Thursday, July 3, 2014

ရန်ကင်း ခေါင်းဖြတ်လူသတ်မှု ဇူလိုင် ၁ဝ ရက်တွင် အမိန့်ချမည်

ရန်ကုန်၊ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် (၁၂)ရပ်ကွက် မေတ္တာရိပ်သာလမ်းပေါ်တွင် ခေါင်း ဖြတ်လူသတ်မှု နှစ်ဖက်အပြီးသတ် လျှောက်လဲ ချက်ကို လာမည့်ဇူလိုင် ၁ဝ ရက်တွင် ကြားနာ ပြီးပါက အမိန့်ချမှတ်နိုင်မည်ဟု အဆိုပါအမှုကို ကိုင်တွယ်စစ်ဆေးနေသည့် ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံး တွဲဖက်ခရိုင်တရားသူကြီး(၄) ရုံးမှ သိရသည်။
''လာမည့်ရုံးချိန်းကျရင် တရားလို တရားခံ နှစ်ဖက်ရဲ့ အပြီးသတ်လျှောက်လဲချက်တွေကို ကြား နာမယ်။ နောက်တစ်ခေါက် ရုံးချိန်းကျရင် အမိန့် ချမှတ်နိုင်မှာပါ''ဟု ရန်ကုန်အရှေ့ပိုင်းခရိုင်တရား ရုံး တွဲဖက်တရားသူကြီး(၄) ဦးငြိမ်းမြင့်က ဇွန် ၃ဝ ရက်တွင် ပြောသည်။
အဆိုပါလူသတ်မှုကို ဧပြီ ၂၅ ရက်မှာ ပထမ ဆုံး ရုံးချိန်းစတင်စစ်ဆေးခဲ့ပြီး ဇွန် ၃ဝ ရက်ရုံး ချိန်းနှင့်ဆိုလျှင် ရုံးချိန်းက ၁၅ ခါမြောက် ရုံးချိန်း ဖြစ်သည်။
ဇွန် ၃ဝ ရက်ရုံးချိန်းတွင် စွဲချက်တင်ခံရသူ ချစ်ပို(ခ)ဝေယံဖြိုးနှင့် ပြန်ခေါ်သက်သေတစ်ဦး ဖြစ်သည့် မူတူး(ခ)မောင်မောင်သိန်းတို့ကို စစ် ဆေးခဲ့ပြီး ချစ်ပိုက မိမိသည် လူသတ်မိခဲ့သော် လည်း သေစေလိုသည့်ရည်ရွယ်ချက်ရှိရှိဖြင့် ကျူး လွန်ခဲ့ခြင်းမဟုတ်ဘဲ လက်လွန်သွားခြင်းကြောင့် ဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။

လူသတ်မှုကျူးလွန်တဲ့အတွက် ယနေ့ရုံးချိန်း တွင် ၃ဝ၂(၁)(ခ) အရ ပြစ်ဒဏ်ကျခံသင့်သော ပြစ်မှုကို ကျူးလွန်သည့်အတွက် ၃ဝ၂(၁)(ခ) အ ရ ပြစ်ဒဏ်ချမှတ်နိုင်ဖို့ စွဲချက်တင်လိုက်ကြောင်း နှင့် မတ် ၁၅ ရက်က လူသတ်မှုကျူးလွန်ရန် ရည် ရွယ်ချက်နှင့် ခုတ်ထစ်သတ်ဖြတ်ခဲ့တာ ဟုတ်သ လားဟု တရားသူကြီးမှ အပြစ်ရှိလားဟု သုံးကြိမ် မေးမြန်းခဲ့သည်။ ထိုသို့မေးမြန်းရာတွင် စွဲချက် တင်ခံရသူ ချစ်ပိုမှ မငြင်းတော့ပါဘူး ရမန်ပဲပေး ပါဟု ပြန်လည်ပြောဆိုခဲ့သည်။
''ကျွန်တော်သတ်တာမှန်ပေမယ့် သူ သေကို သေရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာမဟုတ် ပါဘူး။ အဲဒီအချိန်က ဘာကိုမှမမြင်ဘဲ ဒေါသ အလျှောက် လုပ်လိုက်မိတာပါ''ဟု စွဲချက်တင်ခံ ရသူ ချစ်ပိုက တရားရုံးတွင် ထွက်ဆိုခဲ့သည်။
''လူတစ်ဦးရဲ့ခေါင်းကို ပြတ်လုနီးနီးထိ ခုတ် သတ်တာကို ကြည့်ခြင်းအားဖြင့် ရည်ရွယ်ချက် ရှိ၊ မရှိဆိုတာ သိပါတယ်။ အမှုကို အမှန်တိုင်း တရားစီရင်ချက်ချပေးပါလို့ပဲ ပြောချင်ပါတယ်'' ဟု သေဆုံးသူ ကိုမင်းမင်းဦး၏ယောက္ခမ ဒေါ်နီနီ ကပြောသည်။
အဆိုပါအမှုအား စစ်ဆေးနေသည့် အရှေ့ ပိုင်းခရိုင် တွဲဖက်တရားသူကြီး(၄) ဦးငြိမ်းမြင့်က ဇူလိုင် ၁ဝ ရက်တွင် နှစ်ဖက်လျှောက်လဲချက် ကြား နာပြီးလျှင် အမိန့်ချမှတ်သွားမည် ဖြစ်သည်။

No comments:

Post a Comment