Tuesday, July 22, 2014

ဝန်ထမ်းများ သမာသမတ်ရှိရန်နှင့် သတ္တိရှိရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

Photo: ၀န်ထမ်းများ သမာသမတ်ရှိရန်နှင့် သတ္တိရှိရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Tuesday, July 22, 2014

နိုင်ငံကို ဒီမိုကရေစီစနစ် တည်ဆောက်ရာတွင် ၀န်ထမ်း များ၏ အခန်းကဏ္ဍသည် အရေး ပါသည့်အတွက် ၀န်ထမ်းများ အနေဖြင့် သမာသမတ်ရှိရန်နှင့် သတ္တိရှိရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

‘‘၀န်ထမ်းတွေက အရေးကြီး တယ်။ ၀န်ထမ်းတွေက အကျင့် စာရိတ္တ အရ၊ နိုင်ငံတော်အပေါ်မှာ သစ္စာထားမှုအရ၊ နောက်ပြီး အ ရည်အချင်းအရလည်း အရေးကြီး တယ်’’ ဟု ဒေါ်အောင်ဆန်းစု ကြည်ကပြောကြားသည်။

ဇူလိုင် ၂၁ ရက်တွင် ကျင်းပ သော ပြည်သူ့လွှတ်တော်အစည်း အဝေးသို့ လာရောက်လေ့လာ သည့် အာဆီယံစီးပွားရေးလေ့ လာရေး သင်တန်းမှ သင်တန်းသူ၊ သင်တန်းသားများနှင့် တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် အာဆီယံစီးပွား ရေးလေ့လာရေး သင်တန်းသူ၊ သင်တန်းသားများတွင် အစိုးရ ၀န်ကြီး ဌာနများမှ ၀န်ထမ်းအများစု ပါဝင်ကာ စီးပွားရေး လုပ်ငန်းရှင်များလည်း ပါဝင်နေ သည်။

ဒီမိုကရေစီနိုင်ငံ တည် ဆောက်ရာတွင် ၀န်ထမ်းများ၏ ပါဝင်ပတ်သက်မှုသည်အရေးကြီး ကြောင်း၊ အစိုးရ အဆက်ဆက် ပြောင်း သွားမည်ဖြစ်သော်လည်း ၀န်ထမ်းများမှာ ကျန်ခဲ့ရမည်ဖြစ် သဖြင့် သမာသမတ်ရှိရန်၊ သတ္တိ ရှိရန်၊ လုပ်ရဲကိုင်ရဲရှိရန်နှင့် လုပ် တတ်ကိုင်တတ်ရှိရန်တို့သည် အ ရေးကြီးကြောင်း၊ အောင်မြင်နေ သည့် ဒီမိုကရေစီ စနစ်များကို လေ့လာကြည့်ပါက ပြည်သူ့ဝန် ဆောင်မှုသည် အားကောင်းသည် ကို တွေ့မြင်ရမည်ဖြစ်ကြောင်းဒေါ်အောင် ဆန်းစုကြည်ကပြောကြားသည်။

ယနေ့ခေတ်တွင် ၀န်ထမ်း များကို အချို့သော သူများက လေးစားမှု မရှိခြင်းမှာ နိုင်ငံ၏ အခြေ အနေကြောင့်လည်းဖြစ်ပြီး ကိုယ့် ကိုယ်ကိုယ် တန်ဖိုးရှိအောင် နေရန်လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြား ခဲ့သည်။

ဒီမိုကရေစီ အသွင်ကူး ပြောင်းကာလတွင် ၀န်ထမ်းများ ပါဝင်ပတ်သက်မှုနှင့် ပတ်သက် ပြီး ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမင်း ကိုနိုင်ကလည်း အစိုးရဆိုသည် မှာ ပြောင်းလဲမှုရှိနေပြီး ပြည်သူ များသည် အစဉ်တစိုက် ရှိနေ သောကြောင့် ၀န်ထမ်းများအနေ ဖြင့် ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးကာလတွင် ယခင်က အကျင့်ဟောင်း များကို ပြုပြင်ပြီး ပြည်သူ့မျက်နှာကိုသာ ကြည့်ရန် လည်း တိုက်တွန်းပြောကြား ခဲ့မှုများရှိခဲ့သည်။

