သူတွေအတွက် ဘာလို့မစဉ်းစားပေးကြတာလဲ။ အခုပြဿ  နာက လူငါးဆယ်တစ်ရာလောက်စပြီးမွှေးခဲ့တဲ့မီးကို ကျန်တဲ့လူတစ်သန်းလောက်ကခံရတာ။ ဒီအမိန့်က လုံးဝအဓိပ္ပာယ်မရှိဘူး" ဟု မန္တလေးမြို့ခံ သတင်းသမားတစ်ဦးက ပြောကြားသည်။

ပုဒ်မ ၁၄၄ စတင်ထုတ်ပြန်သည့် ဇူလိုင် ၃ ရက်မှာပင် မလိုက်နာသူ ၁၄၅ ဦးကို ခံဝန်ဖြင့် ပြန်လည်စေလွှတ်ပေးခဲ့သလို၊ ဒုတိယနေ့တွင်မှ ထပ်တိုးသတ်မှတ်လိုက်သည့် ပုသိမ်ကြီးမြို့နယ်တွင် ၁၃ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး၊ ဇူလိုင် ၂၀ ရက်ထိ မလိုက်နာသူ ၉၅၁ ဦးကို အရေးယူထားသည်။ ၆၉၇ ဦးကို ထောင်ဒဏ်ခုနစ်ရက်မှ ၁၅ ရက်ထိ ချမှတ်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရသည်။

Eleven
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော မန္တလေးခရိုင်တွင် ညမထွက်ရအမိန့်အား ည ၉ နာရီမှ နံနက် ၅ နာရီအထိအစား ည ၉ နာရီ မှ နံနက် ၃ နာရီ သို့ ပြောင်းလဲဖြေလျှော့သတ်မှတ်လိုက်ကြောင်း  မန္တလေးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ  သတင်း ရရှိသည်။
မန္တလေးခရိုင်တွင် ဇူလိုင် ၃ ရက် ညနေပိုင်းမှ စတင်ကာ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ည ၉ နာရီမှ နံနက် ၅ နာရီထိ ညမထွက်ရအမိန့်ကြေညာခဲ့သည်။ ပုဒ်မ ၁၄၄ ထုတ်ပြန်မှုကြောင့် မန္တလေးမြို့ခံများ၊
အခြေခံလူတန်းစားများ၊ ဈေးသည်များ အဓိကထိခိုက်နစ်နာမှုကြုံတွေ့နေရပြီး စီးပွားရေး ကျပ်တည်းမှု များဖြစ်ပွားနေခြင်းကြောင့် မြို့ခံများနှင့် မန္တလေးမြို့ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီမှလည်း ညမထွက်ရအမိန့်အချိန်ကို နံနက်နှင့် ညတစ်နာရီစီ ဖြေလျှော့ပေးရန်တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

ထို့ကြောင့် သက်ဆိုင်ရာအာဏာပိုင်များနှင့် လုံခြုံရေးတာဝန်ယူထားသူများက မြို့အခြေအနေကိုသုံးသပ်ပြီးနောက် ညပိုင်းအချိန်ကို ဖြေလျှော့မပေးဘဲ နံနက် ၅ နာရီမှ ၃ နာရီထိ ပြောင်းလဲသတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ညမထွက်ရအချိန် ပြောင်းလဲသတ်မှတ်ခြင်းနှင့် ပတ်သက်ပြီးခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးကို မေးမြန်းခဲ့ရာ "အဓိကကတော့ အခြေခံလူတန်းစားဖြစ်တဲ့ ဈေးသည်တွေ၊ ကုန်စိမ်းသည်တွေအဆင်ပြေစေဖို့ နံနက်ပိုင်းအချိန်ကို ၃ နာရီထိ ဖြေလျှော့ပေးလိုက်တာပါ။ နေ့ခင်းတစ်နေကုန်လည်း အေးချမ်းနေပြီဆိုတော့ ညပိုင်းထက် မနက်ပိုင်းအား ပြုလုပ်ကိုင်ရတဲ့သူတွေအချိန်ပိုရအောင် မနက်ပိုင်းကိုဦးစားပေးအရင်လျှော့လိုက်တာပါ။ ညပိုင်းကတော့ အခြေအနေပေါ်မူတည်ပြီး ဖြည်းဖြည်းချင်းဖြေလျှော့ပေးမှာပါ" ဟု ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နိုင်ကဆိုသည်။