ဇူလိုင် ၂၁ ရက်တွင် ကျင်းပ သော ပြည်သူ့လွှတ်တော် အစည်းအဝေး ခေတ္တ ရပ်နားချိန်၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်အား အာဆီယံ စီးပွားရေးလေ့လာရေး သင်တန်းမှ သင် တန်းသူ၊ သင်တန်းသားများအ ပြင် ဒဂုံတက္ကသိုလ်ကျောင်းသား များသမဂ္ဂမှ လွှတ်တော်လေ့လာ ရေးလာရောက်သည့်ကျောင်းသူ၊ ကျောင်းသားများက လာရောက်တွေ့ဆုံခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံစီပွားရေးလေ့လာရေး သင်တန်းသူ၊ သင်တန်းသားများ တွေ့ဆုံစဉ် (ဓာတ်ပုံ −NLD)
7Day Daily
နိုင်ငံကို ဒီမိုကရေစီစနစ် တည်ဆောက်ရာတွင် ၀န်ထမ်း များ၏ အခန်းကဏ္ဍသည် အရေး ပါသည့် အတွက် ၀န်ထမ်းများ အနေဖြင့် သမာသမတ် ရှိရန်နှင့် သတ္တိရှိရန် လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြား လိုက်သည်။
‘‘၀န်ထမ်းတွေက အရေးကြီး တယ်။ ၀န်ထမ်းတွေက အကျင့် စာရိတ္တ အရ၊ နိုင်ငံတော်အပေါ်မှာ သစ္စာထားမှုအရ၊ နောက်ပြီး အ ရည်အချင်း
အရလည်း အရေးကြီး တယ်’’ ဟု ဒေါ်အောင်ဆန်းစု ကြည်ကပြောကြားသည်။

ဇူလိုင် ၂၁ ရက်တွင် ကျင်းပ သော ပြည်သူ့လွှတ်တော်အစည်း အဝေးသို့ လာရောက်လေ့လာ သည့် အာဆီယံစီးပွားရေးလေ့ လာရေး သင်တန်းမှ သင်တန်းသူ၊ သင်တန်းသားများနှင့် တွေ့ဆုံ ရာတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် အာဆီယံစီးပွား ရေးလေ့လာရေး သင်တန်းသူ၊ သင်တန်းသားများတွင် အစိုးရ ၀န်ကြီး ဌာနများမှ ၀န်ထမ်းအများစု ပါဝင်ကာ စီးပွားရေး လုပ်ငန်းရှင်များလည်း ပါဝင်နေ သည်။

ဒီမိုကရေစီနိုင်ငံ တည် ဆောက်ရာတွင် ၀န်ထမ်းများ၏ ပါဝင်ပတ်သက်မှုသည်အရေးကြီး ကြောင်း၊ အစိုးရ အဆက်ဆက် ပြောင်း သွားမည်ဖြစ်သော်လည်း ၀န်ထမ်းများမှာ ကျန်ခဲ့ရမည်ဖြစ် သဖြင့် သမာသမတ်ရှိရန်၊ သတ္တိ ရှိရန်၊ လုပ်ရဲကိုင်ရဲရှိရန်နှင့် လုပ် တတ်ကိုင်တတ်ရှိရန်တို့သည် အ ရေးကြီးကြောင်း၊ အောင်မြင်နေ သည့် ဒီမိုကရေစီ စနစ်များကို လေ့လာကြည့်ပါက ပြည်သူ့ဝန် ဆောင်မှုသည် အားကောင်းသည် ကို တွေ့မြင်ရမည်ဖြစ်ကြောင်းဒေါ်အောင် ဆန်းစုကြည်ကပြောကြားသည်။

ယနေ့ခေတ်တွင် ၀န်ထမ်း များကို အချို့သော သူများက လေးစားမှု မရှိခြင်းမှာ နိုင်ငံ၏ အခြေ အနေကြောင့်လည်းဖြစ်ပြီး ကိုယ့် ကိုယ်ကိုယ် တန်ဖိုးရှိအောင် နေရန်လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြား ခဲ့သည်။

ဒီမိုကရေစီ အသွင်ကူး ပြောင်းကာလတွင် ၀န်ထမ်းများ ပါဝင်ပတ်သက်မှုနှင့် ပတ်သက် ပြီး ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမင်း ကိုနိုင်ကလည်း အစိုးရဆိုသည် မှာ ပြောင်းလဲမှု ရှိနေပြီး ပြည်သူ များသည် အစဉ်တစိုက် ရှိနေ သောကြောင့် ၀န်ထမ်းများအနေ ဖြင့် ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးကာလတွင် ယခင်က အကျင့်ဟောင်း များကို ပြုပြင်ပြီး ပြည်သူ့မျက်နှာကိုသာ ကြည့်ရန် လည်း တိုက်တွန်းပြောကြား ခဲ့မှုများရှိခဲ့သည်။

ဇူလိုင် ၂၁ ရက်တွင် ကျင်းပ သော ပြည်သူ့လွှတ်တော် အစည်းအဝေး ခေတ္တ ရပ်နားချိန်၌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်အား အာဆီယံ စီးပွားရေးလေ့လာရေး သင်တန်းမှ သင် တန်းသူ၊ သင်တန်းသားများအ ပြင် ဒဂုံတက္ကသိုလ်ကျောင်းသား များသမဂ္ဂမှ လွှတ်တော်လေ့လာ ရေးလာရောက်သည့်ကျောင်းသူ၊ ကျောင်းသားများက လာရောက်တွေ့ဆုံခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံစီပွားရေးလေ့လာရေး သင်တန်းသူ၊ သင်တန်းသားများ တွေ့ဆုံစဉ် (ဓာတ်ပုံ −NLD)
7Day Daily

No comments:

Post a Comment