ယခုကဲ့သို့ ညမထွက်ရအချိန်အား ည ၉ နာရီမှ နံနက် ၃ နာရီအထိသို့ ပြောင်းလဲပေးခြင်းသည် သိသာစွာ အဆင်ပြေထူးခြားလာမည်မဟုတ်ဘဲ မြို့ခံလူထုမှာ ည ၉ နာရီမှစတင်သော ယခုအမိန့်ကြောင့် ဆင်းရဲဒုက္ခရောက်နေဦးမည်သာဖြစ်ကြောင်း ပြောဆိုကြသည်။

"အခြေခံလူတန်းစားက မနက်ပိုင်းဈေးရောင်းတဲ့ဈေးသည်တွေတင် ရှိတာမဟုတ်ဘူး။ ညပိုင်းကားဂိတ်တွေမှာ ဆိုင်ကယ်တက္ကစီဆွဲသူတွေ၊ မနက်ကျောင်းတက် ညပိုင်းစားသောက်ဆိုင်တွေမှာ လုပ်ကိုင်တဲ့သူတွေ စသဖြင့်အများကြီးပဲ။ ထမင်းဆိုင်တွေ၊ စားသောက်ဆိုင်တွေအကုန်လုံး  ည ၇ နာရီလောက်တည်းက ဆိုင်ပိတ်ဖို့ပြင်နေရတာ။ ကျွန်တော်တို့လို ဆိုင်ရှင်တွေတင်မကဘူး။ အလုပ်သမားတွေအတွက်လည်း နေ့စားလျှော့ပေးရတော့ ၀င်ငွေထိခိုက်တဲ့အတွက် မနက်ပိုင်းပဲ အချိန်လျှော့ပေးတာ ဘာမှထူးပြီး အဆင်မပြေပါဘူး" ဟု အခြေခံလူတန်းစားအများစု စားသောက်နေသော တစ်ခါစား ကျပ် ၈၀၀ ဖြင့် ရောင်းချနေသည့် ၇၆ လမ်းမှ ထမင်းဆိုင်တစ်ဆိုင်ကဆိုသည်။

"ည ၉ နာရီကစတဲ့ဒီအမိန့်ကြောင့် ထိခိုက်နစ်နာတဲ့သူတွေအများကြီးပါ။ စတိုးဆိုင်ကြီးတွေ၊ အရောင်းခန်းမတွေအကုန် ည ၇ နာရီဆိုစပြီး ပိတ်ရတယ်။ ဆိုင်ရှင်လည်း အရောင်းကျသလိုဝန်ထမ်းလည်း ၀င်ငွေထိခိုက်တယ်။ မြို့သစ်ဘက်ကိုပြန်ရတာဖြစ်လို့ ဒီအချိန်ဆိုင်သိမ်းမှ အဆင်ပြေတာ။ ည ၉ နာရီဆိုတာ ဘယ်လိုမှအဆင်မပြေဘူး။ လုံခြုံရေးတိုးချပြီး ပြည်သူတွေအတွက် ဘာလို့မစဉ်းစားပေးကြတာလဲ။ အခုပြဿ  နာက လူငါးဆယ်တစ်ရာလောက်စပြီးမွှေးခဲ့တဲ့မီးကို ကျန်တဲ့လူတစ်သန်းလောက်ကခံရတာ။ ဒီအမိန့်က လုံးဝအဓိပ္ပာယ်မရှိဘူး" ဟု မန္တလေးမြို့ခံ သတင်းသမားတစ်ဦးက ပြောကြားသည်။

ပုဒ်မ ၁၄၄ စတင်ထုတ်ပြန်သည့် ဇူလိုင် ၃ ရက်မှာပင် မလိုက်နာသူ ၁၄၅ ဦးကို ခံဝန်ဖြင့် ပြန်လည်စေလွှတ်ပေးခဲ့သလို၊ ဒုတိယနေ့တွင်မှ ထပ်တိုးသတ်မှတ်လိုက်သည့် ပုသိမ်ကြီးမြို့နယ်တွင် ၁၃ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး၊ ဇူလိုင် ၂၀ ရက်ထိ မလိုက်နာသူ ၉၅၁ ဦးကို အရေးယူထားသည်။ ၆၉၇ ဦးကို ထောင်ဒဏ်ခုနစ်ရက်မှ ၁၅ ရက်ထိ ချမှတ်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရသည်။

Eleven

No comments:

Post a Comment